Pages

Pages - Menu

Wednesday, January 8, 2014

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည့် ထင်ရှူးမြိုင်ဆရာတော် သိက္ခာပြန်ထပ်

RangonNewsDaily:: January . 7 .2014
သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်နဝါရီလ ၃ရက်က တောင်ကြီးမြို့ တောင်လေးလုံးထောင်မှ ပြန်လည်လွတ်မြောက်လာသော ထင်းရှူးမြိုင်ဆရာတော် ဦးကဝိစာရ၏ သိက္ခာထပ်ပွဲနှင့် ဝိဇာတမင်္ဂလာကို တောင်ကြီးမြို့ စိန်ပန်းရပ်ရှိ လောကမာန်အောင် ကျောင်းတိုက်တွင် ဇန်နဝါရီ ၈ရက် နံနက်၈နာရီက ကျင်းပခဲ့သည်။

"ဘုန်းဘုန်းကို ၂၉၅ သာသနာတော် ညှိုးနွမ်းစေမှုနဲ့ ထောင်ဒဏ် တစ်နှစ်ခွဲ ချခဲ့တယ်။ ပုဒ်မတပ်တာတွေ တော့ အများကြီးပဲ ၊ မတရားစွပ်စွဲ ဖမ်းဆီးထောင်ချခံခဲ့ရတာပါ "ဟု ဆရာတော် ဦးက၀ိစာရက မဇ္ဈိမကို မိန့်ကြားသည်။

ဖျက်စီးခံခဲ့ရသည့် ထင်းရှူးမြိုင်ကျောင်းတိုက်နှင့် ပတ်သက်ပြီး နားလည်တတ်ကျွမ်းသည့်ဆရာတော်များ နှင့် တိုင်ပင်ကာ လုပ်သင့်လုပ်ထိုက်သည်များကို တရားဥပဒေဘောင် အတွင်းက ဆောင်ရွက်သွားမည်ဖြစ်ဟု ဆရာတော် ဦးက၀ိစာရ မိန့်သည်။

တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ထင်းရှူးမြိုင်ကျောင်းတိုက်သည် ဆေးတက္ကသိုလ် စီမံကိန်းနေရာတွင် ကျူးကျော်ဆောက်လုပ်ထားသည်ဟု ဆိုကာ ဆရာတော် ဦးကဝိစာရ အပါအဝင် သံဃာတော် ၁၂ပါးကို ၂၀၁၃ခုနှစ် မေလ ၂၁ရက်က လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ကျောင်းတိုက်ကို ညတွင်းချင်းပင် အင်အားသုံး ဖြိုဖျက်ခဲ့သည်။

ဦးကဝိစာရနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ကျောင်းတိုက်မှ ကိုရင်များကိုမူ ညတွင်းချင်းပင် ပြန်လွှတ်ပေးခဲ့ပြီး ဦးကဝိစာရတစ်ပါးတည်းကို ဇူလိုင်လ ၂၃ရက်က တောင်ကြီးမြို့နယ် တရားရုံးက ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၅(က) အရ အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် နှင့် ခြောက်လ အမိန့်ချခဲ့ခြင်းဖြစ်သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment