Pages

Pages - Menu

Monday, February 17, 2014

ကနေဒါဘဲလေးကချေသည် ဟောင်းချစ်သူကို ၁၅ထပ်မှ ပစ်ချသတ်ဖြတ်ခဲ့သည့် သြစတြေးလျသားထောင်ဒဏ် ၂၆နှစ် ချမှတ်ခံရ

RangonNewsDaily: February . 17 .2014
သြစတြေးလျနိုင်ငံသား တစ်ဦးသည် ရည်းစားဖြစ်သူ နဒါဘဲလေးကချေသည် ဟောင်းကို ဆစ်ဒနီရှိ ၄င်းတို့ ၏အထပ်မြင့်တိုက်ခန်း လေ ဆာင်မှပစ်ချကာ သတ် ဖြတ်မှုဖြင့် အင်္ဂါနေ့က ထောင် ဒဏ် ၂၆ နှစ်ချမှတ်ခံရသည်။ဆိုင်မွန်ဂစ်ဖာနီးသည် ၄င်းနှင့်စေ့စပ်ထားသူ လီဆာ ဟာနမ်က သူမ အားထားခဲ့ရန် စီစဉ်နေသည်ကိုသိရှိရပြီး နောက် ဒေါသမထိန်းနိုင်ဘဲ ၂ဝ၁၁ ခုနှစ် ဇူလိုင်လက ၁၅ လွှာရှိ သူတို့၏နေအိမ်မှ လီဆာ ကိုပစ်ချမှုဖြင့် ပြစ်ဒဏ်စီရင်ခံ ရခြင်းဖြစ်သည်။
တရားရုံးတွင် ဆွဲဆောင် မှုရှိသော ရည်းစားသစ်တစ်ဦး ၏ စွဲစွဲမြဲမြဲအားပေးထောက်ခံ မှုရနေသော အသက် ၄ဝအရွယ် ဆိုင်မွန်က တရားခွင်စစ်ဆေး မှုတစ်လျှောက်လုံး အပြစ် မရှိကြောင်းသာလျှောက်လဲ ခဲ့သည်။ လီဆာဟာနမ်သည် လက်ရန်းတစ်ခုပေါ်တက်ရာ မှ ချော်ကျခြင်းသာဖြစ်၍ ကိုယ့် ကိုယ်ကိုယ်သတ်သေသလိုဖြစ် ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

သို့သော် လည်း လွန်ခဲ့သည့်နှောင်းပိုင်း က သူ့တွင်အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး အင်္ဂါနေ့က အမြင့် ဆုံးထောင်ဒဏ် ၂၆ နှစ်နှင့် အ နိမ့်ဆုံးထောင်ဒဏ် ၁၈ နှစ် ချ မှတ်ခံခဲ့ရသည်။ ဆိုင်မွန်သည် နောင်တရကြောင်း မပြသခဲ့ သည့်အပြင် ပြန်လည်ပြုပြင်နိုင် မည့်အလားအလာလည်း မရှိ ဟု တရားသူကြီးလူစီမက်ကော လမ်က ပြောကြားခဲ့သည်။

တရားခွင်စစ်ဆေးမှုအ တွင်း ဂစ်တနီးသည် တိုက်ခန်း တွင်း၌ စီစီတီဗွီကင်မရာများ တပ်ဆင်ခဲ့သည့်အပြင် ဟာနမ် ၏မက်ဆေ့ခ်ျနှင့် အီးမေးလ် များကိုစစ်ရန် ကွန်ပျူတာပရို ဂရမ်တစ်ခုလည်း အသုံးပြုခဲ့ ကြောင်း တရားရုံးကကြားနာခဲ့ သည်။ လီဆာဟာနမ်သေသည့် ညက ဆိုင်မွန်သည် အိမ်အပြင် ၌ ဟာနမ်ကိုချုပ်ကိုင်ကာ တိုက်ခန်းအတွင်းသို့ တရွတ် တိုက်ဆွဲခေါ်သွားသည်ကို ကင် မရာတစ်လုံး၌ တွေ့ရှိခဲ့သည်။ ''ကယ်ကြပါ၊ ကယ်ကြပါ၊ ဘုရား သခင်ကယ်ပါ''ဆိုသည့် ဟာနမ် ၏အော်သံကိုလည်း ကြားခဲ့ရ သည်။

ပြစ်ဒဏ်ချမှတ်သည့်နေ့ တွင် ဆိုင်မွန်၏လက်ရှိရည်းစား ရေချယ် လူးဝစ်မှာထူးထူးခြား ခြား ပျောက်နေခဲ့သည်ဟု သိ ရသည်။

Ref: AFP , Yangon Media , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment