Pages

Pages - Menu

Saturday, January 11, 2014

ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းက သိမ်းဆည်းထားသော မြေယာများအတွက် ဒေသခံ တောင်သူများ ဆန္ဒပြ

ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းက သိမ်းဆည်းထားသော မြေယာများအတွက် ဒေသခံ တောင်သူများ ဆန္ဒပြ 

ဆားလင်းကြီးမြို့နယ် ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားသော မြေယာလျော်ကြေး များအတွက် ဇန်န၀ါရီ ၁၀ ရက် နံနက် ၁၀ နာရီ မှ ၁၁ နာရီအထိ စုဝေးဟောပြောကာ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် သြဂုတ် ၁၆ ရက်က ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ပြီး တောင်းဆိုချက်များ အားလုံးကို ဆွေးနွေးဆောင်ရွက်မှု မရှိမချင်း ဆန္ဒပြသွားမည်ဟု ဒေသခံများက ပြောကြားထားသည်။

“ဒေသခံတွေ တောင်းဆိုချက်တွေကို အကောင်အထည် ဖော်မဖော်နဲ့ ပတ်သက်ပြီး တောင်းဆိုချက် ရှစ်ချက်ထဲက ဒေသအာဏာပိုင် အနေနဲ့ ဆောင်ရွက်နေတာဆိုလို့ တိုက်နယ်ဆေးရုံ ဆောက်ပေးနေတာရယ်၊ ဇန်န၀ါ ရီ ၆ ရက်ကစပြီး လုပ်နေတဲ့ မိုင်တိုင်အမှတ် ၄၄၆/၂ နဲ့ ၄၄၆/၇ အကြားက မြေစာတွေ ဖယ်ရှားပေးနေတာကိုပဲ မြင်ရပြီး ဘယ်ကာလအတွင်း လုပ်ဆောင်ပေးမယ်လို့ မသိရဘူး” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကံကုန်းရွာသား ကိုအောင်စိုးက ပြောပြသည်။

စုဝေးဟောပြောရာတွင် ဒေသခံတောင်သူများသည် ကံကုန်းရွာထိပ်ရှိ ဦးမြို့ခင်၏ ယာကွက်အတွင်း နံနက် ၁၀ နာရီမှ ၁၁ နာရီ အထိ ဟောပြောခဲ့ပြီး အက်စစ်စက်ရုံအတွက် စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်အား လိုက်နာဆောင်ရွက်ရေး၊ အမြန်ဆုံး ရွှေ့ပြောင်းပေးရေး၊ ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းမှ မြေယာလျော်ကြေး အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ စွန့်ပစ်မြေများဖယ် ရှားရေးတို့ကို တောင်သူအင်အား တစ်ရာခန့်ဖြင့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ကြေးစင်တောင်နဲ့ စံပယ်တောင်အတွက် မြေဧက ၅၄၁၁ ဧကကို အရင်ကတည်းက သိမ်းဆည်းခဲ့တာ။ မြေယာလျော်ကြေး မရတဲ့အတွက် ဆန္ဒပြတာ ဖြစ်ပါတယ်။ ဆန္ဒပြတာကို တရားဝင် လုပ်တာဖြစ်ပြီး မိုးကြိုးဆာလဖျူရစ်အက်စစ် စက်ရုံကို ကံကုန်းရွာအနီးက ရွှေ့ပေးရေး၊ မုံရွာ-ပုသိမ် လမ်းပေါ်မှာရှိတဲ့ မိုင်တိုင်အမှတ် ၄၄၆/၂ နဲ့ ၄၄၆/၇ အကြားမှာရှိတဲ့ ဒုတ္ထာမြေများ ဖော်ထုတ်ရှင်းလင်းရေး လက်ပံတောင်းတောင်နဲ့ စံပယ်တောင်၊ ကြေးစင်တောင်တို့အတွက် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီထံ တောင်းဆိုထားတဲ့ အချက် (၈) ချက်ကို အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ ကြေးနီစီမံကိန်းအတွက် မလိုအပ်တဲ့ မြေတွေကို စိုက်ပျိုးမြေအဖြစ် ခွင့်ပြုပေးရေးတို့ကို တောင်းဆိုခဲ့ပါတယ်” ဟု ကံကုန်းကျေးရွာမှ ဆန္ဒပြတောင်သူ တစ်ဦးက ပြောပြသည်။

“မိုးကြိုးဆာလဖျူရစ် အက်စစ်စက်ရုံကို ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၀၇ ဧပြီလမှာ စတင်လည်ပတ်တယ်။ ၂၀၁၀ ကနေ ၂၀၁၂ အထိ ကံကုန်းရွာသား ၁၄ ယောက် လည်ချောင်းကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာတွေနဲ့  သေဆုံးတာကို သတိပြုမိပါတယ်။ သောက်ရေကလည်း ကံကုန်းကျေးရွာမှာ အဆင်မပြေဘူး။ ရေတွင်းသုံးတွင်းရှိပြီး မြန်မာ-ယန်စီက ရေတွင်းတစ်တွင်းနဲ့ ရေသန့်စက်တစ်လုံး၊ မြို့နယ်က ရေတစ်တွင်းနဲ့ အကောင်အထည် ဖော်ဆောင်ရေး ကော်မတီက တစ်တွင်း မေလကတည်းက လာတူးတယ်။ ဒါပေမဲ့ အဲဒီရေတွင်းက မအောင်ဘူး။ ဘူမိဗေဒ ပညာရှင်တွေနဲ့ စနစ်တကျ လာစစ်တော့ ရေ Level က ၁၇၅ ပေမှာရှိပြီး အောက်မှာ ပဲခူးကျောက်လွှာက ခံနေတယ်။ ရေအရင်းအမြစ် ဌာနကတော့ သောက်သုံးဖို့  မသင့်ဘူးလို့ မှတ်ချက်ပေးတယ်။ ရွာကသုံးရေအတွက် ရွာနဲ့သုံးမိုင်ဝေးတဲ့ မြစ်ရေတင်စီမံကိန်းကို သွားခပ်ရတယ်။ မိုင်းနဲ့အက်စစ်စက်ရုံက ရေတိုင်တွေမှာလည်း သွားခပ်ရပါတယ်” ဟု ကံကုန်းကျေးရွာသား တစ်ဦးက ပြောကြားခဲ့သည်။

(ဇန်န၀ါရီ ၁၀ ရက် နံနက်က ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်း သိမ်းဆည်းထားသော မြေယာများအတွက် ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်))
(ဇန်န၀ါရီ ၁၀ ရက် နံနက်က ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်း သိမ်းဆည်းထားသော မြေယာများအတွက် ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်))
RangonNewsDaily:: January . 11 .2014
ဆားလင်းကြီးမြို့နယ် ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားသော မြေ
ယာလျော်ကြေးများအတွက်ဇန်န၀ါရီ ၁၀ ရက် နံနက် ၁၀ နာရီ မှ ၁၁ နာရီအထိ စုဝေးဟောပြောကာ နံနက်
၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ ၂၀၁၃ ခုနှစ် သြဂုတ် ၁၆ ရက်က ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ပြီး တောင်းဆိုချက်များ အားလုံးကို ဆွေးနွေး
ဆောင်ရွက်မှု မရှိမချင်း ဆန္ဒပြသွားမည်ဟု ဒေသခံများက ပြောကြားထားသည်။

“ဒေသခံတွေ တောင်းဆိုချက်တွေကို အကောင်အထည် ဖော်မဖော်နဲ့ ပတ်သက်ပြီး တောင်းဆိုချက် ရှစ်ချက်
ထဲက ဒေသအာဏာပိုင် အနေနဲ့ ဆောင်ရွက်နေတာဆိုလို့ တိုက်နယ်ဆေးရုံ ဆောက်ပေးနေတာရယ်၊ ဇန်န
ဝါ ရီ ၆ ရက်ကစပြီး လုပ်နေတဲ့ မိုင်တိုင်အမှတ် ၄၄၆/၂ နဲ့ ၄၄၆/၇အကြားက မြေစာတွေ ဖယ်ရှားပေးနေတာ
ကိုပဲ မြင်ရပြီး ဘယ်ကာလအတွင်း လုပ်ဆောင်ပေးမယ်လို့ မသိရဘူး” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်
သည့် ကံကုန်းရွာသား ကိုအောင်စိုးက ပြောပြသည်။

စုဝေးဟောပြောရာတွင် ဒေသခံတောင်သူများသည် ကံကုန်းရွာထိပ်ရှိ ဦးမြို့ခင်၏ ယာကွက်အတွင်း နံနက် ၁၀ နာရီမှ ၁၁ နာရီ အထိ ဟောပြောခဲ့ပြီး အက်စစ်စက်ရုံအတွက် စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်အား လိုက်နာဆောင်ရွက်ရေး၊ အမြန်ဆုံး ရွှေ့ပြောင်းပေးရေး၊ ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်း
မှ မြေယာလျော်ကြေး အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ စွန့်ပစ်မြေများဖယ် ရှားရေးတို့ကို တောင်သူအင်အား တစ်ရာခန့်ဖြင့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ကြေးစင်တောင်နဲ့ စံပယ်တောင်အတွက် မြေဧက ၅၄၁၁ ဧကကို အရင်ကတည်းက သိမ်းဆည်းခဲ့တာ။ မြေ
ယာလျော်ကြေး မရတဲ့အတွက် ဆန္ဒပြတာ ဖြစ်ပါတယ်။ 
 
ဆန္ဒပြတာကို တရားဝင် လုပ်တာဖြစ်ပြီး မိုးကြိုးဆာလဖျူရစ်အက်စစ် စက်ရုံကို ကံကုန်းရွာအနီးက ရွှေ့ပေး
ရေး၊မုံရွာ-ပုသိမ် လမ်းပေါ်မှာရှိတဲ့မိုင်တိုင်အမှတ် ၄၄၆/၂ နဲ့ ၄၄၆/၇ အကြားမှာရှိတဲ့ ဒုတ္ထာမြေများ ဖော်ထုတ်
ရှင်းလင်းရေး လက်ပံတောင်းတောင်နဲ့ စံပယ်တောင်၊ ကြေးစင်တောင်တို့အတွက် အကောင်အထည် ဖော်
ဆောင်ရေး ကော်မတီထံ တောင်းဆိုထားတဲ့ အချက် (၈)ချက်ကိုအမြန်ဆုံး ဆောင်ရွက်ပေးရေး၊ ကြေးနီစီမံ
ကိန်းအတွက် မလိုအပ်တဲ့ မြေတွေကိုစိုက်ပျိုးမြေအဖြစ် ခွင့်ပြုပေးရေးတို့ကို တောင်းဆိုခဲ့ပါတယ်” ဟု ကံကုန်း
ကျေးရွာမှ ဆန္ဒပြတောင်သူ တစ်ဦးက ပြောပြသည်။

“မိုးကြိုးဆာလဖျူရစ်အက်စစ်စက်ရုံကို၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၀၇ ဧပြီလမှာ စတင်လည်
ပတ်တယ်။ ၂၀၁၀ ကနေ ၂၀၁၂ အထိ ကံကုန်းရွာသား ၁၄ ယောက် လည်ချောင်းကင်ဆာ၊ အသည်းကင်
ဆာ၊ အစာအိမ်ကင်ဆာတွေနဲ့  သေဆုံးတာကို သတိပြုမိပါတယ်။ သောက်ရေကလည်း ကံကုန်းကျေးရွာမှာ အဆင်မပြေဘူး။ ရေတွင်းသုံးတွင်းရှိပြီး မြန်မာ-ယန်စီက ရေတွင်းတစ်တွင်းနဲ့ ရေသန့်စက်တစ်လုံး၊ မြို့နယ်
က ရေတစ်တွင်းနဲ့ အကောင်အထည် ဖော်ဆောင်ရေး ကော်မတီက တစ်တွင်း မေလကတည်းက လာတူး
တယ်။ 
 
ဒါပေမဲ့ အဲဒီရေတွင်းက မအောင်ဘူး။ ဘူမိဗေဒ ပညာရှင်တွေနဲ့ စနစ်တကျ လာစစ်တော့ ရေ Level က ၁၇၅ ပေမှာရှိပြီး အောက်မှာ ပဲခူးကျောက်လွှာက ခံနေတယ်။ ရေအရင်းအမြစ် ဌာနကတော့ သောက်သုံးဖို့  မသင့်ဘူးလို့ မှတ်ချက်ပေးတယ်။ 
 
ရွာကသုံးရေအတွက်ရွာနဲ့သုံးမိုင်ဝေးတဲ့ မြစ်ရေတင်စီမံကိန်းကို သွားခပ်ရတယ်။ မိုင်းနဲ့အက်စစ်စက်ရုံက ရေ
တိုင်တွေမှာလည်း သွားခပ်ရပါတယ်” ဟု ကံကုန်းကျေးရွာသား တစ်ဦးက ပြောကြားခဲ့သည်။
 
Eleven Media ,  kolatt(PBDN)
RangonNewsDaily


No comments:

Post a Comment