Pages

Pages - Menu

Wednesday, February 26, 2014

တူရကီတွင် ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်


RangonNewsDaily: February . 26 .2014
တူရကီနိုင်ငံရဲ့ မြို့တော် အစ္စတန်ဘူလ်နဲ့ အန်ကာရာမြို့တွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဆန္ဒပြသူတွေနဲ့ ရဲတွေ ဖေဖော်ဝါရီ ၂၅ ရက်နေ့ညက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
တူရကီဝန်ကြီးချုပ် တာရစ် အာဒိုဂန်က သူသားကို ရဲတွေ စစ်ဆေးရေးမ၀င်ခင် ငွေတွေကို သိုဝှက်ထားဖို့ သတိပေးနေတယ်ဆိုတဲ့ အသံဖိုင် ထွက်လာတဲ့နောက်မှာ ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရုံးကတော့ ဒီအသံဖိုင်တွေဟာ လုံးဝ မစစ်မှန်ဘဲ အတုတွေ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ပြောပါတယ်။

မတ်လကုန်မှာ ကျင်းပမယ့် ဒေသတွင်း ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေကို ၀န်ကြီးချုပ်ရဲ့ ပါတီက တရားဝင် စတင်ခဲ့ပြီးတဲ့နောက် ခုလို အသံဖိုင်တွေ ထွက်ပေါ်လာတာပါ။

အဂတိလိုက်စားမှုဆိုင်ရာ ကျော်မကောင်းကြားမကောင်းဖြစ်မှုတွေဟာ ၀န်ကြီးချုပ် အာဒိုဂန်နဲ့ ပတ်သက်တဲ့ နောက်ဆုံးထုတ်ဖော်မှုလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်နဲ့ ၀န်ကြီး ၃ ဦးတို့ရဲ့ သားတွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေ ဖမ်းဆီးခံရမှုနဲ့ အတူ ဒီ ကျော်မကောင်းကြားမကောင်းဖြစ်မှုတွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်က စတင် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ၀န်ကြီးချုပ်ရဲ့ ၁၁နှစ်ကြာ အုပ်ချုပ်မှုအတွင်း အကြီးမားဆုံး စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။ 

DVB , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment