Pages

Pages - Menu

Wednesday, February 5, 2014

ဧရာဝတီမြစ်ကမ်းနံဘေး ကျုးကျော်များအတွက် ရည်ရွယ်ဖွင့်သည့် ငွေကြယ်ပွင့်လေးများအခမဲ့ စာသင်ဝိုင်း တစ်လအတွင်းလူဦးရေနှစ်ဆတိုး

Photo: ဧရာဝတီမြစ်ကမ်းနံဘေး ကျုးကျော်များအတွက် ရည်ရွယ်ဖွင့်သည့်
ငွေကြယ်ပွင့်လေးများအခမဲ့ စာသင်ဝိုင်း တစ်လအတွင်းလူဦးရေနှစ်ဆတိုး
Wednesday, February 5, 2014

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရီဟေမာအနောက် (၂၆)ဘီလမ်း အမှတ် (၂၁)ကျောင်းနှင့် မျက်နှာချင်းဆိုင် တွင် ဧရာဝတီမြစ်ကမ်း နံဘေးကျူးကျော် များအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့်
ငွေကြယ်ပွင့်လေးများ စာသင်ဝိုင်းသို့ တက်ရောက်သည့်
ကျောင်းသားဦးရေမှာ တစ်လအတွင်း လူဦးရေနှစ်ဆတိုးလာ ကြောင်း ယင်းစာသင်ဝိုင်းထံက သိရ သည်။

ယင်းစာကျက်ဝိုင်းကို ဇန်နဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်တွင် တက်ရောက်သည့် ကျောင်းသားဦးရေမှာ ၇ဝကျော်သာ ရှိသေးသော်လည်း ယခုအခါ ကျောင်း သားဦးရေ ၁၅ဝ ကျော်သွားပြီ ဖြစ်သည့် အတွက် စာသင်ခုံအခက်အခဲကြုံတွေ့
နေရသည်ဟု ယင်းငွေကြယ်ပွင့်လေးများ စာသင်ဝိုင်း တာဝန်ခံဦးထွန်းကြည်က ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။

ယင်းစာကျက်ဝိုင်းကို (၂၆)ဘီလမ်း ကမ်းနားလမ်းတစ်လျှောက်၊ တာရိုးကြီး အောက်ဘက်တွင်နေထိုင်သည့် ကျူးကျော် မိသားစု ကလေးငယ်များ၏ ပညာရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခု လောလောဆယ်တွင် ပဉ္စမတန်းမှ အဋ္ဌမ တန်းအထိ ဖွင့်လှစ်ပေးထားခြင်းဖြစ်ကာ လာမည့် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် နဝမတန်းအထိ တိုးချဲ့ဖွင့်လှစ်သွားရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ယင်း စာသင်ဝိုင်းတည်ထောင်သူများက တညီ တညွတ်တည်းပြောသည်။
'ကလေးတွေက ညနေကျောင်းဆင်း ပြီးရင်ဆို သူတို့မိသားစုနဲ့ မြစ်ကမ်းနံဘေး မှာ သဲကျုံးရတယ်။ ကုန်ထမ်းရတယ်။အဲဒါကြောင့် ကျောင်းဆင်းပြီးပြီးချင်း စာသင်ပေးလို့မရဘူး။ သူတို့အလုပ်ပြီး ချိန် ညနေခြောက်နာရီကနေ ရှစ်နာရီကိုပဲ စာသင်ပေးရတယ်။ စာကျက်ပေးရတယ်။ဆရာတွေကလဲ ပညာဒါနလာလုပ်ပေး ကြပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိဘတွေ များတော့ ကလေးတွေအနေနဲ့ စာအုပ် စာတမ်းကအစ အခက်အခဲရှိတယ်'ဟု ယင်းအဖွဲ့တည်ထောင်သူတစ်ဦးဖြစ်သည့် ဦးစစ်ငြိမ်းအေးက ရှင်းပြသည်။

ငွေကြယ်ပွင့်လေးများစာသင်ဝိုင်းကို မူလစတင်ဖွင့်လှစ်စဉ်က ကျူရှင်မတက် နိုင်သည့် ညပိုင်းအိမ်တွင်စာကျက်ရန် မီး မရှိသည့် ကလေးငယ်များအတွက် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်သော်လည်း ကျောင်းသား ကျောင်းသူအချင်းချင်း ထိုစာသင်ဝိုင်း အကြောင်း ပြောဆိုရင်းဖြင့် ရပ်ကွက် အတွင်းရှိ တခြားကလေးငယ်များပါလာ ရောက်သင်ယူကြကြောင်း ၄င်းလက်ရှိ အခြေအနေကိုပြောသည်။ မိမိတို့မှာ ဧရာဝတီမြစ်ဘေးရှိ သရက်တပင်ကျေးရွာ မှလာရောက်သင်ယူခြင်းဖြစ်ပြီး စာကျက် ဝိုင်းမှ အိမ်သို့လှေဖြင့် နာရီဝက်ခန့် လှော်ခတ်လာရသည်ဟု သတ္တမတန်း ကျောင်းသားတစ်ဦးက ပြောသည်။

'အိမ်မှာ စာကျက်စရာ မီးမရှိဘူး။ ပြီးတော့ သားတို့ရပ်ကွက်မှာက အရက် သမားတွေပေါတော့ ပတ်ဝန်းကျင်က အရမ်းဆူတယ်။ ဒီမှာတော့ မီးထိန်ထိန် လင်းလင်းနဲ့စာကျက်ရလို့ စာတွေရတယ်။ ဆရာတွေကလဲ အသေးစိတ်ရှင်းပြတယ်။ သားအရင်က ကျောင်းမှာအဆင့် ၄ဝ ကျော်ရတာ၊ အခု ဒီလအဆင့် ၂ဝဝင်သွား ပြီ'ဟု တိုးတက်လာသည့် အခြေအနေကို ပြောပြသည်။

ငွေကြယ်ပွင့်လေးများ စာသင်ဝိုင်း အား ချမ်းအေးသာစံမြို့နယ်အတွင်းရှိ လူငယ်၁၃ဦးမှ တစ်ဦးလျှင် ကနဦး မတည်ငွေကျပ်ငါးထောင်စီထည့်ဝင်ကာ စတင်ခဲ့ခြင်းဖြစ်ပြီး သင်တန်းလိုအပ်ချက် များကို ၄င်းတို့ ၁၃ဦးမှအချိုးကျထည့် ဝင်ခဲ့ကြပြီး လက်ရှိအချိန်ထိ ပြင်ပ အလှူရှင်အနည်းငယ်မှ လှူဒါန်းမှုများ ရှိသော်လည်း ကလေးငယ်များ၏လိုအပ် ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင် ရန်အားနည်းချက်ရှိကြောင်း၊ ယင်းသင် တန်းကို ဆက်သွယ်လိုပါက တာဝန်ခံ ဦးထွန်းကြည် ဖုန်း-ဝ၉-၄ဝ၂၆၄၃၅၁၈ နှင့် ဦးကျော်ဇေယျ ဝ၉-၂၅၉ဝဝ၇၂ဝဝ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရ သည်။

The Union Daily

RangonNewsDaily: February . 4 .2014
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် သီရီဟေမာအနောက် (၂၆)ဘီလမ်း အမှတ် (၂၁)ကျောင်းနှင့် မျက်နှာချင်း
ဆိုင်တွင်ဧရာဝတီမြစ်ကမ်းနံဘေးကျူးကျော်များအတွက်ရည်ရွယ်ဖွင့်လှစ်ထားသည့်ငွေကြယ်ပွင့်လေးများ စာ
သင်ဝိုင်းသို့ တက်ရောက်သည့်ကျောင်းသားဦးရေမှာ တစ်လအတွင်း လူဦးရေနှစ်ဆတိုးလာ ကြောင်းယင်းစာ
သင်ဝိုင်းထံက သိရ သည်။ ယင်းစာကျက်ဝိုင်းကို ဇန်နဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်တွင် တက်ရောက်သည့်
 ကျောင်းသားဦးရေမှာ ၇ဝကျော်သာ ရှိသေးသော်လည်း ယခုအခါ ကျောင်း သားဦးရေ ၁၅ဝ ကျော်သွားပြီ
 ဖြစ်သည့် အတွက် စာသင်ခုံအခက်အခဲကြုံတွေ့နေရသည်ဟု ယင်းငွေကြယ်ပွင့်လေးများ စာသင်ဝိုင်း တာ
ဝန်ခံဦးထွန်းကြည်က ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။

ယင်းစာကျက်ဝိုင်းကို (၂၆)ဘီလမ်း ကမ်းနားလမ်းတစ်လျှောက်၊ တာရိုးကြီး အောက်ဘက်တွင်နေထိုင်သည့် ကျူးကျော် မိသားစုကလေးငယ်များ၏ပညာရေး အတွက်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ယခု လောလောဆယ်
တွင် ပဉ္စမတန်းမှ အဋ္ဌမ တန်းအထိ ဖွင့်လှစ်ပေးထားခြင်းဖြစ်ကာ လာမည့် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် နဝမတန်းအထိ တိုးချဲ့ဖွင့်လှစ်သွားရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ယင်း စာသင်ဝိုင်းတည်ထောင်သူများက တညီ တညွတ်တည်းပြောသည်။

'ကလေးတွေက ညနေကျောင်းဆင်း ပြီးရင်ဆို သူတို့မိသားစုနဲ့ မြစ်ကမ်းနံဘေး မှာ သဲကျုံးရတယ်။ ကုန်ထမ်း
ရတယ်။အဲဒါကြောင့် ကျောင်းဆင်းပြီးပြီးချင်း စာသင်ပေးလို့မရဘူး။ သူတို့အလုပ်ပြီး ချိန် ညနေခြောက်နာ
ရီကနေ ရှစ်နာရီကိုပဲ စာသင်ပေးရတယ်။ 
 
စာကျက်ပေးရတယ်။ဆရာတွေကလဲ ပညာဒါနလာလုပ်ပေး ကြပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိဘတွေ များတော့ ကလေးတွေအနေနဲ့ စာအုပ် စာတမ်းကအစ အခက်အခဲရှိတယ်'ဟု ယင်းအဖွဲ့တည်ထောင်သူတစ်ဦးဖြစ်
သည့် ဦးစစ်ငြိမ်းအေးက ရှင်းပြသည်။

ငွေကြယ်ပွင့်လေးများစာသင်ဝိုင်းကိုမူလစတင်ဖွင့်လှစ်စဉ်ကကျူရှင်မတက် နိုင်သည့်ညပိုင်းအိမ်တွင်စာကျက်
ရန် မီး မရှိသည့် ကလေးငယ်များအတွက် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်သော်လည်း ကျောင်းသား ကျောင်းသူအ
ချင်းချင်း ထိုစာသင်ဝိုင်း အကြောင်း ပြောဆိုရင်းဖြင့် ရပ်ကွက် အတွင်းရှိ တခြားကလေးငယ်များပါလာ ရောက်
သင်ယူကြကြောင်း ၄င်းလက်ရှိ အခြေအနေကိုပြောသည်။ မိမိတို့မှာ ဧရာဝတီမြစ်ဘေးရှိ သရက်တပင်ကျေး
ရွာ မှလာရောက်သင်ယူခြင်းဖြစ်ပြီး စာကျက် ဝိုင်းမှ အိမ်သို့လှေဖြင့် နာရီဝက်ခန့် လှော်ခတ်လာရသည်ဟု သတ္တမတန်း ကျောင်းသားတစ်ဦးက ပြောသည်။

'အိမ်မှာ စာကျက်စရာ မီးမရှိဘူး။ ပြီးတော့ သားတို့ရပ်ကွက်မှာက အရက် သမားတွေပေါတော့ ပတ်ဝန်းကျင်
က အရမ်းဆူတယ်။ဒီမှာတော့မီးထိန်ထိန် လင်းလင်းနဲ့စာကျက်ရလို့ စာတွေရတယ်။ ဆရာတွေကလဲ အသေး
စိတ်ရှင်းပြတယ်။ သားအရင်က ကျောင်းမှာအဆင့် ၄ဝ ကျော်ရတာ၊ အခု ဒီလအဆင့် ၂ဝဝင်သွား ပြီ'ဟု တိုး
တက်လာသည့် အခြေအနေကို ပြောပြသည်။

ငွေကြယ်ပွင့်လေးများ စာသင်ဝိုင်း အား ချမ်းအေးသာစံမြို့နယ်အတွင်းရှိ လူငယ်၁၃ဦးမှ တစ်ဦးလျှင် ကနဦး မ
တည်ငွေကျပ်ငါးထောင်စီထည့်ဝင်ကာ စတင်ခဲ့ခြင်းဖြစ်ပြီး သင်တန်းလိုအပ်ချက် များကို ၄င်းတို့ ၁၃ဦးမှအချိုး
ကျထည့် ဝင်ခဲ့ကြပြီးလက်ရှိအချိန်ထိ ပြင်ပ အလှူရှင်အနည်းငယ်မှ လှူဒါန်းမှုများ ရှိသော်လည်း ကလေးငယ်
များ၏လိုအပ် ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင် ရန်အားနည်းချက်ရှိကြောင်း၊ ယင်းသင် တန်းကို ဆက်
သွယ်လိုပါက တာဝန်ခံ ဦးထွန်းကြည် ဖုန်း-ဝ၉-၄ဝ၂၆၄၃၅၁၈ နှင့် ဦးကျော်ဇေယျ ဝ၉-၂၅၉ဝဝ၇၂ဝဝ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရ သည်။

The Union Daily, kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment