Pages

Pages - Menu

Monday, February 17, 2014

ကားအရောင်ပြခန်းဖွင့်လှစ်ရန်ခက်ခဲမှုကြောင့် ဆိပ်ကမ်းကို အရောင်းပြခန်းသဖွယ်အသုံးပြု၍ရောင်းချလာ

RangonNewsDaily: February . 17 .2014
ပြည်ပမှတင်သွင်းသည့်ကားများကို အချို့ကားတင်သွင်းသူများက အရောင်းပြခန်းဖွင့်ရန်အခက်အခဲကြောင့်
ဆိပ်ကမ်းကိုသာအရောင်းပြခန်းသဖွယ်အသုံးပြု၍ရောင်းချလာကြကြောင်း သတင်းရရှိသည်။အဆိုပါ ပြည်ပမှတင်သွင်းသည့် ကားများကို ဆိပ်ကမ်းတွင် ရက်ပေါင်း ၆၀ အထိအခမဲ့ထားခွင့်ရှိသည့်အတွက် ကားတင်သွင်းသူအချို့ ဆိပ်ကမ်းတွင်သာအရောင်းအဝယ်လုပ်ကြကြောင်း၊ ထိုသို့ အချိန်ကြာလာသည်နှင့်
အမျှ ဆိပ်ကမ်းတန်ဆာခများတက်လာပြီး အရှုံးများသည့်အတွက် အချို့မှာကားများကို ထုတ်ယူခြင်းမရှိတော့ဘဲ ပစ်ထားခဲ့ကြကြောင်း ကားတင်သွင်းသူ ကိုအောင်ကပြောကြားသည်။

“နောက်ပိုင်းမှာ အရှုံးများတဲ့အတွက်ကာမိအောင်ဆိုပြီးတိုက်ကြေကားတွေကိုတင်သွင်းလာကြတယ်၊အဲဒီလူတွေကfreeပါမစ်
တွနဲ့သွင်းတာများတယ်၊ မှားသွင်းမိရင်လဲ တစ်နှစ်ပါမစ်ပိတ်ခံရတဲ့အတွက် တစ်ချို့ကုမ္ပဏီတွေကမသွင်းကြတော့ဘူး”ဟု ၎င်းကပြောသည်။

ဆိပ်ကမ်းများတွင်ကားများလာရောက်ထုတ်ယူရန်သောင်းဂဏန်းရှိနေပြီးအချို့ကားများမှာလုံးဝလာရောက်ထုတ်ယူမှုမရှိပဲအဆုံးခံ

လိုက်သည့်ကားများပါဝင်ကြောင်း ၊ ထိုသို့ဖြစ်ခြင်းမှာ တိုက်ကြေကားများသည် ပြည်တွင်း၌ ဈေးနိမ့်ကျသည့်အပြင်ဆိပ်ကမ်း
ဒဏ်ကြေးနှင့် အခွန်များပေးဆောင်ပြီးရောင်းချပါက ရှုံးမည်ဖြစ်သောကြောင့် အရှုံးကိုကာမိစေရန် မထုတ်ယူကြတော့ကြောင်း ၎င်းကပြောသည်။

အကောက်ခွန်ဥပဒေနှင့်အညီ တင်သွင်းခွင့်နှင့် ယဉ်အိုယာဉ်ဟောင်း အစားထိုးစီမံချက်ဖြင့် တင်သွင်းခွင့်ပြုခဲ့သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် ဇန်နဝါရီလအထိ ယာဉ်စီးရေ ၂၅၈၄၄၈ စီး တင်သွင်းခွင့်ပြုခဲ့ပြီး အခွန်ငွေ ကျပ် ၇၃၈ ဘီလီယံ ရရှိခဲ့ကြောင်း သတင်း

ရရှိသည်။

မြန်မာ့ခေတ် , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment