Pages

Pages - Menu

Sunday, February 16, 2014

မလေးရှားတွင် ရခိုင်ပါတီ ခေါင်းဆောင်များ လုပ်ကြံခံရမှု ရန်ကုန်တွင်အမှုဖွင့်

RangonNewsDaily: February . 16 .2014
မလေးရှားနိုင်ငံတွင် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ကို သေနတ်ပစ်ခတ် လုပ်ကြံသူများမှာ မြန်မာစကား ပြောသူများ ဖြစ်သဖြင့် ယင်းလုပ်ကြံမှုကို ဖော်ထုတ်ရန် ရန်ကုန်မြို့တော်တွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
အဆိုပါ လုပ်ကြံခံရမှုကို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပို) နှင့် ချိတ်ဆက်ကာ ဖော်ထုတ်နိုင်ရန်၊ သေနတ်ပစ်ခတ် လုပ်ကြံသူနှစ်ဦးမှာ မြန်မာစကား ပြောသူများ ဖြစ်သဖြင့် ပြည်တွင်းတွင် စုံစမ်းစစ်ဆေးနိုင်ရန် အမှုဖွင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပါတီ ခေါင်းဆောင်များ လုပ်ကြံခံရမှုကို ဖော်ထုတ်ပေးရန် ဦးဇော်အေးမောင်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပုဒ်မ ၃၀၇/၄၂၇/ ၁၁၄ တို့ဖြင့် အမှုဖွင့် တိုင်ကြား ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

အဆိုပါ လုပ်ကြံမှုကို စုံစမ်းဖော်ထုတ်ရန် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် ရဲတပ်ဖွဲ့က အထူးစုံစမ်းစစ်ဆေးရေး တပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မလေးရှားနိုင်ငံ သတင်းဌာနများတွင် ဖော်ပြသည်။

မလေးရှားနိုင်ငံတွင် ရခိုင်လူထုနှင့် တွေ့ဆုံရန် သွားရောက်ခဲ့သည့် ရခိုင်ပါတီ ခေါင်းဆောင်များသည် ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်တွင် ကွာလာလမ်ပူမြို့တော် မြို့လယ်ရှိ Low Yat ပလာဇာက ညနေစာစားပြီး အပြန်တွင် ၎င်းတို့ စီးလာသည့် မော်တော်ယာဉ်နှင့် ဘေးချင်းယှဉ် လိုက်လာသည့် မော်တော်ဆိုင်ကယ်ပေါ်မှ သေနတ်သမားက သေနတ်သုံးချက် ပစ်ခတ် လုပ်ကြံခဲ့ကြောင်း ဒေါက်တာအေးမောင်က ပြောဆိုထားသည်။

သေနတ်သမား စီးလာသည့် ဆိုင်ကယ်ပေါ်တွင် လူနှစ်ဦး လိုက်ပါလာရာ ဆိုင်ကယ် နောက်တွင် လိုက်လာသူက ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ နှစ်ဦးလုံးသည် မြန်မာစကား ပြောဆိုကြကြောင်း ၎င်းကဆိုသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment