Pages

Pages - Menu

Tuesday, February 11, 2014

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံသို့ရောက်ရှိ

Photo: ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံသို့ရောက်ရှိ
Tuesday, February 11, 2014

လာဘ်စားမှုဖြင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်အတွင်းက မိသားစုနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ (၁ဝ)ရက် ရက်စွဲဖြင့် ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံသို့ သက်ဆင်လာရောက်ခဲ့သည့် ဓာတ်ပုံများ အင်တာနက် စာမျက်နှာများပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့သည်။ ယင်းဓာတ်ပုံများကို စတင်ဖြန့်ဝေသူမှာ ထိုင်းပါလီမန် အထက်လွှတ်တော်အမတ် Somchai Sawaengkarn ဖြစ်ပြီး ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဓာတ်ပုံများအားတင်ကာ “မြန်မာပြည်က ဓာတ်ပုံထဲမှာ ပါနေတဲ့ ဒီလူက ဘယ်သူလဲ” ဟု ရေးသားဖော်ပြခဲ့သည်။

ဓါတ်ပုံမှတ်တမ်းများတွင် သက်ဆင်သည် မြန်မာနိုင်ငံရှိ ရဟန်းသံယာများကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်နေပုံကို ဖော်ပြထားသည်။

သတင်းဗီဒီယိုမှတ်တမ်းတစ်ခုတွင် သက်ဆင်၏ ခရီးစဉ်အသေးစိတ်ကို တစ်မိနစ်ကြာမျှ ထုတ်လွှင့်ပြသခဲ့သည်ဟုလည်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။ ယင်းသတင်းအဆိုအရ သက်ဆင်မှာ ရန်ကုန်မြို့ရှိ ချက်ထရီယံဟိုတယ်၏ ၁ဝ ထပ်မြောက်အထပ်တွင် တည်းခိုခဲ့ကြောင်း၊ ၎င်းနှင့်အတူ ဘန်ကောက်မြို့မှ ရင်းနှီးသူများလည်းပါကြောင်း၊ ၁ဝ ထပ်မြောက် အခန်းနှင့် ၈ ထပ်မြောက်အခန်းတို့အား အဆိုပါ ရင်းနှီးသူများမှ ငှားရမ်းခဲ့ကြောင်းတို့ကို ဖော်ပြထားသည်။

သုံးသပ်သူအချို့က သက်ဆင်သည် ထိုင်းနိုင်ငံတွင် ဆန္ဒပြမှုများကို ဦးဆောင်ကျင်းပနေသည့် အတိုက်အခံ နိုင်ငံရေးသမားများကို သွားရောက်တိုက်ခိုက်နိုင်ရန် မြန်မာနိုင်ငံသို့ လာရောက်၍ ယတြာချေခြင်း ဖြစ်သည်ဟုဆိုသည်။

သို့သော် Somchai Sawaengkarn ကမူ သက်ဆင်သည် ကုသိုလ်ရေးသက်သက်အတွက် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည် ဟုဆိုသည်။

သက်ဆင်၏ယခုခရီးစဉ်မှာ မြန်မာနိုင်ငံသို့ဒုတိယအကြိမ်လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မတ်လကလည်း သက်ဆင်သည် မြန်မာနိုင်ငံရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသို့ လာရောက်ခဲ့ဖူးကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြသည်။

Mizzima - News in Burmese

RangonNewsDaily: February . 11 .2014
လာဘ်စားမှုဖြင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်အတွင်းက မိသားစုနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ (၁ဝ)ရက် ရက်စွဲဖြင့် ရေးသားဖော်ပြသည်။မြန်မာနိုင်ငံသို့ သက်ဆင်လာရောက်ခဲ့သည့် ဓာတ်ပုံများ အင်တာနက် စာမျက်နှာများပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့သည်။ ယင်းဓာတ်ပုံများကို စတင်ဖြန့်ဝေသူမှာ ထိုင်းပါလီမန် အထက်လွှတ်တော်အမတ် Somchai Sawaengkarn ဖြစ်ပြီး ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဓာတ်ပုံများအားတင်ကာ “မြန်မာပြည်က ဓာတ်ပုံထဲမှာ ပါနေတဲ့ ဒီလူက ဘယ်သူလဲ” ဟု ရေးသားဖော်ပြခဲ့သည်။

ဓါတ်ပုံမှတ်တမ်းများတွင် သက်ဆင်သည် မြန်မာနိုင်ငံရှိ ရဟန်းသံယာများကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်နေပုံကို ဖော်ပြထားသည်။

သတင်းဗီဒီယိုမှတ်တမ်းတစ်ခုတွင် သက်ဆင်၏ ခရီးစဉ်အသေးစိတ်ကို တစ်မိနစ်ကြာမျှ ထုတ်လွှင့်ပြသခဲ့သည်ဟုလည်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။ ယင်းသတင်းအဆိုအရ သက်ဆင်မှာ ရန်ကုန်မြို့ရှိ ချက်ထရီယံဟိုတယ်၏ ၁ဝ ထပ်မြောက်အထပ်တွင် တည်းခိုခဲ့ကြောင်း၊ ၎င်းနှင့်အတူ ဘန်ကောက်မြို့မှ ရင်းနှီးသူများလည်းပါကြောင်း၊ ၁ဝ ထပ်မြောက် အခန်းနှင့် ၈ ထပ်မြောက်အခန်းတို့အား အဆိုပါ ရင်းနှီးသူများမှ ငှားရမ်းခဲ့ကြောင်းတို့ကို ဖော်ပြထားသည်။

သုံးသပ်သူအချို့က သက်ဆင်သည် ထိုင်းနိုင်ငံတွင် ဆန္ဒပြမှုများကို ဦးဆောင်ကျင်းပနေသည့် အတိုက်အခံ နိုင်ငံရေးသမားများကို သွားရောက်တိုက်ခိုက်နိုင်ရန် မြန်မာနိုင်ငံသို့ လာရောက်၍ ယတြာချေခြင်း ဖြစ်သည်ဟုဆိုသည်။

သို့သော် Somchai Sawaengkarn ကမူ သက်ဆင်သည် ကုသိုလ်ရေးသက်သက်အတွက် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည် ဟုဆိုသည်။

သက်ဆင်၏ယခုခရီးစဉ်မှာ မြန်မာနိုင်ငံသို့ဒုတိယအကြိမ်လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မတ်လကလည်း သက်ဆင်သည် မြန်မာနိုင်ငံရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသို့ လာရောက်ခဲ့ဖူးကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားဖော်ပြသည်။

Mizzima - News  , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment