Pages

Pages - Menu

Saturday, February 22, 2014

ကွယ်လွန်သူ စန်္ဒီ(၁၅ဝဝ)၏ ဒုတိယစီးရီးအဖြစ် “စန်္ဒီ(၁၅ဝဝ)အမှတ်တရ” ကို မိခင်ဖြစ်သူက ထုတ်လုပ်မည်

RangonNewsDaily: February . 22 .2014
ရန်ကုန်၊ မဇ္ဈိမ။ ။ ကွယ်လွန်သွားရှာပြီဖြစ်သည့် အဆိုတော်စန်္ဒီ(၁၅ဝဝ)၏ ဒုတိယတေးစီးရီးကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ချိုကြည်သာ တေးသံသွင်းမှ ဖြန့်ချိမည်ဖြစ်သည်။ ယင်း စီးရီးသည် စန်္ဒီ(၁၅ဝဝ) မကွယ်လွန်မီအချိန်က စီစဉ်ခဲ့ခြင်းဖြစ်ပြီး သမီးဖြစ်သူ၏ဆန္ဒအရ မိခင်ဖြစ်သူ ဒေါ်မြတ်မြတ်က ထုတ်ဝေရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
“စန်္ဒီက ဒီသီချင်းအခွေကို အားစိုက်ပြီး ပြင်ဆင်ခဲ့တာ။ ပထမအခွေက အားနည်းချက်တွေကိုပြင်ပြီး ဒုတိယအခွေမှာ အားစိုက် ထုတ် ပြီး သေချာလုပ်ခဲ့တာ။ သီချင်းတွေအကုန်လုံး အသံသွင်းအပြီး VCD ရိုက် ဖို့လုပ်နေတုန်းမှာ ကွယ်လွန်သွားခဲ့တာ။ အဲဒီအတွက် သူ့ရဲ့ အမှတ်တရတေးစီးရီးအနေနဲ့ စီစဉ်ပေးလိုက် တာပါ” ဟု စန်္ဒီ၏မိခင်က ပြောသည်။

ယင်းဒုတိယစီးရီးကို “စန်္ဒီ(၁၅ဝဝ)အမှတ်တရ” ခေါင်းစဉ်အမည်ဖြင့် ထွက်ရှိမည်ဖြစ်ပြီး သီချင်း ၁ဝ ပုဒ် ပါဝင်မည်ဖြစ်ကာ ပထမ “၁၅ဝဝ” တေးစီးရီးမှ တေးသီချင်းနှစ်ပုဒ် ဖြစ်သည့် “၁၅ဝဝ” နှင့် “လက်ခုပ်နှစ် ဖက်”တေးသီချင်းနှစ်ပုဒ်ကို မေတ္တာလက်ဆောင် အဖြစ် ထပ်မံထည့်သွင်းထားမည်ဖြစ်ခြင်းကြောင့် တေး သီချင်း ၁၂ ပုဒ်အဖြစ် ပါဝင်မည် ဖြစ်သည်။

ကွယ်လွန်သူ စန်္ဒီ(၁၅ဝဝ)သည် မကွယ်လွန်ခင်က ယင်း၏ဒုတိယစီးရီးတွင် ရိုက်ကူးချင်သည့် ပုံစံများကို ပြောပြခဲ့ခြင်းကြောင့် မိခင်ဖြစ်သူက ယင်းဆန္ဒရှိသည့်အတိုင်း ဒုတိယစီးရီး၏ ကာရာအိုကေကို ထုတ်လုပ် မည်ဖြစ်သည်။

ယင်းစီးရီးတွင် မြဝတီရုပ်သံ၌ စန်္ဒီ (၁၅ဝဝ) သီဆိုခဲ့သည့် ကာရာအိုကေသီချင်း များနှင့် အသံသွင်းခဲ့သည့် သီချင်းအသစ် လေးပုဒ် ကို ထပ်မံပြီး ကာရာအိုကေအဖြစ် ရိုက်ကူးကာ မိခင်ဖြစ်သူက ထုတ်လုပ်သွား မည်ဖြစ်သည်။

အဆိုတော်စန်္ဒီ(၁၅ဝဝ)သည် “စန်္ဒီ(၁၅ဝဝ)” စီးရီးကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာတွင် Excellent Cration က ထွက်ရှိခဲ့စဉ်တွင် “၁၅ဝဝ”၊ “လက်ခုပ်နှစ်ဖက်” သီချင်းများဖြင့် ပရိသတ်များကြားတွင် အောင် မြင် ထင်ရှားခဲ့သူဖြစ်သည်။ စန်္ဒီ(၁၅ဝဝ)သည် တေးသီချင်းများ သီဆိုရာတွင် တေးရေး၊ တေးဆို သြရသ ရေးသားပေးသည့်သီချင်းဖြင့် အောင်မြင်ခဲ့သူဖြစ်သလို မော်ဒယ်ရှိုးများတွင်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။

ယင်းသည် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလတွင် အစာအိမ်ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး မကွယ်လွန်ခင်တွင် ပရိသတ်များကို ယင်း၏ဖေ့စ်ဘွတ်စာမျက်နှာထက်တွင် နှုတ်ဆက်စကားများ ပြောခဲ့သည်။

Myanmar Forward , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment