Pages

Pages - Menu

Tuesday, February 4, 2014

ဂျပန်ဝန်ကြီးချုပ်ကို အာရှတိုက်၏ ဟစ်တလာဟု မြောက်ကိုရီးယားဝေဖန်

Photo: ဂျပန်ဝန်ကြီးချုပ်ကို အာရှတိုက်၏ ဟစ်တလာဟု မြောက်ကိုရီးယားဝေဖန်
Tuesday, February 4, 2014

အဘေးအနေဖြင့် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး ကဏ္ဍတွင် အဆင့်မြှင့်တင်ပြီး စစ်ရေးစွမ်းရည်ကို မြှင့်တင်လျှက်ရှိရာ ယင်းကို မြောက်ကိုရီးယားက ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံက ရန်သူတော် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူ ရှင်ဇိုအဘေးအား အာရှတိုက်၏ အဒေါ့ဖ်ဟစ်တလာဟု အမည်တပ် ပုတ်ခတ်စွပ်စွဲလိုက်သည်။ အဘေးအနေဖြင့် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး ကဏ္ဍတွင် အဆင့်မြှင့်တင်ပြီး စစ်ရေးစွမ်းရည်ကို မြှင့်တင်လျှက်ရှိရာ ယင်းကို မြောက်ကိုရီးယားက ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ အဘေး၏ လုပ်ရပ်သည် ဒုတိယကမ္ဘာစစ် အစမပျိုးမီ ဂျာမန်အာဏာရှင် ဟစ်တလာ၏ အကောင်အထည်ဖော်နေပုံများနှင့် တူနေကြောင်း မြောက်ကိုရီးယားက ဆိုသည်။ ထို့အပြင် ဂျပန်ကြောင့် အရှေ့အာရှ ဒေသ၏ တည်ငြိမ်မှုကို အနှောင့်အယှက် ဖြစ်လာစေနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ 

KCNA သတင်းဌာနက အာဏာရပါတီထုတ် ရိုဒွန်ဆင်မွန် သတင်းစာပါ ဖော်ပြချက်များကို ကိုးကားပြီး ယင်းကဲ့သို့ အပုပ်ချခဲ့ခြင်း ဖြစ်သည်။ အဘေးသည် ပြီးခဲ့သည့် လအတွင်းက ဒုတိယ ကမ္ဘာစစ်အပြီး ဂျပန်၏ စစ်လက်နက် ကဏ္ဍကို ကြီးမားစွာ ကန့်သတ်ချုပ်နှောင်ထားသည့် စာချုပ်အချက်အလက်များကို (၂၀၂၀)တွင် ပြင်ဆင်နိုင်လိမ့်မည်ဟု ပြောဆိုထားသည်။ KCNA သတင်းဌာနက "အာရှတိုက်ရဲ့ ဟစ်တလာ ထွက်ပေါ်လာပြီလား"ဆိုသည့် ခေါင်းစဉ်ဖြင့် အဘေးကို ပယ်ပယ်နယ်နယ် ဝေဖန်ထားခြင်း ဖြစ်သည်။ ထို့အပြင် အဘေး၏ လုပ်ရပ်သည် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယား လက်နက်များအပေါ် လူအများ စိုးရွံ့နေမှုကို ပိုမိုဆိုးရွားအောင် လှုံ့ဆော်ရင်း ဂျပန်၏ စစ်အင်အားကို မြှင့်တင်နေခြင်းဟုလည်း ထောက်ပြခဲ့သည်။

"ဂျပန်မှာ အဘေးဦးဆောင်တဲ့ အစွန်းရောက် လက်ယာယိမ်း အဖွဲ့တွေ ဩဇာကြီးနေတယ်။ ပြီးတော့ ဂျပန်အပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို မြောက်ကိုရီးယားအပေါ် လွှဲချဖို့ ကြိုးစားနေတယ်"ဟု သတင်းဌာနက ဆိုသည်။ ထို့အပြင် "အဘေးဟာ ဖက်ဆစ်ဝါဒီအရူး ဟစ်တလာနဲ့ ဘာမှမကွာဘူး။ ဟစ်တလာဟာ ကွန်မြူနစ်တွေကို တိုက်ခိုက်သလို အကြောင်းပြပြီး နောက်ထပ်စစ်ပွဲတစ်ခုကို ဖန်တီးခဲ့တယ်။ အဘေးလည်း တူတူပဲ။ မြောက်ကိုရီးယားကို အကြောင်းပြပြီး ဂျပန်ရဲ့ စစ်မက်လိုလားတဲ့ ရည်မှန်းချက်သစ်ကို အကောင်အထည် ဖော်နေတာပဲ"ဟု KCNAက စွပ်စွဲသွားခဲ့သည်။ 

Planet Myanmar Network

RangonNewsDaily: February . 4 .2014
အဘေးအနေဖြင့် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးကဏ္ဍတွင်အဆင့်မြှင့်တင်ပြီးစစ်ရေးစွမ်းရည်ကို မြှင့်တင်လျှက်
ရှိရာ ယင်းကို မြောက်ကိုရီးယားက ဝေဖန်ခဲ့ခြင်း ဖြစ်သည်။မြာက်ကိုရီးယား နိုင်ငံကရန်သူတော်ဂျပန်နိုင်ငံ၏ဝန်ကြီးချုပ်ဖြစ်သူရှင်ဇိုအဘေးအား အာရှတိုက်၏ အဒေါ့ဖ်
ဟစ်တလာဟု အမည်တပ် ပုတ်ခတ်စွပ်စွဲလိုက်သည်။ အဘေးအနေဖြင့် ဂျပန်နိုင်ငံ၏ ကာကွယ်ရေး ကဏ္ဍ
တွင်အဆင့်မြှင့်တင်ပြီး စစ်ရေးစွမ်းရည်ကို မြှင့်တင်လျှက်ရှိရာယင်းကို မြောက်ကိုရီးယားက ဝေဖန်ခဲ့ခြင်း ဖြစ်
သည်။ 
 
အဘေး၏လုပ်ရပ်သည်ဒုတိယကမ္ဘာစစ်အစမပျိုးမီဂျာမန်အာဏာရှင်ဟစ်တလာ၏အကောင်အထည်ဖော်နေ
ပုံများနှင့် တူနေကြောင်း မြောက်ကိုရီးယားက ဆိုသည်။ ထို့အပြင် ဂျပန်ကြောင့် အရှေ့အာရှ ဒေသ၏ တည်
ငြိမ်မှုကို အနှောင့်အယှက် ဖြစ်လာစေနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

KCNA သတင်းဌာနက အာဏာရပါတီထုတ် ရိုဒွန်ဆင်မွန် သတင်းစာပါ ဖော်ပြချက်များကို ကိုးကားပြီး ယင်း
ကဲ့သို့အပုပ်ချခဲ့ခြင်း ဖြစ်သည်။အဘေးသည် ပြီးခဲ့သည့်လအတွင်းကဒုတိယ ကမ္ဘာစစ်အပြီး ဂျပန်၏ စစ်လက်
နက် ကဏ္ဍကို ကြီးမားစွာ ကန့်သတ်ချုပ်နှောင်ထားသည့် စာချုပ်အချက်အလက်များကို (၂၀၂၀)တွင် ပြင်ဆင်
နိုင်လိမ့်မည်ဟု ပြောဆိုထားသည်။ 
 
KCNA သတင်းဌာနက "အာရှတိုက်ရဲ့ ဟစ်တလာ ထွက်ပေါ်လာပြီလား"ဆိုသည့် ခေါင်းစဉ်ဖြင့် အဘေးကို ပယ်ပယ်နယ်နယ် ဝေဖန်ထားခြင်း ဖြစ်သည်။ထို့အပြင်အဘေး၏လုပ်ရပ်သည် မြောက်ကိုရီးယား၏ ဒုံးကျည်
နှင့် နျူကလီးယား လက်နက်များအပေါ် လူအများ စိုးရွံ့နေမှုကို ပိုမိုဆိုးရွားအောင် လှုံ့ဆော်ရင်း ဂျပန်၏ စစ်
အင်အားကို မြှင့်တင်နေခြင်းဟုလည်း ထောက်ပြခဲ့သည်။

"ဂျပန်မှာ အဘေးဦးဆောင်တဲ့ အစွန်းရောက် လက်ယာယိမ်း အဖွဲ့တွေ ဩဇာကြီးနေတယ်။ ပြီးတော့ ဂျပန်
အပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို မြောက်ကိုရီးယားအပေါ် လွှဲချဖို့ ကြိုးစားနေတယ်"ဟု သတင်းဌာနက ဆိုသည်။ ထို့အပြင် "အဘေးဟာ ဖက်ဆစ်ဝါဒီအရူး ဟစ်တလာနဲ့ ဘာမှမကွာဘူး။ 
 
ဟစ်တလာဟာ ကွန်မြူနစ်တွေကို တိုက်ခိုက်သလို အကြောင်းပြပြီး နောက်ထပ်စစ်ပွဲတစ်ခုကို ဖန်တီးခဲ့တယ်
။ အဘေးလည်း တူတူပဲ။ မြောက်ကိုရီးယားကို အကြောင်းပြပြီး ဂျပန်ရဲ့ စစ်မက်လိုလားတဲ့ ရည်မှန်းချက်သစ်
ကို အကောင်အထည် ဖော်နေတာပဲ"ဟု KCNAက စွပ်စွဲသွားခဲ့သည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment