Pages

Pages - Menu

Monday, February 24, 2014

ထိုင်းတွင် ဆန္ဒပြသူများက စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထား ခြိမ်းခြောက်လျက်ရှိ


RangonNewsDaily: February . 24 .2014
အစိုးရကို ဆန့်ကျင်ဆန္ဒပြနေကြသူများက ဗန်ကောက်မြို့၏ အရေးပါသော လမ်းဆုံများ ကို တိုင်ကီများ၊ ကားတာယာများ၊ သဲအိတ်များ ဖြင့် ပိတ်ဆို့ထားကြသည်။
၎င်းတို့က ဝန်ကြီးချုပ် ယင်လတ်ရာထူးမှ ဆင်းပေးရေးနှင့် သူမ၏အစ်ကိုတော်စပ်သူ ဘီလျံနာသက်ဆင်ရှင်နာဝါထရာ၏သြဇာအရှိန် အဝါကို တားဆီးရန် ကြိုးပမ်းလျက်ရှိသည်။

ယခုသီတင်းပတ်အတွင်း၌ ရှင်နာဝါထရာ မိသားစုနှင့် ပတ်သက်ခဲ့ဖူးသော သို့မဟုတ် ပတ်သက်လျက်ရှိသော စီးပွားရေးလုပ်ငန်းများ ကို ၄င်းတို့က ပစ်မှတ်ထားခဲ့သည့်အတွက် စတော့ဈေးနှုန်းများမှာ ကျဆင်းလာခဲ့သည်။

အစိုးရမပါဝင်သော စတော့အိတ်ချိန်းမှ ကုမ္ပဏီများကို ခြိမ်းခြောက်ခြင်းအား ၄င်းတို့ အနေဖြင့် မနှစ်မြိုကြောင်း အာဏာရှင်ဆန့် ကျင်ရေးဒီမိုကရေစီ ညီညွတ်ရေးတပ်ဦး (ယူဒီဒီ)၏ အမျိုးသမီးဥက္ကဋ္ဌ သီတာတဝန် ဆက်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ သည်။

ကန့်ကွက်ဆန္ဒပြပွဲများကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေး ဆုံးရှုံးမှုမှာ များပြားလျက်ရှိရာ အထူးသဖြင့် ခရီးသွားလုပ်ငန်းဖြစ်ပြီး ဗန်ကောက်မြို့သို့ လာရောက်လည်ပတ်သော ခရီးသည် အရေအတွက်မှာ ထိုးကျသွားခဲ့ပြီ ဖြစ်သည်။

လူဦးရေသိပ်သည်းသော နိုင်ငံမြောက်ပိုင်း နှင့် အရှေ့မြောက်ပိုင်းတို့၌ အခြေခံသည့် ရှပ်နီအဖွဲ့ ယူဒီဒီ၏ ခေါင်းဆောင်များသည် ဗန်ကောက်မြို့မြောက်ပိုင်း နာခွန်ရက်ချာစီမာ ၌ တနင်္ဂနွေနေ့တွင် ဆွေးနွေးပွဲကျင်းပကြမည် ဖြစ်သည်။

ရိုက်တာ။
The Mirror Daily , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment