Pages

Pages - Menu

Sunday, February 9, 2014

ဒလမြို့ ကမာကသွယ်တွင် အိမ်လေးလုံးနီးပါး မီးလောင်

Photo: ဒလမြို့ ကမာကသွယ်တွင် အိမ်လေးလုံးနီးပါး မီးလောင်
Sunday, February 9, 2014

ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ် ကမာကသွယ် ရပ်ကွက် ဗိုလ်ဥတ္တမ ၄လမ်းရှိ အိမ်အမှတ် ၈၅၁ (က) တွင် ဖေဖော်ဝါရီလ ၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်လေးလုံးနီးပါး မီးလောင် ဆုံးရှုံးခဲ့ကြောင်း အဆိုပါလမ်းတွင် နေထိုင်သူများထံမှ သိရှိရသည်။

အဆိုပါ အိမ်မီးဖိုချောင်တွင် လူမရှိဘဲ လျှပ်စစ်ရေနွေးအိုး တည်ထားခဲ့ရာမှ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်ချိန် မိနစ် ၃၀ နီးပါးအတွင်း အလျား ၁၉ပေ၊ အနံ ၂၄ပေရှိသော သွပ်မိုးပျဉ်ကာ ပျဉ်ခင်းအိမ် တစ်လုံး၊ အလျားရှစ်ပေ အနံ ၂၅ပေ ရှိသော သွပ်မိုး ပျဉ်ခင်းပျဉ်ကာ နေအိမ်နှစ်လုံး အပါအဝင် စုစုပေါင်းသုံးလုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
“ကျွန်တော်က ရပ်ကွက်ဘောလုံးပွဲ ရောက်နေတာ။ မီးတောက်က တော်တော်ပါနေပြီ။ ကျွန်တော့် အိမ်တစ်ခြမ်းလည်း ပါသွားတယ်။ မီးစလောင်တဲ့အိမ်ရဲ့ မီးလောင်နေတဲ့ တိုင်ပြုတ်ကျလို့ လက်အတော် နာသွားတယ်။ အိမ်က သုံးလုံးတစ်ခြမ်း လောင်သွားတယ်” ဟု အိမ်တစ်ခြမ်း မီးလောင် ဆုံးရှုံးခဲ့သည့် အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်မှုကို ဝိုင်းဝန်း ငြှိမ်းသတ်သူ လေးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မီးစတင် လောင်ကျွမ်းသော နေအိမ်တွင် မီးစလောင်စဉ်က တစ်ဦးတစ်ယောက်မျှ မရှိကြောင်း အဆိုပါ မီးလောင်မှု ဖြစ်ပွားသော နေအိမ်များအနီး နေထိုင်သူများထံမှ သိရှိရသည်။ 

မီးလောင်မှုကြောင့် အိမ်ပိုင်ရှင် ဦးဖိုးလူဝကို (ပ) ၅၉/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ဒလမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။ 

အလားတူ ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ဖို့မြေရပ်ကွက် ၁၀၁ လမ်းရှိ အမှတ် ၄၄ အာရ်စီနှစ်ခန်းတွဲ ခုနစ်ထပ်တိုက် ညာဘက် ခြောက်လွှာတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မွေ့ရာပေါ်ကျ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

The Voice Weekly

RangonNewsDaily: February . 9 .2014
ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ် ကမာကသွယ် ရပ်ကွက် ဗိုလ်ဥတ္တမ ၄လမ်းရှိ အိမ်အမှတ် ၈၅၁ (က) တွင် ဖေဖော်ဝါရီလ ၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်လေးလုံးနီးပါး မီးလောင် ဆုံးရှုံးခဲ့ကြောင်း အဆိုပါလမ်းတွင် နေထိုင်သူများထံမှ သိရှိရသည်။ အဆိုပါ အိမ်မီးဖိုချောင်တွင် လူမရှိဘဲ လျှပ်စစ်ရေနွေးအိုး တည်ထားခဲ့ရာမှ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်ချိန် မိနစ် ၃၀ နီးပါးအတွင်း အလျား ၁၉ပေ၊ အနံ ၂၄ပေရှိသော သွပ်မိုးပျဉ်ကာ ပျဉ်ခင်းအိမ် တစ်လုံး၊ အလျားရှစ်ပေ အနံ ၂၅ပေ ရှိသော သွပ်မိုး ပျဉ်ခင်းပျဉ်ကာ နေအိမ်နှစ်လုံး အပါအဝင် စုစုပေါင်းသုံးလုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။
“ကျွန်တော်က ရပ်ကွက်ဘောလုံးပွဲ ရောက်နေတာ။ 
 
မီးတောက်က တော်တော်ပါနေပြီ။ ကျွန်တော့် အိမ်တစ်ခြမ်းလည်း ပါသွားတယ်။ မီးစလောင်တဲ့အိမ်ရဲ့ မီးလောင်နေတဲ့ တိုင်ပြုတ်ကျလို့ လက်အတော် နာသွားတယ်။ အိမ်က သုံးလုံးတစ်ခြမ်း လောင်သွားတယ်” ဟု အိမ်တစ်ခြမ်း မီးလောင် ဆုံးရှုံးခဲ့သည့် အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်မှုကို ဝိုင်းဝန်း ငြှိမ်းသတ်သူ လေးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မီးစတင် လောင်ကျွမ်းသော နေအိမ်တွင် မီးစလောင်စဉ်က တစ်ဦးတစ်ယောက်မျှ မရှိကြောင်း အဆိုပါ မီးလောင်မှု ဖြစ်ပွားသော နေအိမ်များအနီး နေထိုင်သူများထံမှ သိရှိရသည်။

မီးလောင်မှုကြောင့် အိမ်ပိုင်ရှင် ဦးဖိုးလူဝကို (ပ) ၅၉/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ဒလမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

အလားတူ ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ဖို့မြေရပ်ကွက် ၁၀၁ လမ်းရှိ အမှတ် ၄၄ အာရ်စီနှစ်ခန်းတွဲ ခုနစ်ထပ်တိုက် ညာဘက် ခြောက်လွှာတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မွေ့ရာပေါ်ကျ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment