Pages

Pages - Menu

Monday, February 3, 2014

အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် အလုပ်ခွင်မှာ မလုပ်သင့်တဲ့ အမှားများ

Photo

RangonNewsDaily: February . 3 .2014
ကျွန်ုပ်တို့ရဲ့ အသက်နှစ်ဆယ်နောက်ပိုင်း အချိန်တွေဆိုတာ ပျော်ရွှင် စရာတွေ နည်းပါးလာတာ အမှန်ပါပဲ
။ ပြီးတော့ ပုံသေကားကျ ဘ၀တစ်ခု နဲ့လည်း ကျင်လည်နေရပါပြီ။ ဒီလိုအချိန်တွေဆိုတာ ကိုယ့်ဘ၀ရဲ့ အနာဂတ်ကို အကောင်းဆုံး ပုံဖော်နေကြရတဲ့ အချိန်တွေပါပဲ။ လူ့သက်
တမ်းကို ပျှမ်းမျှ (၆၀)နဲ့ သုံးပုံ ပုံကြည့်မယ်ဆိုရင် တကယ်တမ်းကောင်းကောင်း အလုပ်လုပ် နိုင်တဲ့အချိန်ဆို
တာ အနှစ် (၂၀)ထက်မပိုပါဘူး။

ဒါကြောင့် အသက်(၂၀)နောက်ပိုင်းမှာ အကောင်းဆုံး လုပ်ငန်းခွင်ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့နဲ့ အောင်မြင်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့အတွက်ဆိုရင်တော့ လုပ်ငန်းခွင်မှာ ဒီအချက်တွေကို ရှောင်ကြဉ်ဖို့တော့
 လိုပါမယ်။

(၁) အလုပ်ချိန် နောက်ကျခြင်း

အလုပ်တိုင်း အလုပ်တိုင်းမှာ တိကျတဲ့အလုပ်တက်ချိန် ၊ အလုပ်ဆင်းချိန် ဆိုတာရှိပါတယ်။ တစ်နေ့တာ အလုပ်ချိန်ဟာ (၈)နာရီကနေ (၉)နာရီကြားရှိတတ်ပါတယ်။ ဒီတော့ အချိန်တိကျအောင် ကြိုးစားပါ။ တကယ်လို့များ သင့်ရဲ့လုပ်ငန်းခွင်ဟာ အတော်လေးလိုက်လိုက်လျောလျော
နဲ့ မိသားစုဆန်တဲ့ အသိုင်းအ၀ိုင်းမျိုး ဖြစ်နေခဲ့ရင်တောင် နောက်ကျ
တာမျိုးကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ပါ။ 
 
သင့်ရဲ့ အထက်အရာရှိ (သို့) အလုပ်ရှင်ဟာ သင်ထင်ထားတာထက် ပိုပြီးတော့တောင် ဒါကို သတိထားမိနေတတ် ပါတယ်။ 
 
တကယ်လို့များ နောက်ကျခြင်းဟာ အကျင့်တစ်ခုလိုဖြစ်သွားမယ် ဆိုရင် သင်ဟာ “Lazy Worker” (ပျင်းရိတဲ့အလုပ်သမား) တစ်ဦးရယ်လို့ သတ်မှတ်ခံရပါတော့မယ်။ အဲ့ဒီအခါ ကြီးမားတဲ့အလုပ်တာဝန် တွေနဲ့ ရာထူးတိုးခြင်း စတဲ့ အခွင့်အရေးတွေကနေ ငြင်းပယ်ခံရပါတော့မယ်။

(၂) သတ်မှတ်မထားတဲ့ အလုပ် စည်းမျဉ်းများကို ချိုးဖောက်လေ့ရှိခြင်း

သင့်ရဲ့ရုံးက အရမ်းမိုက်တာပဲ။ social network တွေလည်း အသုံးပြုလို့ရ
တယ်။ ဒီလိုရုံးမျိုး ဖြစ်နေခဲ့မယ် ဆိုရင်တောင် အလွန်အကျွံအသုံးမချပါနဲ့။ သင့်မှာကောင်းမွန်တဲ့ လက်တွေ့ social life ရှိပါတယ်။ 
 
ဒါကြောင့် application တွေ ၊ BBM တွေကြားမှာ အချိန်ပြည့်မနေပါနဲ့။ ဇာတ်လမ်းတစ်ခုကို သေမလောက်
ကြည့်ချင်နေရင်တောင် ရုံးက အင်တာနက်နဲ့ download မလုပ်ပါနဲ့။ Youtube တွေ ထိုင်မကြည့်နေပါနဲ့။ ခုံပေါ်မှာ အိပ်ပျော်မနေပါစေနဲ့။ 
 
ဘာကြောင့်လဲဆို ကုမ္ပဏီတိုင်းမှာ ၀န်ထမ်းတွေရဲ့ အင်တာနက်အသုံးပြုမှု activity တွေကို ပြန်သိနိုင်တဲ့
နည်းတွေအများကြီး ရှိပါတယ်။ ဒါတွေက သင့်ရဲ့ တက်လမ်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။

(၃) တရားဝင် မှတ်တမ်းမှတ်ရာများ မထားတတ်ခြင်း

မှန်ကန်တဲ့ နည်းလမ်းနဲ့လုပ်ငန်းတွေကိုဆောင်ရွက်ပါ။လာသမျှ မေးလ်တွေအားလုံးကိုစစ်ပါ။ ပြီးရင် အားလုံး
ကို မေးလ်နဲ့ပဲ ပြန်ကြားမှုပြုလုပ်ပါ။ သဲလွန်စ ပြန်ရှာမရတာမျိုးမဖြစ်နိုင်အောင် အားလုံးကို မှတ်တမ်း မှတ်ရာ
နဲ့တကွ မေးလ်တွေပို့ပြီး သိမ်းဆည်းထားတဲ့ အကျင့်ရအောင်လုပ်ပါ။ 
 
ဒါမှသာ သင့်ရဲ့ ဆက်သွယ်မှုတွေ အားလုံးကို electronic နည်းလမ်းတွေနဲ့ record လုပ်ထားနိုင်မှာဖြစ်ပါ
တယ်။ သို့မှသာ နောင်တစ်ချိန်မှာ သင့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ဦးက complains (စွဲချက်တင် တိုင်တန်းမှု) တွေ လုပ်လာမယ်ဆိုရင် မှတ်တမ်းမှတ်ရာနဲ့တကွပြန်လည်ဖြေရှင်းနိုင်မှာ ဖြစ်ပါ
တယ်။

(၄) ငွေရေးကြေးရေး အရှုပ်အရှင်း များခြင်း

ပိုက်ဆံ။ ပိုက်ဆံဆိုတာ ကျွန်ုပ်တို့ရဲ့ ဆုံးဖြတ်ချက်အတော်များများကို လွှမ်းမိုးထားနိုင်ပါတယ်။ ဒါပေမယ့် ဒီအပေါ်မှာ အလွန်အကျွံဖက်တွယ်မိသွားရင်တော့ မပျော်ရွှင်မှုတွေ ရလာပါလိမ့်မယ်။ ငွေကြေးကို ရှာပါ ။ 
 
ဒါပေမယ့် နည်းမှန်လမ်းမှန်ဖြစ်ပါစေ။ သင့်ရဲ့ အရည်အချင်းတွေ ပြည်ဝစေဖို့ထဲမှာ ငွေကြေးထိန်းသိမ်း
တတ်ခြင်းလည်း ပါပါတယ်။ 
 
သင့်ရဲ့ကုမ္ပဏီက သင့်ရဲ့ စာရိတ္တ အရည်အသွေးကိုလည်း အမြဲတမ်း ထည့်တွက်လေ့ရှိပါတယ်။ ဒါကြောင့်
ရုံးခန်းအတွင်းမှာ ငွေကြေးနဲ့ပတ်သက်ပြီး အမြဲတမ်း အရှုပ်အရှင်း ကင်းရှင်းအောင်နေထိုင်ပါ။

ဒီတော့ အောင်မြင်တဲ့ လုပ်ငန်းခွင်လမ်းကြောင်းတစ်ခု ရရှိဖို့ဆိုရင်တော့ သင့်ရဲ့ အလုပ်အပေါ် ပုံဖော်မှု၊ အကြံအစဉ်ကောင်းမွန်မှု ၊ လုပ်ငန်းကျွမ်းကျင်မှု ၊ အထက်အရာရှိအပေါ် လေးစားတတ်မှု စတာတွေလည်း
အမှန်အကန် လိုအပ်ပါသေးကြောင်း တင်ပြပေးလိုက်ရပါတယ်။

Ref:mensxp
Trend Myanmar , kolatt(PBDN)
RangonNewsDaily
Photo

Photo

Photo

No comments:

Post a Comment