Pages

Pages - Menu

Saturday, February 15, 2014

" ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ကမ်းလှမ်းထားသော်လည်း မြန်မာ့တပ်မတော် ထိုးစစ်ဆင်နေ၍ စစ်ပွဲများ ဆက်ဖြစ်ဟုဆို "

RangonNewsDaily: February . 15 .2014
ငြိမ်းချမ်းရေးလိုလား၍ တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းထားသော်လည်း တပ်မတော်ဘက်မှ အရှိန်မလျှော့ဘဲဆက်တိုက်ထိုးစစ်ဆင်မှုကြောင့် နေ့ တိုင်းနီးပါး စစ်ပွဲ များဖြစ်ပွားနေသည်ဟု တအောန်းလွတ်မြောက်ရေးတပ်ဦး မှ ပြန်ကြားရေးတာဝန်ခံဗိုလ်ကြီးတာအိုက်ကျော်က Popular News သို့ပြောသည်။
၂ဝ၁၃ ခုနှစ် သြဂုတ်လတွင် နှစ်ဖက်တွေ့ဆုံကာ အစိုးရနှင့် ပြည်နယ်အ ဆင့် ဆွေးနွေးပွဲပြုလုပ်ပြီး နောက်ပိုင်းအလွတ်သဘောတစ်ကြိမ် သာ တွေ့ဆုံခဲ့သော ယင်းတပ်ဦးအနေဖြင့် မတွေ့ခင်ကထက် တိုက်ပွဲဖြစ်မှုမှာ ၂ဝ၁၃ တွင် ၇ဝ ရာခိုင်နှုန်းကျော်တိုးတက်သွား ကြောင်း ၄င်းကဆက်ပြောသည်။”ငြိမ်းချမ်းရေးလိုချင်တယ်လို့ တစ်ဖက်က ပြောပေမယ့် တစ်ဖက်က တိုက်နေတော့ ခက်တယ်”ဟု ၄င်းက ထပ်မံဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ထဲတွင် ပါဝင်သော ယင်းအဖွဲ့မှာ အစိုးရနှင့်တစ်စုံတစ်ရာ သဘောတူညီ မှု မပြုရသေးသော အဖွဲ့တစ်ခုဖြစ်သည် ဟု မြန်မာငြိမ်း ချမ်းရေးစင်တာမှ သိရ သည်။

ယင်းစင်တာမှ ညွှန်ကြားရေးမှူးက ”တရားဝင် ကမ်းလှမ်းတာမျိုးဆိုရင် အမြဲပဲလမ်းဖွင့် ပေးထားပါတယ်။ ခုက လက်တွေ့မဟုတ်ဘဲ ကြားသိနေရတော့ အဆင်မပြေဘူး” ဟု ပြောသည်။

တပ်မတော်သည် တအောန်းလွတ် မြောက်ရေးတပ်ဦးရှိရာ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အစပ် တွင် ထိုးစစ်များဆက်တိုက်ဆင်နေသည် ဟု ယင်းတပ်ဦးမှ ဗိုလ်ကြီးတာအိုက် ကျော်က ပြောသည်။

Popular Myanmar  , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment