Pages

Pages - Menu

Monday, February 3, 2014

တမူးမြို့တွင် ပျောက်ဆုံးနေသူ ဆယ်ရက်အကြာ အလောင်းပြန်တွေ့

RangonNewsDaily: February . 3 .2014
စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် နာဂတိုင်းရင်းသား အမျိုးသားတစ်ဦးသည် နေအိမ်မှ ဆယ်ရက်ကြာ ပျောက်ဆုံး သွားခဲ့ပြီး တမူးမြို့၏ အရှေ့တောင်ဘက် တစ်မိုင်နှင့် လေးဖာလုံခန့်အကွာရှိ တောတွင်းတစ်နေရာတွင် ပုပ် ပွနေသည့်အလောင်းကို ဇန်န၀ါရီ ၃၁ ရက်က ပြန်လည်တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
သေဆုံးသူမှာ တမူးမြို့၊ မြို့မ အမှတ် (၁၃) ရပ်ကွက်နေ ကိုဆလိုက်စီ အသက် (၃၄)နှစ်ဆိုသူ ဖြစ်သည်။

ထိုသူ၏ပုပ်ပွနေသောအလောင်းအား (၁၄/ခ)ရပ်ကွက်နေ ဦးအေးဖေဆိုသူက သူ၏ အခင်းတော၌ သစ်ခုတ်
ရန် သွားရောက်စဉ် အင်တောအတွင်း ချောက်ကမ်းပါးတွင် ပေါက်နေသည့် သခွပ်ပင်ပေါ်တွင် အဆိုပါ အ
လောင်းအား စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ဦးအေးဖေကဆယ်အိမ်စုမှူးဦးမောင်စန်းထံပြောပြခရာဆယ်အိမ်စုမှူးမှတစ်ဆင့်တမူးမြို့မ ရဲစခန်း

သို့ ဖုန်းဖြင့်ဆက်လက်၍ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ အကြောင်းကြားချက်များအရ ရဲစခန်းကထိုအရပ်သို့သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။သက်ဆိုင်
ရာ၏စစ်ဆေးပေါ်ပေါက်ချက်များ အရ သေဆုံးနေသူမှာ အပြာရောင် လျှပ်စစ်ဝိုင်ယာကြိုး အသုံးပြု၍ ဆွဲကြိုးချ
သေဆုံးနေခြင်းဖြစ်ပြီး၊ 

ထိုသူ၏ ခန္ဓာကိုယ်မှာ ပုပ်ပွညိုမဲလျက်ရဲဌာနကစိစစ်တွေ့ရှိခဲ့သည်။ ရဲစခန်းက အဆိုပါလူသေဆုံးမှုအား သေ
မှုသေ ခင်းအမှတ်စဉ် (၂/၂၀၁၄)အရ အမှုရေးဖွင့်ထားသည်။

Mizzima News ,  kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment