RangonNewsDaily: February . 24 .2014
(၁)ကျနော့်ကို အချိန်နည်းနည်းပေးပါ။ သခင်ဘာကိုဆိုလိုတယ်ဆိုတာ ကျနော်နားလည်နိုင်အောင်ကြိုးစားပါ့မယ်။
(၂)ကျနော့်ကို ယုံကြည်ပေးပါ ။ ဒါဟာကျနော့်ကို ပျော်ရွှင်စေတဲ့ ဆုလာဘ်တစ်ခုပါပဲ။
(၃)ကျနော်လည်း သွေးနဲ့ သားနဲ့ ကိုယ်ဆိုတာမမေ့ပါနဲ့ ။
(၄)ကျနော့်ကိုအပြစ်မပေးခင် ကျနော့်ကို နားလည်အောင်အရင်လုပ်ပါသခင်။
(၅)တစ်ခါတလေတော့ ကျနော့်ကို စကားပြောပေးပါ။ စကားလုံးတိုင်းကို ကျနော်နားလည်မှာမဟုတ်ပေမယ့် ကျနော်ခံစားတတ်ပါတယ်။
(၆)ကျနော့်ကို မရိုက်ပါနဲ့ ။ ကျနော်သာသခင့်ကိုကိုက်မယ်ဆိုရင် ပိုနာပါလိမ့်မယ်။
(၇)ကျနော် မအိုခင်အချိန်လေးအတွင်းမှာ ကျနော့်ကို ကောင်းကောင်းစောင့်ရှောက်ပါသခင်။
(၈)သခင့်မှာ အပေါင်းအသင်းမိတ်ဆွေတွေအများကြီးရှိပေမယ့် ကျနော်မှာတော့ သခင်တစ်ယောက်တည်းပဲရှိတာပါ။
(၉)သေချာပြန်စဉ်းစားကြည့်ပါ။ ကျနော်နေရမှာအများဆုံး ဆယ်နှစ်ကနေ ဆယ့်ငါးနှစ်အတွင်းပါပဲ။
တကယ်လို့ သခင်သာစွန့် ပစ်ခဲ့မယ်ဆိုရင် တအားခံစားရမှာပါ။
(၁၀)ကျနော် အိုမင်းမစွမ်းဖြစ်လာပြီး မလှုပ်ရှားနိုင်တော့တဲ့အခါ ကျနော့်ဘေးမှာနေပေးပါသခင်။
ဒါကျနော့်နောက်ဆုံး တောင်းဆိုချက်ပါ။
ကျနော် ပြောချင်တာကတော့ ကျနော့်ကိုမမေ့ပါနဲ့ သခင်၊ ကျနော် သခင့်ကို သစ္စာရှိရှိချစ်ခဲ့ပါ့မယ်။
(10 promises to my dog ဆိုတဲ့ ဂျပန်ဇာတ်လမ်းထဲမှာပါတဲ့ စာသားလေးတွေဘာသာပြန်ကြည့်တာပါ)
ယဉ် ယဉ်နှောင်း(ဘဝစာမျက်နှာ) , kolatt(PBDN)
RangonNewsDaily

No comments:
Post a Comment