Pages

Pages - Menu

Monday, February 10, 2014

လက်နက် တရားမဝင် သယ်ဆောင်သည့် မြောက်ကိုရီးယားသင်္ဘော ဒဏ်ငွေ ဒေါ်လာ ခြောက်သိန်း ပေးဆောင်

Photo: လက်နက် တရားမဝင် သယ်ဆောင်သည့် မြောက်ကိုရီးယားသင်္ဘော ဒဏ်ငွေ ဒေါ်လာ ခြောက်သိန်း ပေးဆောင်
Monday, February 10, 2014

ကျူးဘားနိုင်ငံမှ လက်နက်များ တင်ဆောင်လာသည်ကို ထုတ်ဖော် ကြေညာခြင်း မရှိဘဲ ပနားမား တူးမြောင်းကို ဖြတ်ကျော်ရန် ကြိုးပမ်းသည့် မြောက်ကိုရီးယားသင်္ဘောကို ပနားမား အာဏာပိုင်များက ဒဏ်ငွေ ဒေါ်လာ ၆၉၃,၃၃၃ ချမှတ်လိုက်ပြီး မြောက်ကိုရီးယားနိုင်ငံက ဒဏ်ငွေများကို စနေနေ့တွင် ပေးချေလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။

ဒဏ်ငွေ ပေးဆောင်ရန် မူလက သတ်မှတ်ထားသည့် ပမာဏမှာ ဒေါ်လာ တစ်သန်း ဖြစ်သော်လည်း ပမာဏ လျှော့ချမှုများ လုပ်ဆောင်ခဲ့ပြီး မြောက်ကိုရီးယား အစိုးရအဖွဲ့က ဒဏ်ငွေ ဒေါ်လာ ၆၉၃,၃၃၃ ကို ပေးချေလိုက်ပြီ ဖြစ်ကြောင်း တူးမြောင်း အုပ်ချုပ်ရေးမှူး ဂျော့က ပြောကြားသည်။

“သူတို့တွေက လက်ငင်း ငွေသားပဲ ပေးချေသွားတာပါ။ သင်္ဘော လွတ်လွတ်လပ်လပ် ခုတ်မောင်းလို့ ရပါပြီ” ဟု ၎င်းက ပြောကြားသည်။
ကာရေဘီယံဒေသနှင့် ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်ထားသည့် တူးမြောင်းတွင်း မြောက်ကိုရီးယားသင်္ဘော Chong Chon Gang ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မူးယစ်ဆေးဝါးများ သယ်ဆောင် လာနိုင်သည်ဟု သံသယ ရှိခြင်းကြောင့် ဇူလိုင် ၁၀ ရက်နေ့တွင် ရပ်တန့် စစ်ဆေးခဲ့သည်။

သို့သော်လည်း သင်္ဘောပေါ်ရှိ ကွန်တိန်နာ ၂၅ လုံးအတွင်း ကျူးဘား စစ်လက်နက် ပစ္စည်းများ ထည့်သွင်း သယ်ဆောင်လာသည်ကို ပနားမား အာဏာပိုင်များ ရှာဖွေ တွေ့ရှိခဲ့ပြီး မစ်-၂၁ တိုက်လေယာဉ် နှစ်စင်း၊ လေကြောင်းရန် ကာကွယ်ရေးစနစ် ဒုံးပျံများနှင့် အမိန့်ပေး ထိန်းချုပ်ရေး ယာဉ်များ သယ်ဆောင် လာသည်ကို တွေ့ရှိရသည်။

အဆိုပါ စစ်လက်နက် ပစ္စည်းများမှာ ဟောင်းနွမ်းနေပြီဖြစ်သော လက်နက်များဖြစ်ပြီး ပြန်လည် ပြင်ဆင်မှု လုပ်ဆောင်ရန် မြောက်ကိုရီးယားနိုင်ငံသို့ တင်ပို့ခြင်း ဖြစ်ကြောင်း ဟာဗာနာနှင့် ပြုံယွမ်တို့က ပြောကြားသည်။

မြောက်ကိုရီးယား သင်္ဘောပေါ်တွင် သကြားအိတ်ပေါင်း ၂၀၀,၀၀၀ ကျော် တင်ဆောင်လာပြီး လက်နက်များကို သကြားအိတ်များအောက်တွင် ဖုံးဝှက် သယ်ဆောင်လာခြင်း ဖြစ်သည်။

ယင်းကဲ့သို့သော လက်နက်များ သယ်ဆောင်လာမှုသည် မြောက်ကိုရီးယား နိုင်ငံအပေါ် ကုလသမဂ္ဂအဖွဲ့က ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုကို ချိုးဖောက်ခြင်း ဟုတ်မဟုတ် လာရောက် စစ်ဆေးပေးရန် ကုလအဖွဲ့ကို ပနားမား အာဏာပိုင်များက တောင်းဆိုခဲ့သည်။

ပနားမား အာဏာပိုင်များက ထိန်းသိမ်းထားသည့် မြောက်ကိုရီးယား သင်္ဘောသား ၃၅ ဦးအနက် ၃၂ ဦးကို ပြီးခဲ့သည့် လအတွင်း ပြန်လွှတ်ပေးခဲ့ပြီး သင်္ဘော ကပ္ပတိန်၊ ပထမ အရာရှိ၊ နိုင်ငံရေး အတွင်းရေးမှူးတို့ကို လက်နက် မှောင်ခို တင်သွင်းမှုဖြင့် တရားစွဲဆိုထားသည်။

The Voice Weekly

RangonNewsDaily: February . 10 .2014
ကျူးဘားနိုင်ငံမှ လက်နက်များ တင်ဆောင်လာသည်ကို ထုတ်ဖော် ကြေညာခြင်း မရှိဘဲ ပနားမား တူးမြောင်းကို ဖြတ်ကျော်ရန် ကြိုးပမ်းသည့် မြောက်ကိုရီးယားသင်္ဘောကို ပနားမား အာဏာပိုင်များက ဒဏ်ငွေ ဒေါ်လာ ၆၉၃,၃၃၃ ချမှတ်လိုက်ပြီး မြောက်ကိုရီးယားနိုင်ငံက ဒဏ်ငွေများကို စနေနေ့တွင် ပေးချေလိုက်ကြောင်း CAN သတင်းတွင် ဖော်ပြထားသည်။ ဒဏ်ငွေ ပေးဆောင်ရန် မူလက သတ်မှတ်ထားသည့် ပမာဏမှာ ဒေါ်လာ တစ်သန်း ဖြစ်သော်လည်း ပမာဏ လျှော့ချမှုများ လုပ်ဆောင်ခဲ့ပြီး မြောက်ကိုရီးယား အစိုးရအဖွဲ့က ဒဏ်ငွေ ဒေါ်လာ ၆၉၃,၃၃၃ ကို ပေးချေလိုက်ပြီ ဖြစ်ကြောင်း တူးမြောင်း အုပ်ချုပ်ရေးမှူး ဂျော့က ပြောကြားသည်။

“သူတို့တွေက လက်ငင်း ငွေသားပဲ ပေးချေသွားတာပါ။ သင်္ဘော လွတ်လွတ်လပ်လပ် ခုတ်မောင်းလို့ ရပါပြီ” ဟု ၎င်းက ပြောကြားသည်။
ကာရေဘီယံဒေသနှင့် ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ်ထားသည့် တူးမြောင်းတွင်း မြောက်ကိုရီးယားသင်္ဘော Chong Chon Gang ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မူးယစ်ဆေးဝါးများ သယ်ဆောင် လာနိုင်သည်ဟု သံသယ ရှိခြင်းကြောင့် ဇူလိုင် ၁၀ ရက်နေ့တွင် ရပ်တန့် စစ်ဆေးခဲ့သည်။

သို့သော်လည်း သင်္ဘောပေါ်ရှိ ကွန်တိန်နာ ၂၅ လုံးအတွင်း ကျူးဘား စစ်လက်နက် ပစ္စည်းများ ထည့်သွင်း သယ်ဆောင်လာသည်ကို ပနားမား အာဏာပိုင်များ ရှာဖွေ တွေ့ရှိခဲ့ပြီး မစ်-၂၁ တိုက်လေယာဉ် နှစ်စင်း၊ လေကြောင်းရန် ကာကွယ်ရေးစနစ် ဒုံးပျံများနှင့် အမိန့်ပေး ထိန်းချုပ်ရေး ယာဉ်များ သယ်ဆောင် လာသည်ကို တွေ့ရှိရသည်။

အဆိုပါ စစ်လက်နက် ပစ္စည်းများမှာ ဟောင်းနွမ်းနေပြီဖြစ်သော လက်နက်များဖြစ်ပြီး ပြန်လည် ပြင်ဆင်မှု လုပ်ဆောင်ရန် မြောက်ကိုရီးယားနိုင်ငံသို့ တင်ပို့ခြင်း ဖြစ်ကြောင်း ဟာဗာနာနှင့် ပြုံယွမ်တို့က ပြောကြားသည်။

မြောက်ကိုရီးယား သင်္ဘောပေါ်တွင် သကြားအိတ်ပေါင်း ၂၀၀,၀၀၀ ကျော် တင်ဆောင်လာပြီး လက်နက်များကို သကြားအိတ်များအောက်တွင် ဖုံးဝှက် သယ်ဆောင်လာခြင်း ဖြစ်သည်။

ယင်းကဲ့သို့သော လက်နက်များ သယ်ဆောင်လာမှုသည် မြောက်ကိုရီးယား နိုင်ငံအပေါ် ကုလသမဂ္ဂအဖွဲ့က ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုကို ချိုးဖောက်ခြင်း ဟုတ်မဟုတ် လာရောက် စစ်ဆေးပေးရန် ကုလအဖွဲ့ကို ပနားမား အာဏာပိုင်များက တောင်းဆိုခဲ့သည်။

ပနားမား အာဏာပိုင်များက ထိန်းသိမ်းထားသည့် မြောက်ကိုရီးယား သင်္ဘောသား ၃၅ ဦးအနက် ၃၂ ဦးကို ပြီးခဲ့သည့် လအတွင်း ပြန်လွှတ်ပေးခဲ့ပြီး သင်္ဘော ကပ္ပတိန်၊ ပထမ အရာရှိ၊ နိုင်ငံရေး အတွင်းရေးမှူးတို့ကို လက်နက် မှောင်ခို တင်သွင်းမှုဖြင့် တရားစွဲဆိုထားသည်။

The Voice, kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment