Pages

Pages - Menu

Saturday, February 15, 2014

ဟိုင်းလပ်နှင့် ဒိုင်နာ ခရီးသည်တင် ယာဉ်လိုင်းများ ရန်ကုန် စည်ပင်နယ်နိမိတ်တွင်း ပြေးဆွဲခွင့် ပိတ်သိမ်း

Photo: ဟိုင်းလပ်နှင့် ဒိုင်နာ ခရီးသည်တင် ယာဉ်လိုင်းများ ရန်ကုန် စည်ပင်နယ်နိမိတ်တွင်း ပြေးဆွဲခွင့် ပိတ်သိမ်း

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

ရန်ကုန်မြို့တော်တွင် ပြေးဆွဲနေသည့် ဟိုင်းလပ်နှင့် ဒိုင်နာခရီးသည်တင် ယာဉ်လိုင်းများအားလုံး ယနေ့ (ဖေဖော်ဝါရီလ ၁၅ ရက်နေ့) မှစတင်၍ ပြေးဆွဲခွင့် ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က The Voice သို့ ပြောကြားသည်။
“စည်ပင် နယ်နိမိတ် အတွင်းမှာပဲ မောင်းခွင့် မရှိတာပါ။ စည်ပင် နယ်နိမိတ် အပြင်မှာ လိုင်းဆွဲခွင့် ရှိပါတယ်” ဟု ဦးအောင်ခင်က ရှင်းပြသည်။

ယင်းယာဉ်လိုင်းများ ပြေးဆွဲခွင့် ရပ်နားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကနဦး ညွှန်ကြားချက်ဖြင့် မထသ (ဗဟို) သို့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အကောင်အထည် ဖော်ရန် ညွှန်ကြားခဲ့သော်လည်း ယာဉ်ပိုင်ရှင်များက လုပ်ငန်းများ ပြင်ဆင် သတ်မှတ်ရမည် ဖြစ်ခြင်းကြောင့် သတ်မှတ်ရက်ကို တစ်လနောက်ဆုတ် ပေးခဲ့ခြင်း ဖြစ်ကြောင်း လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) နှင့် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန (ပစန) တို့၏ ခွင့်ပြုချက် ရရှိပါက ဟိုင်းလပ်နှင့် ဒိုင်နာယာဉ် များကို ခရီးသည် တင်ယာဉ်လိုင်းများအစား ကိုယ်ပိုင် မော်တော်ယာဉ် (သို့မဟုတ်) လုပ်ငန်းသုံး မော်တော်ယာဉ်အဖြစ် မောင်းနှင်ခွင့် ရှိမည် ဖြစ်ကြောင်း လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
“၁၅ ရက်နေ့ဆို လိုင်းဆွဲလို့ မရတော့ဘူးလို့ ပြောတယ်” ဟု ရွှေပြည်သာ-အင်းစိန် ပြေးဆွဲနေသော စစ်မှုထမ်းဟောင်း ယာဉ်လိုင်းမှ ဟိုင်းလပ် ယာဉ်နောက်လိုက်တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မြို့တွင်း ခြောက်မြို့နယ်သို့ ဒိုင်နာနှင့် ဟိုင်းလပ် ယာဉ်လိုင်းများ ပြေးဆွဲခွင့်ကို ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ရပ်နားခဲ့ပြီး ယခု စည်ပင်သာယာ နယ်နိမိတ်အတွင်း အဆိုပါ ယာဉ်များ ပြေးဆွဲခွင့် ရပ်နားခြင်း ဖြစ်ကြောင်း မထသ (ဗဟို) ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒိုင်နာယာဉ်စီးရေ ၁၈၇၁ စီး၊ အဝေးပြေးတွင် ၁၀ စီး၊ စုစုပေါင်း ၁၈၈၁ စီးနှင့် ဟိုင်းလပ် ယာဉ်စီးရေမှာ ၈၅၀ စီး၊ အဝေးပြေးတွင် ၂၈ စီး၊ စုစုပေါင်း ၈၇၈ စီးရှိကြောင်း မထသ (ဗဟို) ၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice Weekly

RangonNewsDaily: February . 15 .2014
ရန်ကုန်မြို့တော်တွင် ပြေးဆွဲနေသည့် ဟိုင်းလပ်နှင့် ဒိုင်နာခရီးသည်တင် ယာဉ်လိုင်းများအားလုံး ယနေ့ (ဖေဖော်ဝါရီလ ၁၅ ရက်နေ့) မှစတင်၍ ပြေးဆွဲခွင့် ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က The Voice သို့ ပြောကြားသည်။“စည်ပင် နယ်နိမိတ် အတွင်းမှာပဲ မောင်းခွင့် မရှိတာပါ။ စည်ပင် နယ်နိမိတ် အပြင်မှာ လိုင်းဆွဲခွင့် ရှိပါတယ်” ဟု ဦးအောင်ခင်က ရှင်းပြသည်။

ယင်းယာဉ်လိုင်းများ ပြေးဆွဲခွင့် ရပ်နားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကနဦး ညွှန်ကြားချက်ဖြင့် မထသ (ဗဟို) သို့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အကောင်အထည် ဖော်ရန် ညွှန်ကြားခဲ့သော်လည်း ယာဉ်ပိုင်ရှင်များက လုပ်ငန်းများ ပြင်ဆင် သတ်မှတ်ရမည် ဖြစ်ခြင်းကြောင့် သတ်မှတ်ရက်ကို တစ်လနောက်ဆုတ် ပေးခဲ့ခြင်း ဖြစ်ကြောင်း လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) နှင့် ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန (ပစန) တို့၏ ခွင့်ပြုချက် ရရှိပါက ဟိုင်းလပ်နှင့် ဒိုင်နာယာဉ် များကို ခရီးသည် တင်ယာဉ်လိုင်းများအစား ကိုယ်ပိုင် မော်တော်ယာဉ် (သို့မဟုတ်) လုပ်ငန်းသုံး မော်တော်ယာဉ်အဖြစ် မောင်းနှင်ခွင့် ရှိမည် ဖြစ်ကြောင်း လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“၁၅ ရက်နေ့ဆို လိုင်းဆွဲလို့ မရတော့ဘူးလို့ ပြောတယ်” ဟု ရွှေပြည်သာ-အင်းစိန် ပြေးဆွဲနေသော စစ်မှုထမ်းဟောင်း ယာဉ်လိုင်းမှ ဟိုင်းလပ် ယာဉ်နောက်လိုက်တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မြို့တွင်း ခြောက်မြို့နယ်သို့ ဒိုင်နာနှင့် ဟိုင်းလပ် ယာဉ်လိုင်းများ ပြေးဆွဲခွင့်ကို ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ရပ်နားခဲ့ပြီး ယခု စည်ပင်သာယာ နယ်နိမိတ်အတွင်း အဆိုပါ ယာဉ်များ ပြေးဆွဲခွင့် ရပ်နားခြင်း ဖြစ်ကြောင်း မထသ (ဗဟို) ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒိုင်နာယာဉ်စီးရေ ၁၈၇၁ စီး၊ အဝေးပြေးတွင် ၁၀ စီး၊ စုစုပေါင်း ၁၈၈၁ စီးနှင့် ဟိုင်းလပ် ယာဉ်စီးရေမှာ ၈၅၀ စီး၊ အဝေးပြေးတွင် ၂၈ စီး၊ စုစုပေါင်း ၈၇၈ စီးရှိကြောင်း မထသ (ဗဟို) ၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice  , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment