Pages

Pages - Menu

Wednesday, February 12, 2014

လှိုင်သာယာမြို့ ရန်ကုန်-ပုသိမ် ကားလမ်းဘေး ရေမြောင်းတွင်း အရိုးကျနေသော အမျိုးသားအလောင်းတွေ့

RangonNewsDaily: February . 12 .2014
လှိုင်သာယာမြို့နယ်၊ အမှတ် (၆) ရပ်ကွက် ရန်ကုန်-ပုသိမ်ကားလမ်းဘေး မိုင်တိုင်အမှတ် ၂/၅ အနီးရှိ စည်ပင် ရေမြောင်းတွင် ဖေ
ဖော်ဝါရီလ ၁၀ ရက် ညနေ ၅ နာရီခွဲခန့်က အရိုးကျနေသော အမျိုးသားအလောင်းကို တွေ့ရှိခဲ့ကြောင်း အမှတ် (၆) ရပ်ကွက် အုပ်
ချုပ်ရေးမှူး ဦးကျော်စိုးထွန်းကThe Voice သို့ ပြောကြားသည်။အမှတ်(၆) ရပ်ကွက်ရှိကလေးငယ်များက စည်ပင်ရေမြောင်းတွင်း
ကန်စွန်း ဆင်းခူးရာမှတစ်ကိုယ်လုံးအရိုးကျနေသောအမျိုးသားအလောင်းကို ဒိုက်များအကြား ကန်စွန်းပင်များ ရစ်နွယ်လျက် တွေ့
ရှိခဲ့သည်ကို ရာအိမ်မှူးအား အကြောင်းကြားခဲ့ရာမှ သိရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
“အသက်ဘယ်အရွယ်လဲ ဆိုတာကို မှန်းလို့မရအောင် တစ်ကိုယ်လုံး အရိုးကျနေပြီ။ တင်ပါးနေရာက အသားစ နည်းနည်းပဲ ကျန်
တော့တာ။ ရပ်ကွက်ထဲမှာ လူပျောက်တာ မရှိသလို စခန်းမှာလည်း လူပျောက်မှု တိုင်ထားတာမရှိဘူး။ လတ်တလော အလောင်းကို ဆေးရုံပို့ပြီး စစ်ဆေးနေတယ်” ဟု လှိုင်သာယာ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

စည်ပင်ရေမြောင်းအတွင်း တွေ့ရှိခဲ့သော အမျိုးသား ရုပ်အလောင်းမှာ အပေါ်ပိုင်းအဝတ်မပါဘဲ အောက်ပိုင်းတွင်အားကစားေ
ဘာင်း
ဘီတို အပြာရောင်ကို ဝတ်ဆင်ထားကြောင်း၊ အဆိုပါအလောင်းကို အင်းစိန်ဆေးရုံသို့ ပီအာရ် ၀၃ ဖြင့် ပို့အပ်ထားပြီး သေမှုခေင်း
အမှတ်စဉ် ၇/ ၁၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း လှိုင်သာယာ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အလားတူ ယင်းနေ့ည ၁၂နာရီခန့်က လှိုင်သာယာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းမ ညာဘက်ဘေးရှိ ကွန်ကရစ် ရေမြောင်းအတွင်း ရေနစ်သေဆုံးခဲ့သော အမှတ် (၃) ရပ်ကွက်တွင်နေသူ အသက် ၄၅ နှစ်အရွယ် ဦးဌေးအောင်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment