Pages

Pages - Menu

Tuesday, January 7, 2014

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ဦးလေးဖြစ်သူကို ခွေး အကောင် ၁၂၀ ကို ထိုးကျွေး၍ သေဒဏ်ပေး

Photo: ကင်ဂျုံအန်သည် ဦးလေးဖြစ်သူကို ခွေးကျွေး၍ သေဒဏ်ပေးခဲ့
Monday, January 6, 2014

ဒီဇင်ဘာလ ဆန်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ ဦးလေး ဖြစ်သူ Jang Song- Thaek ကို ဖမ်းဆီးခဲ့ပါတယ်။ ပြစ်မှုကတော့ အကျင့်ပျက်ရှစားမှုနဲ့ နိုင်ငံရေးပုံကန်ရန် ကြိုးပမ်းမှုအပြင် အခြားသော ပြစ်မှု အချို့ ပါဝင်နေပါသေးတယ်။ ယခု နောက်ဆုံး ရရှိတဲ့ သတင်းအရ ကတော့ ဦးလေး ဖြစ်သူကို ခွေး အကောင် ၁၂၀ ကို ထိုးကျွေး၍ သေဒဏ်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။ 

စင်္ကာပူအခြေဆိုက် Straits Times သတင်းစာမှ ဖော်ပြတဲ့ သတင်း ဖြစ် ပါတယ်။ ဦးလေး ဖြစ်သူ Jangh Song-Thaek ဟာ လက်ရှိ မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့  ဦးလေး အရင်း ဖြစ်ပါတယ်။ အဖေရဲ့  အမကို ယူထားသူ ဖြစ်ပြီး ကင်ဂျုံအီလက်ထက်ကတည်းက နိုင်ငံရေးမှာ သြဇာအာဏာရှိခဲ့သူ ဖြစ်ပါတယ်။ ကင်ဂျုံအီ ကွယ်လွန်ပြီး သားငယ် ကင်ဂျုံအန် နိုင်ငံခေါင်းဆောင်ဖြစ်လာဖို့ Jangh Song Thaek ရဲ့  ထောက်ပံ့မှု များစွာ ပါဝင်ကြောင်း ဆိုပါတယ်။ ကင်ဂျုံအန် အုပ်ချုပ်လာတဲ့ သက်တမ်းတစ်လျှောက်လည်း နောက်ကွယ်ကနေ ကူညီထောက်ပံ့ပေးနေ သူလို့ နိုင်ငံရေးသုံးသပ်သူများက ခန့်မှန်းထားပြီး ယခုလို သေဒဏ် ပေးမှုက တစ်ကမ္ဘာလုံးကို တုန်လှုပ်အံ့သြစေခဲ့ ပါတယ်။ ယခုရက်ပိုင်းအတွင်းပဲ စီရင်ခဲ့တာ ဖြစ်ပါတယ်။ 

ဦးလေးဖြစ်သူက ရက်ပေါင်း ၁၂၀ ကျော် အစားမစားရသေးတဲ့ ခွေး သံလှောင် အိမ်ထဲကို အဝတ်အစားအကုန် ချွတ်ပြီး ပစ်ထည့်ခဲ့တာ ဖြစ်ပါ တယ်။ ဒီတော့ အရိုးပါမကျန်အောင် စားသောက်တဲ့ ပွဲကို ကင်ဂျုံအန် ဟာ မြောက်ကိုရီးယား အရေးကြီးခေါင်းဆောင်ပေါင်း အယောက် ၃၀၀ ကျော်ခေါ်လို့ ထိုင်ကြည့်ခဲ့ ပါတယ်။ နိုင်ငံပုန်ကုန် လိုသူ ဘယ်သူကို မဆို သူ့လို ခွေးစား သေဒဏ်အပေးခံရမယ်လို့ တစ်ခါတည်း သတိပေးလိုက် ခြင်း ဖြစ်ပါတယ်။ ခွေး အကေင် ၁၂၀ ကျော် ဝိုင်းဝန်း ကိုက်ဖြတ်စားသောက်မှုက တစ်နာရီ ကြာမြင့်ခဲ့ ပါတယ်။ 

ဒါကြောင့် ကင်ဂျုံအန်ဟာ ဖခင် ကင်ဂျုံအီထက် ပိုမို ရက်စက်ယုတ်မာ တဲ့ ခေါင်းဆောင် အဖြစ် ကမ္ဘာ့ နိုင်ငံရေး သုံးသပ်သူများက မှတ်ချက်ပေး ပြောဆိုစေခဲ့ ပါတယ်။ 
.
Ref: Daily mail
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: January . 7 .2014
ဒီဇင်ဘာလ ဆန်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ ဦးလေး ဖြစ်သူ Jang Song- Thaek ကို ဖမ်းဆီးခဲ့ပါတယ်။ ပြစ်မှုကတော့ အကျင့်ပျက်ရှစားမှုနဲ့ နိုင်ငံရေးပုံကန်ရန် ကြိုးပမ်းမှုအပြင် အခြားသော ပြစ်
မှု အချို့ ပါဝင်နေပါသေးတယ်။ ယခု နောက်ဆုံး ရရှိတဲ့ သတင်းအရ ကတော့ ဦးလေး ဖြစ်သူကို ခွေး အကောင် ၁၂၀ ကို ထိုးကျွေး၍ သေ
ဒဏ်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။

စင်္ကာပူအခြေဆိုက်Straits Timesသတင်းစာမှ ဖော်ပြတဲ့ သတင်း ဖြစ် ပါတယ်။ ဦးလေး ဖြစ်သူ Jangh Song
-Thaek ဟာ လက်ရှိ မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့  ဦးလေး အရင်း ဖြစ်ပါတယ်။ အဖေရဲ့  အမကို ယူထားသူ ဖြစ်ပြီး ကင်ဂျုံအီလက်ထက်ကတည်းက နိုင်ငံရေးမှာ သြဇာအာဏာရှိခဲ့သူ ဖြစ်ပါတယ်။ 
 
ကင်ဂျုံအီ ကွယ်လွန်ပြီး သားငယ် ကင်ဂျုံအန် နိုင်ငံခေါင်းဆောင်ဖြစ်လာဖို့ Jangh Song Thaek ရဲ့  ထောက်ပံ့မှု များစွာ ပါဝင်ကြောင်း ဆိုပါတယ်။ ကင်ဂျုံအန် အုပ်ချုပ်လာတဲ့ သက်တမ်းတစ်လျှောက်လည်း နောက်ကွယ်က
နေကူညီထောက်ပံ့ပေးနေ သူလို့ နိုင်ငံရေးသုံးသပ်သူများက ခန့်မှန်းထားပြီး ယခုလို သေဒဏ် ပေးမှုက တစ်
ကမ္ဘာလုံးကို တုန်လှုပ်အံ့သြစေခဲ့ ပါတယ်။ ယခုရက်ပိုင်းအတွင်းပဲ စီရင်ခဲ့တာ ဖြစ်ပါတယ်။

ဦးလေးဖြစ်သူကရက်ပေါင်း၁၂၀ ကျော်အစားမစားရသေးတဲ့ ခွေး သံလှောင် အိမ်ထဲကို အဝတ်အစားအကုန်
ချွတ်ပြီးပစ်ထည့်ခဲ့တာ ဖြစ်ပါ တယ်။ဒီတော့အရိုးပါမကျန်အောင်စားသောက်တဲ့ပွဲကို ကင်ဂျုံအန် ဟာ မြောက်
ကိုရီးယား အရေးကြီးခေါင်းဆောင်ပေါင်း အယောက် ၃၀၀ ကျော်ခေါ်လို့ ထိုင်ကြည့်ခဲ့ ပါတယ်။ 
 
နိုင်ငံပုန်ကုန် လိုသူ ဘယ်သူကို မဆို သူ့လို ခွေးစား သေဒဏ်အပေးခံရမယ်လို့ တစ်ခါတည်း သတိပေးလိုက်
ခြင်း ဖြစ်ပါတယ်။ ခွေး အကေင် ၁၂၀ ကျော် ဝိုင်းဝန်း ကိုက်ဖြတ်စားသောက်မှုက တစ်နာရီ ကြာမြင့်ခဲ့ ပါ
တယ်။

ဒါကြောင့် ကင်ဂျုံအန်ဟာဖခင်ကင်ဂျုံအီထက် ပိုမို ရက်စက်ယုတ်မာ တဲ့ ခေါင်းဆောင် အဖြစ် ကမ္ဘာ့ နိုင်ငံရေး
 သုံးသပ်သူများက မှတ်ချက်ပေး ပြောဆိုစေခဲ့ ပါတယ်။
.
Ref: Daily mail
( ရိုးရာလေး ) , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment