Pages

Pages - Menu

Wednesday, February 12, 2014

လက်ပံတောင်းအရေးလှုပ်ရှားသူတစ်ဦးကို ဆားလင်းကြီးတွင်ဖမ်းဆီး

RangonNewsDaily: February . 12 .2014
လက်ပံတောင်းအရေးတွင် မြန်မာဝမ်ပေါင်ကုမ္ပဏီနှင့် ဒေသခံတောင်သူများအကြား မြေယာလျော်ကြေးကိစ္စတွင် ကြားဝင်ဆောင်ရွက်ပေးသူ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက် အဖွဲ့ဝင် ကိုသော်ဇင်ကို ဖေဖော်ဝါရီလ ၁၁ရက် နံနက်က ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်ဟု ဆားလင်းကြီးမြို့၊ ညောင်ပင်ကြီးရဲ့စခန်းရှိ တာဝန်ကျ ရဲဝန်ထမ်းက မဇ္ဈိမကို ပြောသည်။
ဖမ်းဆီးခံရသူမှာ ကိုသော်ဇင်မှာ ဒသနိကဗေဒ(ပ)နှစ်နှင့် ရန်ကုန်မြို့တွင်နေထိုင်သူဖြစ်သည်ဟု ဆားလင်းကြီးမြို့မရဲစခန်းက အတည်ပြုထားသည်။ ညောင်ပင်ကြီးမှ ဆားလင်းကြီးသို့သွားသည့် လမ်းအတိုင်း ဆိုင်ကယ်စီးနင်းလာစဉ် ရဲများ၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ထိုသူကို ဆားလင်းကြီးရဲစခန်း၏ (ပ) ၁၀၈/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၄၁/၂၇၉(က) အပါအဝင် အမှုပေါင်း (၁၃)မှုနှင့် ပတ်သက်၍ တိမ်းရှောင်နေသူတစ်ဦးဖြစ်သည်ဟု စွပ်စွဲထားကြောင်း ဆားလင်းကြီးမြို့မ ရဲစန်းမှုခင်းမှတ်တမ်းထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့နောက် ပြစ်မှုပုဒ်မ ၅၀၅(ခ)အရ ဆက်လက်၍ အရေးယူဆောင်ရွက်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကျော်မှ တရားလိုပြုလုပ်ပြီး ဆားလင်းကြီးမြို့နယ်တရားရုံးသို့ ဖေဖော်ဝါရီလ ၁၁ရက် ၄ နာရီတွင် တရားစွဲဆိုတင်ပို့ခဲ့ရာ တရားရုံးက ဖမ်းဆီးခံထားရသူ ကိုသော်ဇင် ဆိုသူကို ယခုလ (၂၉) ရက်အထိ မုံရွာ အကျဉ်းထောင်တွင် အချုပ်တရားခံအဖြစ် ချုပ်နှောင်ထားရန် ချုပ်မိန့်ထုတ်ဆင့်ပေးထားသည်။

အဆိုပါ တရာားရုံး၏ ချုပ်မိန့်များအရ ဖမ်းဆီးခံထားရသူ ကိုသော်ဇင်ကို မုံရွာအကျဉ်းထောင်သို့ ညနေ ၅ နာရီအချိန်တွင် ပို့ ဆောင်ခဲ့ရာ ၅ နာရီခွဲအချိန်တွင် အကျဉ်းထောင်မှလက်ခံချုပ်နှောင်းထားသည်။

ကိုသော်ဇင်အား ရဲကဖမ်းဆီးမှုအပေါ် တုံရွာဒေသခံတောင်သူများက ကျေးနပ်မှုမရှိဟု ဆိုကာ မနက် ၁၁ နာရီအချိန်တွင် ညောင်ပင်ကြီးနယ်မြေရဲကင်းစခန်းရှေ့သို့ တောင်သူ ၅၀ခန့်က ဖမ်းဆီးခံထားရသူ ကိုသော်ဇင်အား ပြန်လွှတ်ပေးရန် စုဝေးတောင်းဆိုခဲ့ကြသေးသည်။

အဆိုပါ လူစုဝေး၍ ဖမ်းဆီးခံထားရသူအား လွှတ်ပေးရန် တောင်းဆိုခဲ့သူ တောင်သူများအနက် တုံရွာနေ မမာချို၊ နေဇာဦး၊ ဦးညိုနှင့် ဦးမြင့်အောင် ဆိုသူ လူလေးဦးကို တရာမဝင် လူစုဝေး၍ ဆန္ဒဖော်ထုတ်သည်ဟုဆိုကာ ဆားလင်းကြီးမြို့မရဲစခန်း မှူး ဒုရဲမှူး သန်းနိုင် ဆိုသူက ည ၇ နာရီအချိန်တွင် ဆားလင်းကြီးမြို့မရဲစခန်းတွင် တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ရာ ရဲစခန်း က(ပ) ၂၃/ ၂၀၁၄ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈) အရ ထိုသူ လေးဦးကို ထပ်မံ၍ အမှုဖွင့် အရေးယူထားသည်။

Mizzima - News  , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment