Pages

Pages - Menu

Thursday, February 6, 2014

မြန်မာလက်ရွေးစင် ဘောလုံးအသင်း နည်းပြသစ် စာချုပ်ချုပ်၊ လုပ်ခလစာ ပြောဆိုနိုင်ခြင်း မရှိဟုဆို

Photo: မြန်မာလက်ရွေးစင် ဘောလုံးအသင်း နည်းပြသစ် စာချုပ်ချုပ်၊ လုပ်ခလစာ ပြောဆိုနိုင်ခြင်း မရှိဟုဆို
Thursday, February 6, 2014

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြသစ်အဖြစ် ဆားဘီးယား နိုင်ငံသား နည်းပြ အေဗရာမိုဗစ်ခ်ျကို ဖေဖော်ဝါရီ ၅ ရက်နေ့က တစ်နှစ်ခွဲ စာချုပ်ဖြင့် တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်သော်လည်း လုပ်ခ လစာကိုမူ ထုတ်ပြန် ပြောဆိုနိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသည့် စာချုပ် ချုပ်ဆိုပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းတွင် နည်းပြအဖြစ် ခန့်အပ်နိုင်ရန် စတင် ဆွေးနွေးစဉ်ကပင် လစာကို ထုတ်ဖော်ပြောကြားခြင်း မပြုရန် MFF နှင့် အေဗရာမိုဗစ်ခ်ျတို့ နှစ်ဖက် သဘောတူညီမှု ရယူထားသောကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

စင်ကာပူနည်းပြဟောင်းကို မြန်မာ့လက်ရွေးစင် အသင်းတွင် နည်းပြချုပ်အဖြစ် ခန့်အပ်ခြင်းမှာ အေဗရာမိုဗစ်ခ်ျသည် အာဆီယံဒေသ၏ ဘောလုံးလောကတွင် ဆယ်စုနှစ် တစ်ခုကြာ ကျင်လည်ခဲ့သူဖြစ်ပြီး စင်ကာပူ အသင်းကို အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

ယင်းစာချုပ်အရ မြန်မာ့လက်ရွေးစင်အသင်းကို အေဗရာမိုဗစ်ခ်ျနှင့်အတူ ၎င်း၏ လက်ထောက်နည်းပြ၊ ဂိုးနည်းပြတို့နှင့် ပူးပေါင်း တာဝန်ယူမည် ဖြစ်ကြောင်း၊ လက်ရွေးစင် ကစားသမား ရွေးချယ်မှု အပိုင်းတွင် တစ်ဦးတည်း စိတ်ကြိုက် ရွေးချယ်မည် မဟုတ်ကြောင်း လက်ရွေးစင် အသင်းနည်းပြသစ် အေဗရာမိုဗစ်ခ်ျက ပြောကြားသည်။

ပြည်ပ နည်းပြအဖွဲ့နှင့်အတူ မြန်မာနိုင်ငံမှ နည်းပြများလည်း လက်ရွေးစင်အသင်း နည်းပြအဖွဲ့တွင် ပူးပေါင်း ပါဝင်ရန်လိုကြောင်း၊ ကစားသမားများဘက်ကလည်း ကွင်းအတွင်း ရာနှုန်းပြည့် အားထုတ် ကစားစေလိုပြီး ပရိသတ်များကလည်း စည်းကမ်းတကျ အားပေးရန်လိုကြောင်း ၎င်းက ဆိုသည်။ 

နည်းပြအနေနှင့် ၎င်းနှင့်အတူ ပါလာသည့် နည်းပြ အဖွဲ့ဝင်များအပြင် မြန်မာနည်းပြ အဖွဲ့များကိုလည်း ထပ်မံ ထည့်သွင်းမည်ဟု ဆိုသောကြောင့် ကစားသမားများနှင့် အဆင်ပြေမှု ရှိမရှိကို စောင့်ကြည့်ရဦးမည်ဟု ရွှေခေတ် လက်ရွေးစင် ကစားသမားဟောင်းလည်းဖြစ်၊ လက်ရွေးစင် နည်းပြဟောင်းလည်း ဖြစ်ခဲ့သူ ဦးအေးမောင်ကြီးက မှတ်ချက်ပြုသည်။

အသက် ၆၄ နှစ်အရွယ် ဆားဗီးယားလူမျိုး နည်းပြ အေဗရာမိုဗစ်ခ်ျသည် ကစားသမားဘဝက အင်္ဂလန် ကလပ်အသင်းများတွင် ကျင်လည်ခဲ့သူ ဖြစ်ပြီး ယူဂိုဆလားဗီယား လက်ရွေးစင်လည်း ဖြစ်ခဲ့သည်။

နည်းပြဘဝတွင် ကူဝိတ် လူငယ် အသင်းကို ၂၀၀၀ ပြည့်နှစ်က ဆစ်ဒနီ အိုလံပစ် ဗိုလ်လုပွဲထိ ရောက်အောင် စွမ်းဆောင် ပေးနိုင်ခဲ့ပြီး အာဆီယံ ဘောလုံး လောက၌ ရက်ဒီဟု ကျော်ကြားသူ တစ်ယောက် ဖြစ်သည်။ 

စင်ကာပူ အသင်းကို ၂၀၀၃ မှ ၂၀၁၃ အထိ တာဝန်ယူခဲ့ပြီး ၂၀၀၄၊ ၂၀၀၇၊ ၂၀၁၂ အာဆီယံ ချန်ပီယံရှစ်ဆု ဖလားများ ရယူ ပေးနိုင်ခဲ့သည့်အပြင် ၂၀၁၂ ခုနှစ်အတွက် အာဆီယံ အကောင်းဆုံး နည်းပြဆု ရရှိထားသူ ဖြစ်သည်။

The Voice Weekly

RangonNewsDaily: February . 6 .2014
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြသစ်အဖြစ်ဆားဘီးယား နိုင်ငံသား နည်းပြ အေဗရာမိုဗစ်ခ်ျကို
ဖေဖော်ဝါရီ ၅ ရက်နေ့က တစ်နှစ်ခွဲ စာချုပ်ဖြင့် တရားဝင် ခန့်အပ်လိုက်ပြီ ဖြစ်သော်လည်း လုပ်ခ လစာကိုမူ ထုတ်ပြန် ပြောဆိုနိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြား
သည်။ ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသည့် စာချုပ် ချုပ်ဆိုပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်
သည်။

မြန်မာ့လက်ရွေးစင်အသင်းတွင် နည်းပြအဖြစ် ခန့်အပ်နိုင်ရန် စတင် ဆွေးနွေးစဉ်ကပင် လစာကို ထုတ်ဖော်
ပြောကြားခြင်း မပြုရန် MFF နှင့် အေဗရာမိုဗစ်ခ်ျတို့ နှစ်ဖက် သဘောတူညီမှု ရယူထားသောကြောင့် ဖြစ်
သည်ဟု ၎င်းက ဆိုသည်။

စင်ကာပူနည်းပြဟောင်းကို မြန်မာ့လက်ရွေးစင် အသင်းတွင် နည်းပြချုပ်အဖြစ် ခန့်အပ်ခြင်းမှာ အေဗရာမိုဗစ်
ခ်ျသည်အာဆီယံဒေသ၏ ဘောလုံးလောကတွင်ဆယ်စုနှစ်တစ်ခုကြာကျင်လည်ခဲ့သူဖြစ်ပြီးစင်ကာပူ အသင်း
ကို အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

ယင်းစာချုပ်အရ မြန်မာ့လက်ရွေးစင်အသင်းကို အေဗရာမိုဗစ်ခ်ျနှင့်အတူ၎င်း၏လက်ထောက်နည်းပြ၊ ဂိုးနည်း
ပြတို့နှင့်ပူးပေါင်းတာဝန်ယူမည် ဖြစ်ကြောင်း၊လက်ရွေးစင် ကစားသမား ရွေးချယ်မှု အပိုင်းတွင် တစ်ဦးတည်း
စိတ်ကြိုက် ရွေးချယ်မည်မဟုတ်ကြောင်းလက်ရွေးစင်အသင်းနည်းပြသစ် အေဗရာမိုဗစ်ခ်ျက ပြောကြားသည်။

ပြည်ပ နည်းပြအဖွဲ့နှင့်အတူ မြန်မာနိုင်ငံမှ နည်းပြများလည်း လက်ရွေးစင်အသင်း နည်းပြအဖွဲ့တွင် ပူးပေါင်း ပါဝင်ရန်လိုကြောင်း၊ ကစားသမားများဘက်ကလည်း ကွင်းအတွင်း ရာနှုန်းပြည့် အားထုတ် ကစားစေလိုပြီး ပရိသတ်များကလည်း စည်းကမ်းတကျ အားပေးရန်လိုကြောင်း ၎င်းက ဆိုသည်။

နည်းပြအနေနှင့် ၎င်းနှင့်အတူ ပါလာသည့် နည်းပြ အဖွဲ့ဝင်များအပြင် မြန်မာနည်းပြ အဖွဲ့များကိုလည်း ထပ်
မံ ထည့်သွင်းမည်ဟု ဆိုသောကြောင့် ကစားသမားများနှင့် အဆင်ပြေမှု ရှိမရှိကို စောင့်ကြည့်ရဦးမည်ဟု ရွှေ
ခေတ် လက်ရွေးစင် ကစားသမားဟောင်းလည်းဖြစ်၊ လက်ရွေးစင် နည်းပြဟောင်းလည်း ဖြစ်ခဲ့သူ ဦးအေး
မောင်ကြီးက မှတ်ချက်ပြုသည်။

အသက် ၆၄ နှစ်အရွယ်ဆားဗီးယားလူမျိုး နည်းပြ အေဗရာမိုဗစ်ခ်ျသည်ကစားသမားဘဝက အင်္ဂလန် ကလပ်
အသင်းများတွင် ကျင်လည်ခဲ့သူ ဖြစ်ပြီး ယူဂိုဆလားဗီယား လက်ရွေးစင်လည်း ဖြစ်ခဲ့သည်။

နည်းပြဘဝတွင် ကူဝိတ် လူငယ် အသင်းကို ၂၀၀၀ ပြည့်နှစ်က ဆစ်ဒနီ အိုလံပစ် ဗိုလ်လုပွဲထိ ရောက်အောင် စွမ်းဆောင် ပေးနိုင်ခဲ့ပြီး အာဆီယံ ဘောလုံး လောက၌ ရက်ဒီဟု ကျော်ကြားသူ တစ်ယောက် ဖြစ်သည်။

စင်ကာပူ အသင်းကို ၂၀၀၃ မှ ၂၀၁၃ အထိ တာဝန်ယူခဲ့ပြီး ၂၀၀၄၊ ၂၀၀၇၊ ၂၀၁၂ အာဆီယံ ချန်ပီယံရှစ်ဆု ဖလားများ ရယူ ပေးနိုင်ခဲ့သည့်အပြင် ၂၀၁၂ ခုနှစ်အတွက် အာဆီယံ အကောင်းဆုံး နည်းပြဆု ရရှိထားသူ
ဖြစ်သည်။

The Voice  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment