Pages

Pages - Menu

Saturday, February 15, 2014

စင်ကာပူလေကြောင်းပြပွဲ အရောင်းအ၀ယ် ဒေါ်လာ ၃၂ ဘီလီယံကျော် တန်ဖိုးရှိ

Photo: စင်ကာပူလေကြောင်းပြပွဲ အရောင်းအ၀ယ် ဒေါ်လာ ၃၂ ဘီလီယံကျော် တန်ဖိုးရှိ

ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၄

ခရီးတို ပျံသန်းပြေးဆွဲမည့် လေယာဉ်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်
ရေးအတွက် စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော စင်ကာပူလေကြောင်း ပြပွဲ၌ အာရှလေကြောင်းလိုင်းများက လေယာဉ်များအပြိုင်အဆိုင်မှာ ယူခဲ့ကြရာ ယင်းလေကြောင်းပြပွဲအတွင်း ရယူနိုင်ခဲ့သည့်သဘာတူညီချက်များ၏
စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံကျော်ဖြင့် စံချိန်သစ်တင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၄ ရက် သတင်းများ၌ ဖော်ပြသည်။

ဥရောပအခြေစိုက် အဲဘတ်စ်လေယာဉ်ကုမ္ပဏီထုတ် အေ-၃၂၀ လေ
ယာဉ်များနှင့် အေ ၃၈၀ ဂျမ်ဘိုဂျက်လေယာဉ်များမှာ အာရှလေကြောင်း
လိုင်းများ အကြိုက် လေယာဉ်များဖြစ်ခဲ့ပြီးအမှာစာတန်ဖိုး အမေရိကန်
ဒေါ်လာ ၁၅ ဘီလီယံနီးပါး ရရှိခဲ့ကြောင်းလေ ကြောင်းပြပွဲစီစဉ်သူများက
ပြောကြားသည်။

စင်ကာပူလေကြောင်းပြပွဲ (၂၀၁၄)၌ လေယာဉ်အမှာစာ တန်ဖိုး စံချိန်တင်
မြင့်မားခဲ့ရခြင်းသည် ထွန်းသစ်စ အာရှလေကြောင်းလိုင်းများလည်း
ဈေးကွက်အတွင်း ပါဝင်လာမှုကြောင့် ဖြစ်ကြောင်းပွဲစီစဉ်သူများက သုံးသပ်ထားသည်။

စင်ကာပူလေကြောင်းပြပွဲ၌ဗီယက်နမ်နိုင်ငံ ဗီယက်ဂျက်လေကြောင်း
လိုင်းက အမေရိကန်ဒေါ်လာ ၆ ဒသမ၄ ဘီလီယံတန်ဖိုးရှိ အေ ၃၂၀ ဂျက်လေယာဉ် ၆၃ စင်းကို အဲဘတ်စ်ကုမ္ပဏီမှဝယ်ယူရန် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ထိုင်းအခြေစိုက် နော့ခ်အဲလေကြောင်းလိုင်းကလည်း အမေရိကန်အခြေစိုက် ဘိုးအင်းကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၁ ဒသမ
၄၅ ဘီလီယံတန်ဖိုးရှိ ဘီ ၇၃၇ လေယာဉ် ၁၅ စင်း ၀ယ်ယူရန် သဘောတူညီခဲ့သည်။

အလားတူ မြန်မာနိုင်ငံမှ မြန်မာလေကြောင်းလိုင်းကလည်း စင်ကာပူ
လေကြောင်းပြပွဲ၌ ဘိုးအင်း ၇၃၇ လေယာဉ် ၁၀ စင်း ငှားရမ်းပြေးဆွဲရန် ဘိုးအင်းကုမ္ပဏီနှင့် သဘောတူညီမူ ရယူခဲ့ရာအာရှဒေသမှာ ကမ္ဘာ့လေကြောင်း ပျံသန်းမှု ဈေးကွက်သစ် ဖြစ်လာသည့်သဘောကို
ရည်ညွှန်းကြောင်း သတင်းများတွင်ဖော်ပြထားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

RangonNewsDaily: February . 15 .2014
ခရီးတို ပျံသန်းပြေးဆွဲမည့် လေယာဉ်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်
ရေးအတွက် စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော စင်ကာပူလေကြောင်း ပြပွဲ၌ အာရှလေကြောင်းလိုင်းများက လေယာဉ်များအပြိုင်အဆိုင်မှာ ယူခဲ့ကြရာ ယင်းလေကြောင်းပြပွဲအတွင်း ရယူနိုင်ခဲ့သည့်သဘာတူညီချက်များ၏
စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံကျော်ဖြင့် စံချိန်သစ်တင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၄ ရက် သတင်းများ၌ ဖော်ပြသည်။ဥရောပအခြေစိုက် အဲဘတ်စ်လေယာဉ်ကုမ္ပဏီထုတ် အေ-၃၂၀ လေ
ယာဉ်များနှင့် အေ ၃၈၀ ဂျမ်ဘိုဂျက်လေယာဉ်များမှာ အာရှလေကြောင်း
လိုင်းများ အကြိုက် လေယာဉ်များဖြစ်ခဲ့ပြီးအမှာစာတန်ဖိုး အမေရိကန်
ဒေါ်လာ ၁၅ ဘီလီယံနီးပါး ရရှိခဲ့ကြောင်းလေ ကြောင်းပြပွဲစီစဉ်သူများက
ပြောကြားသည်။

စင်ကာပူလေကြောင်းပြပွဲ (၂၀၁၄)၌ လေယာဉ်အမှာစာ တန်ဖိုး စံချိန်တင်
မြင့်မားခဲ့ရခြင်းသည် ထွန်းသစ်စ အာရှလေကြောင်းလိုင်းများလည်း
ဈေးကွက်အတွင်း ပါဝင်လာမှုကြောင့် ဖြစ်ကြောင်းပွဲစီစဉ်သူများက သုံးသပ်ထားသည်။

စင်ကာပူလေကြောင်းပြပွဲ၌ဗီယက်နမ်နိုင်ငံ ဗီယက်ဂျက်လေကြောင်း
လိုင်းက အမေရိကန်ဒေါ်လာ ၆ ဒသမ၄ ဘီလီယံတန်ဖိုးရှိ အေ ၃၂၀ ဂျက်လေယာဉ် ၆၃ စင်းကို အဲဘတ်စ်ကုမ္ပဏီမှဝယ်ယူရန် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ထိုင်းအခြေစိုက် နော့ခ်အဲလေကြောင်းလိုင်းကလည်း အမေရိကန်အခြေစိုက် ဘိုးအင်းကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၁ ဒသမ
၄၅ ဘီလီယံတန်ဖိုးရှိ ဘီ ၇၃၇ လေယာဉ် ၁၅ စင်း ၀ယ်ယူရန် သဘောတူညီခဲ့သည်။

အလားတူ မြန်မာနိုင်ငံမှ မြန်မာလေကြောင်းလိုင်းကလည်း စင်ကာပူ
လေကြောင်းပြပွဲ၌ ဘိုးအင်း ၇၃၇ လေယာဉ် ၁၀ စင်း ငှားရမ်းပြေးဆွဲရန် ဘိုးအင်းကုမ္ပဏီနှင့် သဘောတူညီမူ ရယူခဲ့ရာအာရှဒေသမှာ ကမ္ဘာ့လေကြောင်း ပျံသန်းမှု ဈေးကွက်သစ် ဖြစ်လာသည့်သဘောကို
ရည်ညွှန်းကြောင်း သတင်းများတွင်ဖော်ပြထားသည်။

စံတော်ချိန် , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment