Pages

Pages - Menu

Thursday, February 20, 2014

မဖွယ်မရာ လက်ဟန် အမူအယာကြောင့် ဆက်ဇနီ သီးခြား အရေးယူ ခံရဖွယ်ရှိ

Photo: မဖွယ်မရာ လက်ဟန် အမူအယာကြောင့် ဆက်ဇနီ သီးခြား အရေးယူ ခံရဖွယ်ရှိ

ဖေဖေါ်ဝါရီ ၂၀ ရက် ၂၀၁၄ ခုနှစ်

ဘိုင်ယန်မြူးနစ်နှင့် ပွဲစဉ်တွင် အနီကတ် ထိခဲ့သည့်နောက် မဖွယ်မရာ လက်ဟန် အမူအရာ ပြသခဲ့သည့် အာဆင်နယ် ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီ အနေဖြင့် UEFA၏ သီးခြား အရေးယူမှုနှင့် ကြုံရဖွယ် ရှိနေကြောင်း သိရသည်။

အသက်(၂၃)နှစ်ရှိ ပိုလန်လက်ရွေးစင်သည် ဘိုင်ယန်အသင်း တောင်ပံလူ အာယန်ရော်ဘန်ကို (၃၇)မိနစ်တွင် ဆွဲလှဲခဲ့သဖြင့် ပင်နယ်တီ ပေးခဲ့ရသလို တိုက်ရိုက်အနီကတ်လည်း ထိခဲ့သည်။ အနီကတ်ကြောင့် ကွင်းပြင်ထွက်လာပြီး အဝတ် လဲခန်းဘက် ဦးတည်နေချိန်တွင် ဆက်ဇနီသည် ရိုင်းစိုင်းသော အမူအယာ တစ်ခုကို လက်ဖြင့် ပြုလုပ်ပြခဲ့ကြောင်း ကင်မရာ မှတ်တမ်းများတွင် တွေ့ရှိရသည်။ ယင်းဖြစ်ရပ်ကို UEFAက တစ်စုံတစ်ရာ မှတ်ချက် မပေးသေးသော်လည်း သတင်းများက ဆက်ဇနီ အနေဖြင့် သီးခြား အရေးယူမှုနှင့် ကြုံရနိုင်ကြောင်း ခန့်မှန်း ရေးသားခဲ့ကြသည်။

ဆက်ဇနီ၏ အနီကတ်သည် အာဆင်နယ်ကို မန်နေဂျာ အာစင်ဝင်းဂါး ကိုင်တွယ်နေသည့် ကာလအတွင်း ကစားသမား တစ်ဦး အနီကတ်ထိမှု အကြိမ်(၁၀၀)ပြည့်လည်း ဖြစ်လာသည်။ ယခု ပွဲစဉ်တွင် ဘိုင်ယန် အသင်းဘက်မှ ရော်ဘန်သည်လည်း အာဆင်နယ် ကစားသမား ဘာကလေဆက်ဂ်ညာ လဲကျနေချိန်၌ ၎င်းအပေါ် တံတွေးဖြင့် ထွေးခဲ့ကြောင်း စွပ်စွဲမှုမျိုး ကြုံနေရသည်။ ထို့အပြင် ဝင်းဂါးကလည်း ရော်ဘန်သည် အမူပိုပို ဟန်ဆောင်လှဲချပြီး ပင်နယ်တီ ယူခဲ့ကြောင်း ဝေဖန်ခဲ့သေးသည်။ "ဂိုးသမားက သူ့ကိုထိသွားတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ရော်ဘန်ကို လှမ်းပြောခဲ့တယ်။ သူက အပိုတွေလုပ်ခဲ့တယ်။ ဒါကြောင့် ပွဲအနေအထား ပြောင်းသွားတယ် ဆိုတာကိုပါ။ ဒီလုပ်ရပ်ဟာ ပွဲအနေအထားကို ပြောင်းသွားစေရုံတင် မကပါဘူး။ ပွဲရဲ့ရသကိုပါ သတ်ပစ်လိုက်တယ်။ တကယ်တော့ ထိပ်တန်းအဆင့် ပွဲစဉ်တစ်ခု ဖြစ်ရမှာပါ။ ဒုတိယပိုင်းမှာ ပွဲအနေအထားက လုံးဝဥဿုံ တစ်ဖက်သတ်ကြီး ဖြစ်သွားတယ်လေ"ဟု ဝင်းဂါးက ပြစ်တင်ပြောကြားသွားသည်။

Soccer Myanmar

RangonNewsDaily: February . 20 .2014
ဘိုင်ယန်မြူးနစ်နှင့် ပွဲစဉ်တွင် အနီကတ် ထိခဲ့သည့်နောက် မဖွယ်မရာ လက်ဟန် အမူအရာ ပြသခဲ့သည့် အာဆင်နယ် ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီ အနေဖြင့် UEFA၏ သီးခြား အရေးယူမှုနှင့် ကြုံရဖွယ် ရှိနေကြောင်း သိရသည်။အသက်(၂၃)နှစ်ရှိ ပိုလန်လက်ရွေးစင်သည် ဘိုင်ယန်အသင်း တောင်ပံလူ အာယန်ရော်ဘန်ကို (၃၇)မိနစ်တွင် ဆွဲလှဲခဲ့သဖြင့် ပင်နယ်တီ ပေးခဲ့ရသလို တိုက်ရိုက်အနီကတ်လည်း ထိခဲ့သည်။ 

အနီကတ်ကြောင့် ကွင်းပြင်ထွက်လာပြီး အဝတ် လဲခန်းဘက် ဦးတည်နေချိန်တွင် ဆက်ဇနီသည် ရိုင်းစိုင်းသော အမူအယာ တစ်ခုကို လက်ဖြင့် ပြုလုပ်ပြခဲ့ကြောင်း ကင်မရာ မှတ်တမ်းများတွင် တွေ့ရှိရသည်။ ယင်းဖြစ်ရပ်ကို UEFAက တစ်စုံတစ်ရာ မှတ်ချက် မပေးသေးသော်လည်း သတင်းများက ဆက်ဇနီ အနေဖြင့် သီးခြား အရေးယူမှုနှင့် ကြုံရနိုင်ကြောင်း ခန့်မှန်း ရေးသားခဲ့ကြသည်။

ဆက်ဇနီ၏ အနီကတ်သည် အာဆင်နယ်ကို မန်နေဂျာ အာစင်ဝင်းဂါး ကိုင်တွယ်နေသည့် ကာလအတွင်း ကစားသမား တစ်ဦး အနီကတ်ထိမှု အကြိမ်(၁၀၀)ပြည့်လည်း ဖြစ်လာသည်။ 

ယခု ပွဲစဉ်တွင် ဘိုင်ယန် အသင်းဘက်မှ ရော်ဘန်သည်လည်း အာဆင်နယ် ကစားသမား ဘာကလေဆက်ဂ်ညာ လဲကျနေချိန်၌ ၎င်းအပေါ် တံတွေးဖြင့် ထွေးခဲ့ကြောင်း စွပ်စွဲမှုမျိုး ကြုံနေရသည်။ ထို့အပြင် ဝင်းဂါးကလည်း ရော်ဘန်သည် အမူပိုပို ဟန်ဆောင်လှဲချပြီး ပင်နယ်တီ ယူခဲ့ကြောင်း ဝေဖန်ခဲ့သေးသည်။ 

"ဂိုးသမားက သူ့ကိုထိသွားတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ရော်ဘန်ကို လှမ်းပြောခဲ့တယ်။ သူက အပိုတွေလုပ်ခဲ့တယ်။ ဒါကြောင့် ပွဲအနေအထား ပြောင်းသွားတယ် ဆိုတာကိုပါ။ ဒီလုပ်ရပ်ဟာ ပွဲအနေအထားကို ပြောင်းသွားစေရုံတင် မကပါဘူး။ ပွဲရဲ့ရသကိုပါ သတ်ပစ်လိုက်တယ်။ 

တကယ်တော့ ထိပ်တန်းအဆင့် ပွဲစဉ်တစ်ခု ဖြစ်ရမှာပါ။ ဒုတိယပိုင်းမှာ ပွဲအနေအထားက လုံးဝဥဿုံ တစ်ဖက်သတ်ကြီး ဖြစ်သွားတယ်လေ"ဟု ဝင်းဂါးက ပြစ်တင်ပြောကြားသွားသည်။

Soccer Myanmar , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment