Pages

Pages - Menu

Saturday, February 8, 2014

သုဝဏ္ဏဘူမိမြို့ဟောင်းဟု ယူဆရသည့် အဆောက်အအုံအချို့ ဘီးလင်း၌တွေ့ရှိ

Photo: |သုဝဏ္ဏဘူမိမြို့ဟောင်းဟု ယူဆရသည့် အဆောက်အအုံအချို့
ဘီးလင်း၌တွေ့ရှိ|
Friday, February 7, 2014

မွန်ပြည်နယ်အတွင်းရှိ သုဝဏ္ဏဘူမိမြို့ဟောင်းတည်ရှိခဲ့သည်ဟု ယူဆ ရသည့်နေရာများ၌ တူးဖော်မှုလုပ်ငန်းများ ဆောင်ရွက်နေပြီး လက်ရှိတွင်
ရှေးဟောင်း အဆောက်အအုံအချို့ ထပ်မံတူးဖော်မိနေပြီဖြစ်ကြောင်း သုဝဏ္ဏဘူမိသမိုင်း သုတေသီများထံမှ သိရသည်။

ယခုနှစ် ဇန်န၀ါရီ ၁၇ရက်မှစ၍ ဘီးလင်းမြို့နယ် တောင်ကြီးရွာရှိ အုတ်ပေါက်နေရာ၌ စတင်တူးဖော်ခဲ့ပြီး ယခုအခါ မြို့ရိုးတစ်ခု၏ အဆောက်အအုံပိုင်းများကို တူးဖော်နေပြီဟု သိရသည်။

ဘီးလင်းမြို့နယ် ၀င်းကရွာ၌ ၁၉၇၅ ခုနှစ်က တူးဖော်ခဲ့သော ရှေးဟောင်း အဆောက်အအုံများအနီးတွင် တူးဖော်မှု တစ်ခုပြုလုပ်နေပြီး ဘာသာ
ရေးအဆောက်အအုံဟု ယူဆရသည့် အဆောက်အအုံတစ်ခုကို တူးဖော်မိနေပြီဖြစ်သည်။

' ၁၉၇၅ခုနှစ်လောက်တုန်းက ဒီနေရာမှာ တူးဖော်မှုတွေ လုပ်ခဲ့ဖူးတယ်။
နောက်ပြီးတော့ ဆက်မတူးဖော်ဘဲရပ်ထားတယ်။ လေ့လာမှုတွေတော့ ဆက်တိုက်လုပ်ခဲ့ကြပါတယ်။ အဲဒီတုန်းက ဘာသာရေးအဆောက်အအုံလို့ ယူဆရတဲ့ အရာတွေ တူးဖော်မိတာပါ။ အခုလည်း အဲဒီအနီးအနားမှာ တူးဖော်မှုတွေ လုပ်နေတာပါ။ သုဝဏ္ဏဘူမိလို့တော့ ပြောလို့မရသေးပါဘူး။ မြို့ဟောင်းတော့ရှိတယ်။ သုဝဏ္ဏဘူမိ ဆိုတာကို သက်သေပြနိုင်မှ သုဝဏ္ဏ ဘူမိလို့ ဆိုနိုင်မှာပါ။

တူးဖော်မိတဲ့ အဆောက်အအုံတွေကို ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ပြီး အများပြည်သူလေ့လာနိုင်အောင် စီစဉ်သွားပါမယ် ' ဟု ယဉ်ကျေး မှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောဆိုသည်။

သုဝဏ္ဏဘူမိ မြို့ဟောင်းဟုယူဆ ရသောနေရာကို တူးဖော်ရန်အတွက် လတ်တလောတွင် နေရာငါးခုလျာထားပြီး ဘီးလင်းမြို့နယ် တောင်ကြီးရွာရှိ အုတ်ပေါက်နေရာ၊ ဘီးလင်းမြို့နယ် ယက်ကန်းသမရွာတွင် တစ်နေရာ၊ ဘီးလင်းမြို့နယ် မြသပိတ်ဘုရား အတက်လမ်း ကျောက်သမ္ဗန်မြို့ရိုး၌ တစ်နေရာ၊ သထုံမြို့ အထက (၁)၊ ဇေတ၀န်ကျောင်း၊ လေယာဉ်ကွင်း၊
ဂေါက်ကွင်းစသည့် နေရာများနှင့် လိပ်အင်းကျေးရွာစသော နေရာများတွင် တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု သိရသည်။

' ကျွန်တော်တို့အနေနဲ့ သိပ္ပံနည်းကျသက်သေပြဖို့လိုပါတယ်။
ခေတ်မီ ရှေးဟောင်းသုတေသနနည်းကိုသုံးပြီး ဆက်လေ့လာသွားမယ်။ ၀င်းကရွာမှာ အုတ်ကုန်း အုတ်ထပ်တွေ အပြည့်ရှိနေပါတယ်။ ဒါကြောင့် ဒီနေရာဟာ ရှေးဟောင်းနေရာပဲဆိုတာ တန်းပြောလို့ ရတယ်။
ပြည်သူတွေနေခဲ့တဲ့ အဆောက်အအုံတွေနဲ့ နန်းတော်ကုန်းကို ပင်လယ် ရေတိုက်စားမှုကြောင့် ပါသွားတယ်လို့ ယူဆပါတယ်။ အခုလောလောဆယ် ဘာသာရေး အဆောက်အအုံတွေပဲ ကျန်တယ်။ အချို့ပစ္စည်းတွေကို မတွေ့နိုင်တော့ဘူး။ ဒါတွေက ဆုံးရှုံးမှုတွေ ပေါ့။ မြို့ရဲ့သက်တမ်းကိုတော့ သုဝဏ္ဏဘူမိခေတ်ထဲကို ထည့်တွက်လို့ရပါတယ် '
ဟု သမိုင်းသုတေသန လက်ထောက် ညွှန်ကြားရေးမှူး အငြိမ်းစား ဦးစံဝင်းက ပြောဆိုခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ


RangonNewsDaily: February . 7 .2014
မွန်ပြည်နယ်အတွင်းရှိ သုဝဏ္ဏဘူမိမြို့ဟောင်းတည်ရှိခဲ့သည်ဟု ယူဆ ရသည့်နေရာများ၌ တူးဖော်မှုလုပ်ငန်းများ ဆောင်ရွက်နေပြီး လက်ရှိတွင်
ရှေးဟောင်း အဆောက်အအုံအချို့ ထပ်မံတူးဖော်မိနေပြီဖြစ်ကြောင်း သုဝဏ္ဏဘူမိသမိုင်း သုတေသီများထံမှ သိရသည်။ ယခုနှစ် ဇန်န၀ါရီ ၁၇ရက်မှစ၍ ဘီးလင်းမြို့နယ် တောင်ကြီးရွာရှိ အုတ်ပေါက်နေရာ၌ စတင်တူးဖော်ခဲ့ပြီး ယခုအခါ မြို့ရိုးတစ်ခု၏ အဆောက်အအုံပိုင်းများကို တူးဖော်နေပြီဟု သိရသည်။

ဘီးလင်းမြို့နယ် ၀င်းကရွာ၌ ၁၉၇၅ ခုနှစ်က တူးဖော်ခဲ့သော ရှေးဟောင်း အဆောက်အအုံများအနီးတွင် တူးဖော်မှု တစ်ခုပြုလုပ်နေပြီး ဘာသာ
ရေးအဆောက်အအုံဟု ယူဆရသည့် အဆောက်အအုံတစ်ခုကို တူးဖော်မိနေပြီဖြစ်သည်။

' ၁၉၇၅ခုနှစ်လောက်တုန်းက ဒီနေရာမှာ တူးဖော်မှုတွေ လုပ်ခဲ့ဖူးတယ်။
နောက်ပြီးတော့ ဆက်မတူးဖော်ဘဲရပ်ထားတယ်။ လေ့လာမှုတွေတော့ ဆက်တိုက်လုပ်ခဲ့ကြပါတယ်။ အဲဒီတုန်းက ဘာသာရေးအဆောက်အအုံလို့ ယူဆရတဲ့ အရာတွေ တူးဖော်မိတာပါ။ အခုလည်း အဲဒီအနီးအနားမှာ တူးဖော်မှုတွေ လုပ်နေတာပါ။ သုဝဏ္ဏဘူမိလို့တော့ ပြောလို့မရသေးပါဘူး။ မြို့ဟောင်းတော့ရှိတယ်။ သုဝဏ္ဏဘူမိ ဆိုတာကို သက်သေပြနိုင်မှ သုဝဏ္ဏ ဘူမိလို့ ဆိုနိုင်မှာပါ။

တူးဖော်မိတဲ့ အဆောက်အအုံတွေကို ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ပြီး အများပြည်သူလေ့လာနိုင်အောင် စီစဉ်သွားပါမယ် ' ဟု ယဉ်ကျေး မှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောဆိုသည်။

သုဝဏ္ဏဘူမိ မြို့ဟောင်းဟုယူဆ ရသောနေရာကို တူးဖော်ရန်အတွက် လတ်တလောတွင် နေရာငါးခုလျာထားပြီး ဘီးလင်းမြို့နယ် တောင်ကြီးရွာရှိ အုတ်ပေါက်နေရာ၊ ဘီးလင်းမြို့နယ် ယက်ကန်းသမရွာတွင် တစ်နေရာ၊ ဘီးလင်းမြို့နယ် မြသပိတ်ဘုရား အတက်လမ်း ကျောက်သမ္ဗန်မြို့ရိုး၌ တစ်နေရာ၊ သထုံမြို့ အထက (၁)၊ ဇေတ၀န်ကျောင်း၊ လေယာဉ်ကွင်း၊
ဂေါက်ကွင်းစသည့် နေရာများနှင့် လိပ်အင်းကျေးရွာစသော နေရာများတွင် တူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု သိရသည်။

' ကျွန်တော်တို့အနေနဲ့ သိပ္ပံနည်းကျသက်သေပြဖို့လိုပါတယ်။
ခေတ်မီ ရှေးဟောင်းသုတေသနနည်းကိုသုံးပြီး ဆက်လေ့လာသွားမယ်။ ၀င်းကရွာမှာ အုတ်ကုန်း အုတ်ထပ်တွေ အပြည့်ရှိနေပါတယ်။ ဒါကြောင့် ဒီနေရာဟာ ရှေးဟောင်းနေရာပဲဆိုတာ တန်းပြောလို့ ရတယ်။

ပြည်သူတွေနေခဲ့တဲ့ အဆောက်အအုံတွေနဲ့ နန်းတော်ကုန်းကို ပင်လယ် ရေတိုက်စားမှုကြောင့် ပါသွားတယ်လို့ ယူဆပါတယ်။ အခုလောလောဆယ် ဘာသာရေး အဆောက်အအုံတွေပဲ ကျန်တယ်။ အချို့ပစ္စည်းတွေကို မတွေ့နိုင်တော့ဘူး။
 
ဒါတွေက ဆုံးရှုံးမှုတွေ ပေါ့။ မြို့ရဲ့သက်တမ်းကိုတော့ သုဝဏ္ဏဘူမိခေတ်ထဲကို ထည့်တွက်လို့ရပါတယ် '
ဟု သမိုင်းသုတေသန လက်ထောက် ညွှန်ကြားရေးမှူး အငြိမ်းစား ဦးစံဝင်းက ပြောဆိုခဲ့သည်။

စံတော်ချိန် , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment