Pages

Pages - Menu

Sunday, February 16, 2014

ပြိုင်ကားအုပ်စုမှ ၀ိုင်းဝန်းရိုက်နှက်သဖြင့် အငှားယာဉ်မောင်းနှင့် ခရီးသည်တို့ဒဏ်ရာရသည့်အပြင် အငှားယာဉ်ပျက်စီး

RangonNewsDaily: February . 16 .2014
၁၆.၂.၂၀၁၄ ရက်နေ့ ၀၁၁၅ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ အငှားယာဉ်မောင်း ကိုသက်ဇင်ဝင်းသည် ၎င်း၏ စူပါရုဗင်အငှားယာဉ်ဖြင့် ခရီးသည်အမျိုးသား(၃)ဦးအား တင်ဆောင်ကာ မင်္ဂလာဒုံမြို့နယ်မှ လသာမြို့နယ် သို့ ပို့ဆောင်ရန်အတွက် ပြည်လမ်းအတိုင်းမောင်းနှင် လာခဲ့ပါသည်။
ထိုသို့မောင်းနှင်လာရာ (၇)မိုင် ကားမှတ်တိုင်အနီးအရောက် ယာဘက် ပလက်ဖောင်းဘေး ကပ်လျက်ယာဉ်ကြော၌ ရပ်ထားသော ဟွန်ဒါစီဗစ်(နံပါတ်မမှတ်မိ)ယာဉ်အား ကျော်တက်မောင်းနှင်လာခဲ့ရာ လှိုင်မြို့နယ်၊ (၁၁)ရပ်ကွက်၊ (၆)မိုင်ခွဲမှတ်တိုင်အနီးအရောက်၌ ပြိုင်ကား(၁)စီး(နံပါတ်မမှတ်မိ)မှ ကျော်တက်ပြီးရှေ့မှပိတ်ရပ်ခဲ့သဖြင့် ကိုသက်ဇင်ဝင်းမှ ပြန်လည်ကျော်တက်ကာ ဆက်လက်မောင်းနှင်စဉ် အခြားပြိုင်ကားတစ်စီး(နံပါတ်မမှတ်မိ)မှ ရှေ့မှထပ်မံပိတ်ရပ်ခဲ့သဖြင့် ထပ်မံကျော်တက်ရန်ပြုစဉ် ဟွန်ဒါစီဗစ်ယာဉ်မှ ဘေးဘက်မှ ပိတ်ရပ် ခဲ့သောကြောင့် ဆက်လက်မောင်းနှင်၍မရတော့သဖြင့် ယာဉ်အား ရပ်တန့်ခဲ့ရပါသည်။

ထိုစဉ် နောက်ထပ် ပြိုင်ကား(၂)စီးထပ်မံရောက်ရှိလာပြီး ၎င်းတို့ပြိုင်ကား (၅)စီးမှာ ၀ိုင်းရံထားခဲ့သဖြင့် ကိုသက်ဇင်ဝင်းက ယာဉ်ပေါ်မှဆင်းကာ
တောင်းပန်ပြောဆိုစဉ် အဆိုပါပြိုင်ကားများပေါ်မှ အသက်(၂၀)ကျော်ခန့်ရှိ အမျိုးသား(၅)ဦးတို့မှာ ဘေ့စ်ဘောတုတ်များ ကိုင်ဆောင်ဆင်းလာကြကာ တစ်ဦးမှ ကိုသက်ဇင်ဝင်းအား ရိုက်နှက်ခဲ့ပြီး၊ကျန်(၄)ဦးမှကိုသက်ဇင်ဝင်း၏ အငှားယာဉ်အား ၀ိုင်းဝန်းထုရိုက်ကြပြီးနောက် ပြိုင်ကားများအား
မောင်းနှင်ထွက်ခွာသွားကြပါသည်။

ပြိုင်ကားမောင်းသူများ၏ ရိုက်နှက်မှုကြောင့် ကိုသက်ဇင်ဝင်းတွင် ယာပခုံး အရေပြားပွန်းစုတ်၊ ဦးခေါင်းယာဘက် နှင့်ဝဲလက်ခုံတို့နာကျင်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ယာဉ်ပေါ်ပါခရီးသည်(၃)ဦးအနက် အခင်းဖြစ်ပွားနေစဉ်
က (၂)ဦးမှာထွက်ပြေးသွားကြသော်လည်း ကျန်နေခဲ့သည့် ခရီးသည် ကိုအင်ထိတ်ကြန့်တွင် ၀ဲပေါင်နှင့်ဝဲတံတောင် တို့၌ နာကျင်ဒဏ်ရာများ ရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာများ အဖြစ်ဆေးကုသ ခဲ့ရပါသည်။

ပြိုင်ကားမောင်းသူများ၏ ရိုက်နှက်မှုကြောင့် ကိုသက်ဇင်ဝင်း၏အငှားယာဉ်
မှာ ရှေ့ဘောနက်၊ ၀ဲပါးခြမ်း၊ ၀ဲ/ယာ ရှေ့တံခါး၊ နောက်ဖုံးများပိန်ချိုင့်ကာ
ရှေ့လေကာမှန်၊ နောက်လေကာမှန်၊ နောက်ခန်းဝဲ/ယာတံခါးမှန်၊ ယာဘက် နောက်ကြည့်မှန်တို့ကွဲအက် ပျက်စီးခဲ့ပါသည်။

ယင်းသို့ ကျူးလွန်ခဲ့ကြသည့် ပြိုင်ကားမောင်းသူ(၅)ဦး(စုံစမ်းဆဲ)အား အရေးယူပေးပါရန် ကိုသက်ဇင်ဝင်းမှတိုင်တန်းခဲ့သဖြင့် လှိုင်မြို့မရဲစခန်း (ပ)၇၆/၂၀၁၄၊ ပုဒ်မ ၄၄၀၊၃၂၅/၄၂၇/၁၁၄ ဖြင့်အမှုဖွင့်ကာ စုံစမ်း
ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Myawady News , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment