Pages

Pages - Menu

Saturday, February 15, 2014

အချစ်ရဲ့နိဒန်း

RangonNewsDaily: February . 15 .2014
အချစ်ရဲ့နိဒန်း 

အဆင်ပြေရဲ့လား
ဂရုစိုက် မေးမိရင်တောင်မှ
ငါ့ ဂရုစိုက်မှု ကို စိတ်ရှုပ်စရာလို့
နင် ထင် တတ်လာပြီနော်... ... ...
လိုနေချိန်ကျမှ ပြုံးပြနှုတ်ဆက်
မလိုတော့ရင် ငါ့ဘက်ခဏတောင်မငဲ့ပဲ
မသိသလို အိုက်တင်လေးနဲ့
နင် ငါ့အပေါ် ခေါက်ထား တတ်နေပြီနော်... ... ...

ယုံကြည်အောင် ဆင်ခြေအမျိုးမျိုးသုံး
ကွယ်ရာကျ လှောင်ပြောင်လေးပြုံးလို့
နင် ငါ့အပေါ် ဟန်ဆောင် တတ်လာပြီနော်... ... ...

ကောင်းကင်တောင်
အရောင်ပြောင်းတတ်သေးတာပဲ...
နင့်ပြောင်းလဲမှု လေးတွေအတွက်
ငါ နင့်အပေါ် အပြစ်ပြန်မမြင်ရက်ပါ... ... ...

ဒါပေမယ့်...
ဟိုတချိန် တုံးက...
နင် ငါ့စိတ်ကို ချည်နှောင်ခဲ့ဖူးတဲ့စကားလေးတွေ
ခုနေ ငါ ပြန်ပြီး တွေးမိလေတိုင်း... ... ...


အလင်းဖြိုး ::--

No comments:

Post a Comment