Pages

Pages - Menu

Monday, February 3, 2014

ယောက်ျားယူရမည်စိုး၍ သေကြောင်းကြံအဆိပ်သောက်

RangonNewsDaily: February . 3 .2014
ရန်ကုန်၊ မဇ္ဈိမ။ ။ မိဘများက ယောက်ျားပေးစားမည်ဆိုသဖြင့် ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးပိုးသတ်ဆေး

သောက်ကာ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသနေရသည်ဟု ရန်
ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ထို့ကြောင့် ပိုလို ကြမ်းပိုးသတ်ဆေးသောက်သုံးခဲ့သူမှာ လမ်းမတော်မြို့နယ်၁၅လမ်းတွင် နေထိုင်သည့်အသက် ၂၅နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ထိုသတင်းကြောင့်
ရန်ကုန်ဆေးရုံကြီးကို သွားရောက်စစ်ဆေးခဲ့သည့် လမ်းမတော် ရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်။
သူမသည် ရန်ကုန်ဆေးရုံကြီး အမျိုးသမီးကုသဆောင် (၁၀)တွင် တက်ရောက်ကုသနေရပြီး မိဘများက အိမ်
ထောင်ချပေးမည်ပြော၍ စိတ်ညစ်သဖြင့် ပိုလိုပိုးသတ်ဆေးသောက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကို ထွက်ဆို
ခဲ့သည်။

ထို့ကြောင့်ပင် မိမိကိုယ်ကို သေကြောင်းကြံစည်သူအပေါ် အရေးယူပေးရန် ဒုရဲအုပ် အောင်နိုင်ဦးက တရား

လိုပြုလုပ် တိုင်တန်းသဖြင့် ရဲစခန်းက (ပ)၃၀/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၉ ဖြင့်အရေးယူရန် ဆက်
လက်လုပ်ဆောင်လျက်ရှိသည်ဟု တိုင်းရဲဌာနက ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၀ ရက်ကလည်း ကွမ်းခြံကုန်းမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ရည်စား

ထားသည်ကို အဒေါ်ဖြစ်သူက ဆူခဲ့သဖြင့် အဆိပ်သောက်၍ မိမိကိုယ်ကို သတ်သေခဲ့သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment