Pages

Pages - Menu

Monday, February 3, 2014

မြစ်ဆုံတွင် အင်အားကြီးငလျင် တစ်ကျော့ပြန် လှုပ်ခတ်နိုင်ဟုဆို

RangonNewsDaily: February . 3 .2014
မြန်မာနိုင်ငံ၏အသက်သွေးကြောဧရာဝတီမြစ်ကြီး မြစ်ဖျားခံရာ မြစ်ဆုံ ဒေသတွင်စစ်ကိုင်း ပြတ်ရွေ့ကြော

ပြန်လည် အသက်ဝင်ပြီး အင်အားကြီးငလျင်များ တစ်ကျော့ပြန် လှုပ်ခတ်နိုင်ခြေ ရှိသဖြင့် မြစ်ဆုံ ရေကာတာ စီမံကိန်းတည်ဆောက်ရန်မသင့်လျော်ကြောင်းဘူမိဗေဒပညာရှင်များက ပြောကြားသည်။ရန်ကုန်မြို့တော်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)
တွင် ဖေဖော်ဝါရီလ၁ ရက်နေ့က ပြုလုပ်သည့်ဘူမိသိပ္ပံ အမြင်နှင့် ဧရာဝတီအတွက် ဘေးအန္တရာယ်များ ဆိုင်
ရာ ဆွေးနွေးပွဲတွင် အဆိုပါ ပညာရှင်များက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“CPI က ငလျင်ပမာဏ ဘယ်လောက် ခံနိုင်တယ်ဆိုတာ ပြောကတည်းက မဖြစ်နိုင်ဘူး။ ရေကာတာ တည်
ဆောက်ဖို့အတွက်အသေးစိတ် လေ့လာတိုင်းထွာဖို့တွေ လိုတယ်။ မြစ်ကြီးနားက အင်အား ရစ်ခ်ျစတာစကေး ၇ ဒသမ ၅ လောက်အထိ လှုပ်နိုင်တဲ့အတွက် ဆည်ကြီးတွေကိုတောင် ချိုးပစ်လိုက်နိုင်တယ်” ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောကြားသည်။

ဧရာဝတီမြစ်ဆုံတွင် ဆောက်လုပ်မည့် ရေကာတာ စီမံကိန်းတွင် ငလျင်ဒဏ် အဆင့် ၉ အထိ ခံနိုင်ရည်ရှိ

သော ရေကာတာဒီဇိုင်းရေးဆွဲတည်ဆောက်မည် ဖြစ်၍ အန္တရာယ်ကျရောက်မှု မရှိနိုင်ကြောင်း ဧရာဝတီမြစ် အထက်ပိုင်း မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် ကုမ္ပဏီ လီမိတက်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဧရာဝတီမြစ် အထက်ပိုင်း မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်က ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ တာဝန်ယူမှု အစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။


 နိုင်ငံ တကာ ရေကာတာ ကော်မတီက သတ်မှတ်ထားသည့် အမြင့်စံနှုန်းအတိုင်း ရေကာတာ၏ ငလျင်ဒဏ် ခံနိုင်စွမ်းကို ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်ပြီး ငလျင်ဒဏ်ကို ခံနိုင်သည့် Concrete Face Rockfill Dam (CFRD) ကိုသုံးစွဲထားကာ သုတေသနပြု လေ့လာချက်များ အရ မြစ်ဆုံဒေသသည် ငလျင်အဆင့် ၇ အထက်ရှိသော ငလျင်ကြီးများလှုပ်ခတ်ခဲ့ခြင်းမရှိခဲ့သည့်အတွက်ငလျင်ကြောင့် ရေကာတာ ပျက်စီးပြီး ရေကြီးမည့် အန္တရာယ်
ကို စိုးရိမ်ဖွယ် မရှိကြောင်း ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။

“မြစ်ညာပိုင်းက၁၉၅၀ တုန်းကလည်း၈ ဒသမ၆ အဆင့်ရှိတဲ့ ငလျင် လှုပ်ခဲ့ဖူးတယ်။ဒါကြောင့်ငလျင်အန္တရာယ်

တော်တော်များတဲ့ ဧရိယာဖြစ်တယ်လို့ ပြောလို့ရတယ်။ ငလျင်ကြောင့် ရေလွှမ်းနိုင်တယ်” ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း အလုပ်အမှုဆောင် ဒေါက်တာမျိုးသန့်က ပြောဆိုသည်။

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကိုChina Power Investment (CPI) နှင့်အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီး

ဌာနတို့၂၀၀၆ ခုနှစ်ဒီဇင်ဘာလက လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး လူထု၏ ကန့်ကွက်မှုကြောင့် နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရ လက်ထက်တွင် စီမံကိန်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment