Pages

Pages - Menu

Wednesday, February 5, 2014

အီရတ်မြို့တော်တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား

Photo: အီရတ်မြို့တော်တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား
Wednesday, February 5, 2014

ဗုံးပေါက်ကွဲမှုများမှာ အစိုးရရုံးများ တည်ရှိရာ လုံခြုံရေးထူထပ်စွာ ချထားသည့် ဘဂ္ဂဒက်ရှိ Green Zone အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လယ်တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့မှုရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးကြောင်း သိရသည်။ ယနေ့ ဗုံးပေါက်ကွဲမှုများမှာ အစိုးရရုံးများ တည်ရှိရာ လုံခြုံရေးထူထပ်စွာ ချထားသည့် ဘဂ္ဂဒက်ရှိ Green Zone အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗုံးပေါက်ကွဲမှုများအနက် နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံ အပြင်ဘက်တွင် ကားဗုံးနှစ်လုံး ဆက်တိုက်ပေပါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါ ကားဗုံးနှစ်လုံး ပေါက်ကွဲမှုမကြောင့် လူ ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ အနီးအနားရှိ စားသောက်ဆိုင်အတွင်း အသေခံဗုံးခွဲသမားက ဗုံးဖောက်ခွဲခဲ့မှုကြောင့် လူ ၅ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ဘဂ္ဂဒက်ရှိ စီးပွားရေးလုပ်ငန်းများ စုဝေးတည်ရှိရာ အဆောက်အအုံ၏ ကားရပ်နားနေရာတွင်လည်း ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူ ၄ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိသွားသည်။ ယနေ့ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများအတွင်း သေဆုံးသူ အရေအတွက်ကို ဆေးဘက်ဆိုင်ရာ တာဝန်ရှိများကလည်း အတည်ပြုခဲ့ကြောင်း AP သတင်းတွင် ဖော်ပြသည်။

Planet Myanmar Network

RangonNewsDaily: February . 5 .2014
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လယ်တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့မှုရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးကြောင်း သိရသည်။ ယနေ့ ဗုံးပေါက်ကွဲမှုများမှာ အစိုးရရုံးများ တည်ရှိရာ လုံခြုံရေးထူထပ်စွာ ချထားသည့် ဘဂ္ဂဒက်ရှိ Green Zone အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗုံးပေါက်ကွဲမှုများအနက် နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံ အပြင်ဘက်တွင် ကားဗုံးနှစ်လုံး ဆက်တိုက်ပေပါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါ ကားဗုံးနှစ်လုံး ပေါက်ကွဲမှုမကြောင့် လူ ၇ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ အနီးအနားရှိ စားသောက်ဆိုင်အတွင်း အသေခံဗုံးခွဲသမားက ဗုံးဖောက်ခွဲခဲ့မှုကြောင့် လူ ၅ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ဘဂ္ဂဒက်ရှိ စီးပွားရေးလုပ်ငန်းများ စုဝေးတည်ရှိရာ အဆောက်အအုံ၏ ကားရပ်နားနေရာတွင်လည်း ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး လူ ၄ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိသွားသည်။ 
 
ယနေ့ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများအတွင်း သေဆုံးသူ အရေအတွက်ကို ဆေးဘက်ဆိုင်ရာ တာဝန်ရှိများကလည်း အတည်ပြုခဲ့ကြောင်း AP သတင်းတွင် ဖော်ပြသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment