Pages

Pages - Menu

Monday, February 10, 2014

ခြင်ဆေးခွေ ထွန်းထားရာမှ သာကေတမြို့နယ်တွင် အိမ်ငါးလုံး မီးလောင်ဆုံးရှုံး

Photo: ခြင်ဆေးခွေ ထွန်းထားရာမှ သာကေတမြို့နယ်တွင် အိမ်ငါးလုံး မီးလောင်ဆုံးရှုံး
Monday, February 10, 2014

သာကေတမြို့နယ် အမှတ် (၇) အရှေ့ရပ်ကွက်၊ ဇီဇဝါလမ်းရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်အိမ်တွင် ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က အိပ်ရာအနီးတွင် ခြင်ဆေးခွေ ထွန်းထားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ နှစ်ထပ်အိမ်တွင် ခြင်ဆေးခွေ ထွန်းထားရာမှ အနီးတွင်ရှိသော မွေ့ရာကို မီးကူးစက် လောင်ကျွမ်းခဲ့ရာမှာ အလျားပေ ၂၀၊ အနံ ၄၀ ပေရှိသော သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်အိမ်တစ်လုံး၊ အလျား ပေ ၂၀၊ အနံ ပေ ၄၀ ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်အိမ်တစ်လုံး၊ အလျား ၁၀ ပေ၊ အနံပေ ၄၀ ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းတစ်ထပ် အိမ်သုံးလုံး စုစုပေါင်း အိမ်ငါးလုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အချိန်တိုအတွင်း အိမ်ငါးလုံးကို မီးလောင်ကျွမ်းခဲ့သဖြင့် ပစ္စည်းယူချိန်မရဘဲ ကိုယ်လွတ်ရုံး ပြေးခဲ့ရကြောင်း အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် အိမ်တစ်လုံးတွင် နေထိုင်သူ အသက် ၂၀ ကျော် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၂၄ စီး၊ မီးသတ်စက်ယာဉ်တစ်စီး၊ အထောက်အကူပြု ယာဉ်လေးစီး၊ အုပ်ချုပ်မှု ယာဉ်သုံးစီးနှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၁၆၇ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၅၆ ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် ၃၂ ဦးဖြင့် မိနစ် ၃၀ ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းမီးလောင်မှုကြောင့် ဦးအောင်ခင်ကို (ပ) ၉၂/၂၀၁၄/ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သာကေတ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

RangonNewsDaily: February . 10 .2014
သာကေတမြို့နယ် အမှတ် (၇) အရှေ့ရပ်ကွက်၊ ဇီဇဝါလမ်းရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်အိမ်တွင် ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က အိပ်ရာအနီးတွင် ခြင်ဆေးခွေ ထွန်းထားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ နှစ်ထပ်အိမ်တွင် ခြင်ဆေးခွေ ထွန်းထားရာမှ အနီးတွင်ရှိသော မွေ့ရာကို မီးကူးစက် လောင်ကျွမ်းခဲ့ရာမှာ အလျားပေ ၂၀၊ အနံ ၄၀ ပေရှိသော သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်အိမ်တစ်လုံး၊ အလျား ပေ ၂၀၊ အနံ ပေ ၄၀ ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ်အိမ်တစ်လုံး၊ အလျား ၁၀ ပေ၊ အနံပေ ၄၀ ရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းတစ်ထပ် အိမ်သုံးလုံး စုစုပေါင်း အိမ်ငါးလုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အချိန်တိုအတွင်း အိမ်ငါးလုံးကို မီးလောင်ကျွမ်းခဲ့သဖြင့် ပစ္စည်းယူချိန်မရဘဲ ကိုယ်လွတ်ရုံး ပြေးခဲ့ရကြောင်း အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် အိမ်တစ်လုံးတွင် နေထိုင်သူ အသက် ၂၀ ကျော် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၂၄ စီး၊ မီးသတ်စက်ယာဉ်တစ်စီး၊ အထောက်အကူပြု ယာဉ်လေးစီး၊ အုပ်ချုပ်မှု ယာဉ်သုံးစီးနှင့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၁၆၇ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၅၆ ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် ၃၂ ဦးဖြင့် မိနစ် ၃၀ ကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းမီးလောင်မှုကြောင့် ဦးအောင်ခင်ကို (ပ) ၉၂/၂၀၁၄/ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သာကေတ ရဲစခန်းထံမှ သိရှိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment