Pages

Pages - Menu

Wednesday, February 12, 2014

ကသာမြို့နယ်၊ သာယာကုန်းရွာတွင် လူတစ်စုမှ ရိုက်နှက်ထိုးကြိတ်ပြီး လူနေအိမ် ဖျက်ဆီးမီးရှို့

RangonNewsDaily: February . 12 .2014
ကသာမြို့နယ်၊ သာယာကုန်းရွာတွင် ဖေဖော်ဝါရီ( ၁၁ )ရက် (၁၉း၀၀)အချိန် ဦးခင်မောင်ဇင်သည် မိမိနေအိမ်၌ မိသားစုများနှင့် အတူရှိနေစဉ် ကလုံကျေးရွာအုပ်စု၊ သာဂရ ကျေးရွာနေ ထွန်းထွန်း (၃၀)နှစ် (ဘ) ဦးတင်ဝင်း၊ ၀င်းမင်းထွန်း (၃၂) နှစ် (ဘ) ဦးဘရီတို့ ဦးဆောင်သော လူတစ်စုမှ နေအိမ်ခြံစည်းရိုးပေါက်ဝရောက်ပြီး စာရင်းရှင်းစရာရှိ၍ ဆင်းခဲ့ရန် ခေါ်သည်။
ဦးခင်မောင်ဇင်မှ နေအိမ်ပေါ်၌ လာရောက်ရှင်းလင်းရန် ပြောပြရာမှ ထွန်းထွန်း နှင့် ၀င်းမင်းထွန်းတို့ ဦးဆောင်သော လူတစ်စုမှ ကျောက်ခဲ၊ လေးခွများနှင့် ပစ်ပေါက်ပြီး နေအိမ်ပေါ်တက်ရောက်ဖျက်ဆီးကာ ဦးခင်မောင်ဇင်အား ရိုက်နှက်ထိုးကြိတ်ခဲ့သည်။

ထို့နောက် ဦးမြအောင်၏ နေအိမ်သို့ သွားရောက်ဖျက်ဆီး၍ ပစ္စည်းများအား ဦးလှကြီး၏ လယ်ကွင်းအတွင်း စုပုံမီးရှို့ခြင်းတို့ ပြုလုပ်ခဲ့သဖြင့် စုစုပေါင်းတန်ဘိုးကျပ် သိန်း(၃၀)ခန့် ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုအား သတင်းရလျှင်ရခြင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဇော်မင်းထိုက်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းဝင်းတို့ သွားရောက်ထိန်း သိမ်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေအိမ်ဖျက်ဆီးပြီး ရိုက်နှက်ထိုးကြိတ်ခံရသူ ဦးခင်မောင်ဇင်က ကသာမြို့နယ်၊ အင်းရွာရဲစခန်းတွင် ဖေဖော်ဝါရီလ (၁၂) ရက် (၀၇း၃၀) အချိန် (ပ)အမှတ်၊ ပုဒ်မ ၊ (ပ) ၁၄/၂၀၁၄ ပြစ်မှု ၊ ၄၃၆/ ၄၂၇ /၃၂၅ ဖြင့် အမှုဖွင့်တိုင်တန်းထားရာ အမှုစစ် ဒုရဲအုပ် အောင်ကိုမင်းက သက်သေများအားစစ်ဆေးခြင်း၊ တရားခံများ ဖမ်းဆီးရမိရေးအတွက် စီစဉ်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment