Pages

Pages - Menu

Thursday, February 6, 2014

လယ်စောင့်တဲအတွင်း အိပ်ပျော်နေစဉ် ဆင်များနင်း၍ လူတစ်ဦး သေဆုံး

Photo: လယ်စောင့်တဲအတွင်း အိပ်ပျော်နေစဉ် ဆင်များနင်း၍ လူတစ်ဦး သေဆုံး
Thursday, February 6, 2014

ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ဇီးချိုင့်အုပ်စု ဖုန်းဆိုးကြီး လယ်တောရှိ စပါးတလင်း၌ တောဆင် ရိုင်းများ ဝင်နင်းသဖြင့် အိပ်ပျော်နေသူ လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ပိုင်းက ဦးမြင့်လှိုင် ၄၄ နှစ် (ဘ) ဦးတင်ဆိုင်သည် ဇီးချိုင့်ကျေးရွာ၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့် အကွာ ဖုန်းဆိုးကြီး လယ်တောအတွင်း စပါးတလင်း လယ်စောင့်တဲ၌ အိပ်ပျော်နေစဉ် တောဆင်ရိုင်းများ ဝင်ရောက် နင်းချေ ဖျက်ဆီးခဲ့သဖြင့် ဦးမြင့်လှိုင်မှာ ဦးခေါင်း ပျောက်ဆုံးပြီး ခန္ဓာကိုယ် တစ်စစီ ပြုတ်ထွက်၍ သေဆုံး သွားသည်။ ၎င်းဖြစ်စဉ်ကို အနီးပတ်ဝန်းကျင်ရှိ အခြား လယ်လုပ်သားများက ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေထံသို့ အကြောင်းကြားကာ အခင်းဖြစ်ပွားရာ နေရာသို့ ဟိုင်းကြီးနယ်မြေ ရဲစခန်းမှ ရဲအုပ် လှထွန်းနှင့် အဖွဲ့သည် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အတူ သွားရောက်စစ်ဆေးပြီး သေဆုံးသူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား အခင်းဖြစ်ပွားရာ နေရာ၌ပင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily: February . 6 .2014
ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ဇီးချိုင့်အုပ်စု ဖုန်းဆိုးကြီး လယ်တောရှိ စပါးတလင်း၌ တောဆင် ရိုင်းများ ဝင်နင်းသဖြင့် အိပ်ပျော်နေသူ လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ပိုင်းက ဦးမြင့်လှိုင် ၄၄ နှစ် (ဘ) ဦးတင်ဆိုင်သည် ဇီးချိုင့်ကျေးရွာ၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့် အကွာ ဖုန်းဆိုးကြီး လယ်တောအတွင်း စပါးတလင်း လယ်စောင့်တဲ၌ အိပ်ပျော်နေစဉ် တောဆင်ရိုင်းများ ဝင်ရောက် နင်းချေ ဖျက်ဆီးခဲ့သဖြင့် ဦးမြင့်လှိုင်မှာ ဦးခေါင်း ပျောက်ဆုံးပြီး ခန္ဓာကိုယ် တစ်စစီ ပြုတ်ထွက်၍ သေဆုံး သွားသည်။ 
 
၎င်းဖြစ်စဉ်ကို အနီးပတ်ဝန်းကျင်ရှိ အခြား လယ်လုပ်သားများက ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေထံသို့ အကြောင်းကြားကာ အခင်းဖြစ်ပွားရာ နေရာသို့ ဟိုင်းကြီးနယ်မြေ ရဲစခန်းမှ ရဲအုပ် လှထွန်းနှင့် အဖွဲ့သည် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အတူ သွားရောက်စစ်ဆေးပြီး သေဆုံးသူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား အခင်းဖြစ်ပွားရာ နေရာ၌ပင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment