Pages

Pages - Menu

Monday, January 13, 2014

FMI ကျပ်၂ဒသမ ၅ ဘီလီယံဖိုးရှိ အစုရှယ်ယာ နှစ်သိန်းခွဲ ထပ်မံထုတ်ရောင်း

RangonNewsDaily:: January . 13 .2014
အသစ်ထပ်မံတိုးချဲ့မည့် စီမံကိန်း ခြောက်ခုအတွက် ကျပ် ၂၅ ဘီလီယံဖိုးရှိ အစုရှယ်ယာများအား မကြာ မီက အပြီးသတ်ရောင်းချပြီးခဲ့သော FMI ကုမ္ပဏီအနေဖြင့် ကျပ် ၂ ဒသမ ၅ ဘီလီယံဖိုးရှိ နောက်ထပ် အစုရှယ်

ယာနှစ်သိန်းခွဲအား ဇန်န၀ါရီလအတွင်း ထပ်မံထုတ်ရောင်းချမည်ဟု ဇန်န၀ါရီ ၁၁ ရက်က သတင်းထုတ်ပြန်
သည်။
သီလ၀ါအထူးစီးပွားရေးဇုန်၊ မီးရထား အင်တာနေရှင်နယ်ဟိုတယ်စီမံကိန်း၊ ရိုးမဘဏ်စီမံကိန်း၊ မော် တော်
ကားပြုပြင်ခြင်းနှင့် ၀န်ဆောင်မှုစီမံကိန်း၊ ပုဂံမြို့ရှိ လူစီး မီးပုံးပျံ Balloons Over Bagan (BOB) စီမံကိန်းနှင့် FMI လေကြောင်းလိုင်း အစရှိသောစီမံကိန်းခြောက်ခုတွင် ရင်းနှီးမြှုပ်နှံရာတွင်ထည့်ဝင်ရ မည့် ကျပ်ငွေ ၂၅ ဘီလီယံအတွက်ဇန်န၀ါရီလ၈ ရက်တွင် နောက်ဆုံးရောင်းချခဲ့သောအစုရှယ်ယာနှစ်သန်းခွဲအားထုတ်ရောင်း
ခဲ့ခြင်းဖြစ်သည်ဟု ၂၀၁၃ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင်ကျင်းပသည့် FMI ၏နှစ် ပတ်လည်အခမ်းအနားတွင် ယင်းကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောကြားခဲ့သည်။

FMIကုမ္ပဏီဥက္ကဋ္ဌဦးသိမ်းဝေကယခုထပ်မံထုတ်ရောင်းသည့် အစုရှယ်ယာ နှစ်သိန်းခွဲနှင့်စပ်လျဉ်းကာ “ကျွန်

တော်တို့ လက်ရှိလည်ပတ်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် တိုးချဲ့သွားနိုင် ဖို့နဲ့ လာ
မည့် နှစ်နှစ်သုံးနှစ်အတွင်းမှာအလုပ်အကိုင်အခွင့်အလမ်းသစ်တွေစတင်ဖော်ဆောင်ပေးသွား နိုင်ဖို့အတွက်
ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးအခြေအနေကို ထပ်မံအားဖြည့်ထားဖို့လိုပါတယ်”ဟု သတင်း ထုတ်ပြန်လွှာတွင်
ပြောကြားထားသည်။

မြန်မာနိုင်ငံရှိ အများပိုင်ကုမ္ပဏီများအနေဖြင့်ထုတ်ရောင်းသောအစုရှယ်ယာများ၏ ဈေးနှုန်းများကို အခြားနိုင်

ငံများတွင်ကဲ့သို့ကြားခံအဖွဲ့အစည်းများက သတ်မှတ်ပေးခြင်းမျိုးမရှိသေးဘဲ ဈေးကွက်ဝယ် လိုအားအရ သတ်
မှတ်ဆောင်ရွက်နေရခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်းအောင်က မြန်မာနိုင်ငံရှိ အများပိုင်
ကုမ္ပဏီများ၏ အစုရှယ်ယာရောင်းချမှုနှင့်ပတ်သက်၍ ပြောသည်။

ယင်းက “မြန်မာနိုင်ငံမှာ ကုမ္ပဏီတွေ ရှယ်ယာထုတ်ရောင်းတဲ့အခါမှာ ဈေးနှုန်းကို ဈေးကွက်ရှယ်ယာ ၀ယ်လို

အားကပဲဆုံးဖြတ်ပေးသွားတာပါ။ ဈေးနှုန်းတစ်ခုသတ်မှတ်ပြီးထုတ်ရောင်းလိုက်တဲ့ရှယ်ယာ တွေကိုဝယ်မယ့်
သူမရှိဘူးဆိုရင် အဲဒီရှယ်ယာနှုန်းထားပြန်ပြင်ပေါ့။ လက်ရှိကဒီလိုပုံစံပဲရှိနေသေးတယ်” ဟု ပြောသည်။

အဆိုပါ ထပ်မံထုတ်ရောင်းမည့်အစုရှယ်ယာနှစ်သိန်းခွဲအတွက်ရှယ်ယာတစ်စုလျှင်ကျပ်ငွေတစ် သောင်းနှု
န်း

ဖြင့် ခြောက်စုဝယ်ယူသူတိုင်းအနေဖြင့် အပိုတစ်စုရရှိမည့်အစီအစဉ်ဖြင့် ဇန်န၀ါရီ ၂၂ ရက် အထိ ရောင်းချ
ပေးသွားမည်ဟု ပါဝင်သည်။

ထိုသို့ ရှယ်ယာအစု နှစ်သိန်းခွဲအား ထပ်မံထုတ်ရောင်းခြင်းအပြင်FMI သည်Yoma Strategic Holdings Ltd

နှင့်အတူပန်းလှိုင်ဂေါက်ကွင်းအိမ်ရာတွင် အခန်း ၄၆ ခန်း၊ အစည်းအဝေးခန်းမကျယ်နှင့် လူအများအား ဧည့်
ခံကျွေးမွေးနိုင်မည့် ဟိုတယ်တစ်ခုကို တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment