Pages

Pages - Menu

Tuesday, February 25, 2014

ယူကရိန်း နိုင်ငံ၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန် ဂျာမနီနှင့် ရုရှား သဘောတူ

RangonNewsDaily: February . 25 .2014
ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲ လာမာကယ်နှင့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့သည် ယူကရိန်း နိုင်ငံ၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန် ဖေဖော်ဝါရီ ၂၃ ရက်တွင် သဘောတူညီ ခဲ့ကြသည်ဟု ဂျာမနီ အစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ စတီဗင် ဆိုင်ဘက်သ်က ပြောကြားသည်။
ယူကရိန်း နိုင်ငံ၏ နယ်မြေတည်တံ့ ခိုင်မြဲမှုကို ထိန်းသိမ်းရန်နှင့် နိုင်ငံ အတွင်း၌ ဖြစ်ပွားနေသော လက်ရှိ အခြေအနေ များကို အရေးယူ ဖြေရှင်းနိုင်စွမ်း ရှိသည့် အစိုးရ အဖွဲ့သစ် တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းရမည် ဟူသော အချက်ပေါ်တွင် မာကယ်နှင့် ပူတင်တို့ နှစ်ဦး စလုံးက သဘောတူညီ ခဲ့ကြကြောင်း စတီဗင် ဆိုင်ဘက်သ်က ပြောကြားသည်။

ပူတင်နှင့် မာကယ်တို့၏ အဆိုပါ သဘော တူညီမှုသည် ယူကရိန်း နိုင်ငံတွင် ပဋိပက္ခများ သုံးလကြာ ဖြစ်ပွားပြီးနောက် သမ္မတ ဗစ်တာယာ နူကိုဗစ်ခ်ျ သမ္မတ ရာထူးမှ ဖယ်ရှား ခံခဲ့ရပြီး နိုင်ငံ အတွင်း၌ ရွေးကောက်ပွဲ အသစ်များ ပြုလုပ်ရန် တောင်းဆို ခဲ့ပြီးနောက် တစ်ရက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယူကရိန်း ပါလီမန် လွှတ်တော်သည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြားဖြတ်ခေါင်းဆောင် တစ်ဦးကို ရွေးချယ် ခန့်အပ်ခဲ့သည်။

သို့ရာတွင် ယူကရိန်း နိုင်ငံတွင်း၌ ရုရှားကို ထောက်ခံသူ ပြည်သူများနှင့် ဥရောပကို ထောက်ခံသူ ပြည်သူများ ဟူ၍ အုပ်စုနှစ်စု ကွဲပြား နေခြင်းကြောင့် ၎င်းနိုင်ငံ၏ အနာဂတ်နှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လျက် ရှိသည်ဟု သိရသည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment