Pages

Pages - Menu

Thursday, February 27, 2014

အူရောင်ငန်းဖျား ရောဂါအကြောင်း သိကောင်းစရာ

RangonNewsDaily: February . 27 .2014
တိုက်ဖွိုက်ခေါ် အူရောင်ငန်းဖျားဟာ ဗက်တီးရီးယား တိုက်ဖွိုက်ပိုးကြောင့် ဖြစ်ရတယ်။ တိုက်ဖွိုက်ရှိတဲ့ မစင်အပေါ် ယင်ကောင်က ပျံသန်းပြီး လူတွေစားတဲ့ အစားအစာ အပေါ်နားတော့ အဲ့ဒီအစာစားတဲ့လူဟာ တိုက်ဖွိုက်ရောဂါ ဖြစ်စေတယ်။ တစ်ခါတလေ အစားအစာ ချက်ပြုတ်သူရဲ့ မသန့်ရှင်းတဲ့ လက်ကတစ်ဆင့် လူကောင်းများထံ ကူးပြီး တိုက်ဖွိုက်ရော ဂါ ဖြစ်ပွားရတယ်။ သောက်သုံးရေ မသန့်ရှင်းမှု၊ အစာမသန့်ရှင်းမှု၊ ကိုင်တွယ်တဲ့ လက်မသန့်ရှင်းမှု၊ ထည့်စရာ ပန်းကန်မသန့်ရှင်းမှု၊ မထိရောက်တဲ့ ကုသချက်နဲ့ မထိန်းနိုင်တဲ့ ကာကွယ်ရေး စီမံချက်တွေဟာ တိုက်ဖွိုက်ရောဂါ ပျံ့နှံ့ရတဲ့ အကြောင်းရင်းပဲ ဖြစ်တယ်။
တိုက်ဖွိုက်ဟာ နာတာရှည်အူရောင် ငန်းဖျားဖြစ်တာနဲ့အညီ အချိန်တော် တော်ကြာ မပျောက်ဘူး။ အဖျားတာ ရှည်တယ်။ အရင်က တိုက်ဖွိုက်ဖြစ်ရင် ကလိုရိုဖင်နီကော တစ်ခါသောက် တစ်လုံး သုံးကြိမ်နဲ့ ၂၁ ရက် ကုသရတာ ရှိတယ်။

အဲဒီမှာ အတူနေမိသားစုပါ ဆေးတိုက်ရတာ။ စီဖရန်စားဆေးနဲ့ ကုသပေးရင်လည်း ရတယ်။ ဓာတ်ဆား ရည်သောက်ရမယ်။ ရောဂါဖြစ်သူရဲ့ အသုံးအဆောင်ပစ္စည်း၊ သူမစားလို့ ကျန်တဲ့ရေနဲ့ အစားအစာတွေကို သီးသန့်ထားရမယ်။ ဒါ့အပြင် မစင်တွေ ကိုလည်း စနစ်တကျ စွန့်ပစ်ရမယ်။

တိုက်ဖွိုက်ဖြစ်သူကို အစာကျွေးရင် ခပ်ပျော့ပျော့ ဆန်ပြုတ်ကျွေးနိုင်တယ်။ ဘာလီရည်နဲ့ ဓာတ်ဆားရည် တိုက်နိုင်တယ်။ တိုက်ဖွိုက်ရဲ့ သွင်ပြင်လက္ခဏာ တွေကတော့ ပထမပတ်မှာ ကိုယ်အပူချိန် ၁ဝဝ ဒီဂရီဖာရင်ဟိုက်မှာ တန့်နေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက် နာကျင် ကိုက်ခဲခြင်း၊ နှလုံးခုန်နှုန်းနှေးသွားခြင်း၊


ဝမ်းချုပ်ခြင်းနဲ့ ဝမ်းလျှော၍ အန်ခြင်း စတဲ့ လက္ခဏာတွေ တွေ့ရပြီး ဒုတိယပတ်ထဲမှာ နှင်းဆီရောင်အစက် များ ခန္ဓာကိုယ်ပေါ်၌ ပေါ်လာခြင်း၊ ဘေလုံးကြီးခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်း ဗိုက်တင်းလာခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှော ခြင်းတို့ တွေ့ကြုံရပြီး တတိယပတ် ထဲ ရောက်တဲ့အခါ သတိကောင်းစွာမရ တော့ခြင်း၊ ကယောင်ချောက်ချားဖြစ် ခြင်းနဲ့ ကုသမှုမရပါက သေဆုံးခြင်းတို့ ဖြစ်တတ်ပါတယ်။

တိုက်ဖွိုက်ရဲ့ ဆိုးကျိုးလက္ခဏာက တိုက်ဖွိုက် အူအနာ ပေါက်သွားခြင်း၊ အနာမှ သွေးယို ထွက်ခြင်း၊ အရိုးအဆစ်များတွင် ရောဂါပိုး ဝင်ရောက်ခြင်း၊ ဦးနှောက်မြှေးရောင်ခြင်း၊ သည်းခြေအိတ် ရောင်ခြင်း၊ နှလုံးကြွက်သားရောင်ခြင်း၊ ကျောက်ကပ်ရောင်ခြင်း၊ ဆီးနည်းသွား ခြင်း၊ အိပ်မပျော်ခြင်းနဲ့ အစားမဝင်ခြင်း တို့ဖြစ်တာကြောင့် ဒီရောဂါဖြစ်လာရင် ပေါ့ပေါ့ဆဆ မနေသင့်ဘဲ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားသင့်ပါတယ်။

ဒေါက်တာ လွင်သန့် (ဆေး-၂)

kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment