Pages

Pages - Menu

Tuesday, January 14, 2014

နေစရာမရှိသည့် ကျူးကျော်တဲတစ်သောင်းကျော် အင်အားသုံးဖယ်ရှားခံရ

Photo: နေစရာမရှိသည့် ကျူးကျော်တဲတစ်သောင်းကျော် အင်အားသုံးဖယ်ရှားခံရ
Tuesday, January 14, 2014

လှိုင်သာယာမြို့နယ် ပန်းလှိုင်တံတားအနီး တွံတေးမြို့နယ်သို့သွားသောလမ်းမကြီးဘေးရှိ ကျူးကျော်တဲ တစ်သောင်းကျော်ကို ဇန်နဝါရီ(၁၄)ရက်နံနက် လင်းအားကြီး အချိန်က တာဝန်ရှိသူများက အင်အားသုံးဖယ်ရှားခဲ့သည်ဟုဒေသခံတို့က ဆိုသည်။
 “မနက်လေးနာရီလောက်မှာ အကုန်ဖျက်ပစ်ဆိုပြီး လူအင်အားကလည်းအများကြီးနဲ့အတင်းဝိုင်းဖျက်ကြတာ အိမ်တွေ ဖျက်တော့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးဖမ်းခံရတဲ့လူတွေလည်း ဖမ်းခံရတယ် ထွက်ပြေးကြတဲ့ လူတွေလည်းရှိတယ် ”ဟုအိမ်ဖျက်ခံရသူ ဦးကျင်အေးက ပြောသည်။

 အဆိုပါ ကျူးကျော်တဲတစ်သောင်းကျော်ကိုပန်းလှိုင်တံတားအနီးရှိကျေးရွာ(၄)ရွာမှ ရွာသားများ၊ စည်ပင်ဝန်ထမ်းများနှင့် မြို့နယ် အိုးအိမ်ဦးစီးဌာနမှဝန်ထမ်းများမှဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

 “ခုအိမ်တွေကို ဖျက်လိုက်တော့ ကျွန်တော်တို့ နေစရာလည်း မရှိတော့ဘူးဇာတိကိုပြန်ဖို့ လမ်းစရိတ်လည်း မရှိစားဝတ်နေရေးအတွက် ကျွန်တော်တို့တော်တော်ဒုက္ခရောက်ကုန်ပြီ” ဟု မိသားစု(၈)ဦးနှင့် ကျူးကျော်နေထိုင်သူဦးအောင်ဝင်းက ပြောသည်။

ပန်းလှိုင်တံတားအနီးလမ်းမလေးရှိ ကျူးကျော်တဲများကို ဖယ်ရှာပေးရန်သက်ဆိုင်ရာက ကြိုတင်အကြောင်း ကြားခြင်း မရှိဘဲဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ပြဿာနာဖြစ်ပွားနေသည့်နေရာသို့ မသွားရောက်နိုင်ရန်လှိုင်သာယာမြို့နယ် BOD အဝိုင်းထိပ်တွင် ရဲအင်အား (၅၀)ခန့်ဖြင့်စစ်ဆေးနေပြီး ၎င်းလမ်းမကြီးတစ်လျှောက်၌လည်း လုံခြုံရေးရယူထားသည်ဟု သိရသည်။

“ညက ကျွန်တော်က အိမ်မှာမရှိဘူး ကျွန်တော့်အိမ်လည်း အဖျက်ခံရလို့ ဒီမနက်မှဖုန်းဆက် အကြောင်းကြားတော့ လုံခြုံရေးအရဆိုပြီး ပေးမဝင်ဘူးဗျာ အထဲမှာကမိသားစုကလည်းရှိနေတယ် အခုအထဲကို ဝင်ဖို့စောင့်နေတဲ့သူတွေ အများကြီးပဲ”ဟုကိုဟန်ဝင်းကပြောသည်။

ကျူးကျော်တဲတွင် နေထိုင်သူများမှာ ၎င်းတို့နေထိုင်ရန်အတွက် မြေကွက်များကိုလယ်သမားများထံမှတစ်ဆင့် ပေ(၂၀)ပေ(၁၀၀) ရှိသည့်မြေကွက်ကိုကျပ်သုံးသောင်းဝန်းကျင်ဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်ဟု အိမ်ဖျက်သိမ်းခံအချို့က ဆိုသည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်က ထိုနေရာတွင် ကျူးကျော်တဲအနည်းငယ်သာရှိခဲ့သော်လည်း ၂၀၁၃ ဒီဇင်ဘာလမှစ၍ ကျူးကျော်တဲများ တစထက်တစများပြားလာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

အဆိုပါကိစ္စများနှင့်ပတ်သတ်၍ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပိတ်ထားသည့် တုန့်ပြန်မှုသာရရှိခဲ့သည်။

Myit Ma Kha Media Group

RangonNewsDaily:: January . 14 .2014
လှိုင်သာယာမြို့နယ် ပန်းလှိုင်တံတားအနီး တွံတေးမြို့နယ်သို့သွားသောလမ်းမကြီးဘေးရှိ ကျူးကျော်တဲ တစ်သောင်းကျော်ကို ဇန်နဝါရီ(၁၄)ရက်နံနက် လင်းအားကြီး အချိန်က တာဝန်ရှိသူများက အင်အားသုံးဖယ်ရှားခဲ့သည်ဟုဒေသခံတို့က ဆိုသည်။“မနက်လေးနာရီလောက်မှာ အကုန်ဖျက်ပစ်ဆိုပြီး လူအင်အားကလည်းအများကြီးနဲ့အတင်းဝိုင်းဖျက်ကြတာ အိမ်တွေ ဖျက်တော့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးဖမ်းခံရတဲ့လူတွေလည်း ဖမ်းခံရတယ် ထွက်ပြေးကြတဲ့ လူတွေလည်းရှိတယ် ”ဟုအိမ်ဖျက်ခံရသူ ဦးကျင်အေးက ပြောသည်။

အဆိုပါ ကျူးကျော်တဲတစ်သောင်းကျော်ကိုပန်းလှိုင်တံတားအနီးရှိကျေးရွာ(၄)ရွာမှ ရွာသားများ၊ စည်ပင်ဝန်ထမ်းများနှင့် မြို့နယ် အိုးအိမ်ဦးစီးဌာနမှဝန်ထမ်းများမှဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

“ခုအိမ်တွေကို ဖျက်လိုက်တော့ ကျွန်တော်တို့ နေစရာလည်း မရှိတော့ဘူးဇာတိကိုပြန်ဖို့ လမ်းစရိတ်လည်း မရှိစားဝတ်နေရေးအတွက် ကျွန်တော်တို့တော်တော်ဒုက္ခရောက်ကုန်ပြီ” ဟု မိသားစု(၈)ဦးနှင့် ကျူးကျော်နေထိုင်သူဦးအောင်ဝင်းက ပြောသည်။

ပန်းလှိုင်တံတားအနီးလမ်းမလေးရှိ ကျူးကျော်တဲများကို ဖယ်ရှာပေးရန်သက်ဆိုင်ရာက ကြိုတင်အကြောင်း ကြားခြင်း မရှိဘဲဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ပြဿာနာဖြစ်ပွားနေသည့်နေရာသို့ မသွားရောက်နိုင်ရန်လှိုင်သာယာမြို့နယ် BOD အဝိုင်းထိပ်တွင် ရဲအင်အား (၅၀)ခန့်ဖြင့်စစ်ဆေးနေပြီး ၎င်းလမ်းမကြီးတစ်လျှောက်၌လည်း လုံခြုံရေးရယူထားသည်ဟု သိရသည်။

“ညက ကျွန်တော်က အိမ်မှာမရှိဘူး ကျွန်တော့်အိမ်လည်း အဖျက်ခံရလို့ ဒီမနက်မှဖုန်းဆက် အကြောင်းကြားတော့ လုံခြုံရေးအရဆိုပြီး ပေးမဝင်ဘူးဗျာ အထဲမှာကမိသားစုကလည်းရှိနေတယ် အခုအထဲကို ဝင်ဖို့စောင့်နေတဲ့သူတွေ အများကြီးပဲ”ဟုကိုဟန်ဝင်းကပြောသည်။

ကျူးကျော်တဲတွင် နေထိုင်သူများမှာ ၎င်းတို့နေထိုင်ရန်အတွက် မြေကွက်များကိုလယ်သမားများထံမှတစ်ဆင့် ပေ(၂၀)ပေ(၁၀၀) ရှိသည့်မြေကွက်ကိုကျပ်သုံးသောင်းဝန်းကျင်ဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်ဟု အိမ်ဖျက်သိမ်းခံအချို့က ဆိုသည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်က ထိုနေရာတွင် ကျူးကျော်တဲအနည်းငယ်သာရှိခဲ့သော်လည်း ၂၀၁၃ ဒီဇင်ဘာလမှစ၍ ကျူးကျော်တဲများ တစထက်တစများပြားလာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

အဆိုပါကိစ္စများနှင့်ပတ်သတ်၍ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပိတ်ထားသည့် တုန့်ပြန်မှုသာရရှိခဲ့သည်။

Myit Ma Kha Media , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment