Pages

Pages - Menu

Monday, February 24, 2014

နောက်ဖေးလမ်းကြားမြေနေ ရာပျောက်နေသောတိုက်ခန်းနေပြည်သူများ

RangonNewsDaily: February . 24 .2014
အလုံမြို့နယ် ငုဝါလမ်း အပိုင်း (၃) ရှိအများပြည်သူအသုံးပြုနိုင် သောနောက်ဖေးလမ်းကြားမြေနေ ရာပေါ်တွင် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ထားခြင်းများ ကြောင့်ဝင်ပေါက်ပိတ်ကာနောက် ဖေးလမ်းသန့်ရှင်းရေးပြုလုပ်ရာ၌အခက်အခဲတွေ့နေရကြောင်း
တိုက် ခန်းနေသူများထံမှသိရသည်။ထိုကဲ့သို့ဆောက်လုပ်ခြင်းများ ကြောင့် တိုက်ခန်းမှမိလ်္လာကန်များ ပြည့်သည့်အခါကားဖြင့်စုပ်ယူ
န် အခက်အခဲဖြစ်ခြင်း၊ တစ်စုံတစ်ခု ဖြစ်၍ထွက်ရန်နောက်ဖေးလမ်း ပျောက်လာခြင်း၊ ရေစီး၊ ရေလာ စီးဆင်းမှုတွင်လည်းပိတ်ဆို
့ခြင်းစ သည့်အခက်အခဲများကြုံတွေ့နေ ရကြောင်းသိရသည်။

““ကျွန်မတို့မိလ္လာကန်ပြည့်လို့ ကားခေါ်ပြီးစုပ်ခိုင်းမယ်ဆိုရင် ဘယ်အပေါက်ကနေပိုက်ကိုသွင်းရ မလဲမသိတော့ဘူး။ သူများအိမ်ထဲ ကဖြတ်ပြီးသွင်းလို့ပဲရတယ်။ တချို့ ကမိလ်္လာကားမခေါ်တော့ဘဲဒီအတိုင်း ဖောက်ချတဲ့အတွက်အနံ့အသက် မကောင်းဘူး”” ဟုအ
ဆိုပါနေရာတွင် နေထိုင်သူတစ်ဦးကပြောသည်။

ယင်းကိစ္စကိုရန်ကုန်မြို့တော် စည်ပင်သို့ ၂၀၁၃ ခုနှစ် နှစ်စပိုင်း ၌ပင်တိုင်ကြားခဲ့သော်လည်းတစ် ကြိမ်သာလာကြည့်ခဲ့၍ဖြေ
ရှင်းပေး
ှု မရှိသေးကြောင်းသိရသည်။

““ဆောက်လုပ်ထားတဲ့ပိုင်ရှင် တွေကိုသွားပြောတော့လည်းသူတို့ ကဒီနေရာကိုမြေပိုအဖြစ်တရားဝင် ၀ယ်ထားတယ်လို့ပြောတယ်။ ဂရန် ထဲမှာလည်းပါတယ်လို့ပြောတယ်။ ဒါပေမဲ့အခြားလမ်းတွေ၊ နေရာ တွေမှာသူ့နေရာနဲ့သူနောက်ဖေး လမ်းကြားတွေအား
လုံး
ရှိတယ်။ ကျွန်မတို့ဒီနေရာပဲဖြစ်နေတဲ့အတွက် စည်ပင်သာယာကိုတိုင်ထားတာပါ။ ဒါပေမဲ့ အခုထိလာမရှင်းပေးသေး ဘူး”” ဟု
ယင်းနေရာတွင်နေထိုင်သူ ဒေါ်ခင်သန္တာဝင်းကပြောသည်။

အဆိုပါကိစ္စသည်အများပြည်သူ နှင့်သက်ဆိုင်၍နေထိုင်သူအချို့ အခက်အခဲဖြစ်နေကြောင်းကိုအလုံ မြို့နယ်ပြည်သူ့လွှတ်တော်

ကိုယ်စား လှယ်ဦးခိုင်မောင်ရည်ထံသို့တိုင် ကြားထားကြောင်းလည်းသိရသည်။ 

ကျော်မာဃ
The Hot News  , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment