Pages

Pages - Menu

Saturday, February 15, 2014

ကျောင်းသားတပ်မတော် မြိတ်-ထားဝယ်ခရိုင်ပြည်တွင်း ရဲဘော်ဟောင်းများ အဖွဲ့ ဖွဲ့စည်းမည်

RangonNewsDaily: February . 15 .2014
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ် ဦး(ABSDF) ကျောင်းသားတပ်မ တော် မြိတ်-ထားဝယ်ခရိုင် ပြည်တွင်း ရဲဘော်ဟောင်းများအဖွဲ့ကို လာမည့် ဧပြီလတွငဖွဲ့စည်းမည်ဖြစ်ကြောင်း ကျောင်းသားတပ်မတော် ၂ဝ၁ တပ် ရင်း၊ ဒုတိယတပ်ရင်း
မှူးဟောင်း ဦး အောင်မြင့်က ပြောကြားသည်။နောက်ပိုင်းတွင် ရင်ဆိုင်ကြုံတွေ့ လာရမည့် အခက်အခဲများကို စုပေါင်း ဖြေရှင်းကူ
ညီနိုင်ရန် ရည်ရွယ်ကာ ကျောင်းသားရဲဘော်ဟောင်းအဖွဲ့ကိုဖွဲ့စည်းရန် စီစဉ်ရခြင်းဖြစ်သည်ဟု ဦး အောင်မြင့်ကပြောသည်။
''တိုင်းအတွင်း မြို့နယ်တွေမှာ ရှိတဲ့ ရဲဘော်ဟောင်းတွေနဲ့ လိုက်လံ တွေ့ဆုံပြီး ဆွေးနွေးမှုတွေ လုပ်နေတယ်'' ဟု ဦးအောင်မြင့်က ဆိုသည်။

ကျောင်းသားတပ်မတော် မြိတ်- ထားဝယ်ခရိုင် လက်အောက်ခံတပ် ရင်းများဖြစ်သော တပ်ရင်း ၂ဝ၁၊ ၂ဝ၂၊ ၂ဝ၃နှင့် ၁ဝ၁တို့တွင် တာဝန်ထမ်း ဆောင်ခဲ့သူ တစ်ထောင်ကျော်ခန့်ရှိ ပြီး လက်ရှိတနင်္သာရီတိုင်းအတွင်း ကောက်ခံရရှိထားသည့် စာရင်းအရ ပြည်တွင်း
တွင် ရဲဘော်ဟောင်း ၁၁ဝ ကျော်ရှိသည်ဟုသိရသည်။

ဖမ်းဆီးချုပ်နှောင်ခြင်းခံရမည် စိုးသဖြင့် မိမိဇာတိနေရပ်မှပြောင်း ရွှေ့နေထိုင်ခြင်း၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းများပိတ်ဆို့
ခံခဲ့
ရခြင်းအပါ အဝင်တခြားသောဖိနှိပ်မှုများကိုခံခဲ့ရခြင်းကြောင့်တချို့ရဲဘော်များသည်(ABSDF) ရဲဘော်ဖြစ်သည်ကို ထုတ် ဖော်မပြော
ရဲခြင်း၊ လာရောက်တွေ့ဆုံ ရန်ပင် ကြောက်ရွံ့နေခြင်းတို့ကြောင့် စာရင်းပြုစုရာတွင် ပြည့်စုံစွာမရရှိဘဲ နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေ ရသည်ဟု ဦးအောင်မြင့်ကရှင်းပြ သည်။

လာမည့် ဧပြီလဆန်းတွင် တ နင်္သာရီတိုင်းဒေသကြီးရှိ မြို့သုံးမြို့ ၌ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို
ကရက် တစ်တပ်ဦး(ABSDF) ကျောင်းသား တပ်မတော်ဖွဲ့စည်းတည်ထောင်ခြင်း (၂၅) နှစ်မြောက် ငွေရတုဂုဏ်ပြုအ ခမ်းအနား
သို့ တက်ရောက်လာမည့် ဗဟိုဌာနချုပ်မှ ကျောင်းသားခေါင်း ဆောင်များနှင့် ရဲဘော်ဟောင်းများ တွေ့ဆုံပြီးသည့်နောက် ဖွဲ့စည်း
သွား မည်ဟု ¤င်းထံမှ သိရသည်။

(၂၅) နှစ်မြောက်ငွေရတုအခမ်းအနားကိုဧပြီ ၁ ရက်တွင် ထားဝယ်မြို့ ၌လည်းကောင်း၊ ဧပြီ ၃ရက်တွင်ပု လောမြို့၌လည်းေ
ကာင်း
၊ ဧပြီ ၆ ရက် တွင် မြိတ်မြို့၌လည်းကောင်း အသီး သီးပြုလုပ်သွားမည်ဟု သိရသည်။

Dawei Watch (ထားဝယ်)  , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment