Pages

Pages - Menu

Tuesday, January 7, 2014

ဒီယေဂိုကော်စတာ ကစားသည့်ပွဲ မန်ယူကင်းထောက် သွားကြည့်ခဲ့

Photo: ဒီယေဂိုကော်စတာ ကစားသည့်ပွဲ မန်ယူကင်းထောက် သွားကြည့်ခဲ့
Tuesday, January 7, 2014

အက်သလက်တီကိုအတွက် (၂၁)ပွဲ ကစားရာတွင် (၂၃)ဂိုးသွင်းယူထားသည့် တိုက်စစ်မှူး ဒီယေဂိုကော်စတာကို ခေါ်ယူရန် ပြင်ဆင်နေသော မန်ယူမှာ မာလာဂါနှင့် အက်သလက်တီကိုတို့ ကစားခဲ့သောပွဲစဉ်တွင် ကစားသမား ကင်းထောက်ချုပ် ရော်ဘီကွတ်ကီကို စေလွှတ်၍ ကစားသမား၏ ခြေစွမ်းကို ကြည့်ရှုစေခဲ့သည်ဟု သိရသည်။ ကော်စတာသည် ပြီးခဲ့သည့်အပြောင်းအရွှေ့က လီဗာပူး၏ စိတ်ဝင်စားခြင်း ခံခဲ့ရသော်လည်း အက်သလက်တီကိုနှင့်အတူ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကာ ပေါင်(၃၂)သန်းတန်
လျော်ကြေးစာချုပ်ရှိနေသူဖြစ်သည်။

မာလာဂါနှင့်ပွဲတွင် အက်သလက်တီကိုအတွက် နိုင်ပွဲရစေမည့် တစ်လုံးတည်းသောဂိုးကို ကွင်းလယ်လူ ကိုကီက သွင်းယူခဲ့ပြီး အဆိုပါကစားသမားမှာလည်း မန်ယူ၏ စိတ်ဝင်စားခြင်းခံနေရသူဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ကိုကီ၏အပြောင်းအရွှေ့ကို ဆွေးနွေးရန်အတွက် မန်ယူမှ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ သို့သော် ဘာစီလိုနာ၊ ရီးရဲလ်တို့နှင့်အပြိုင် လာလီဂါဖလား ပြေးလမ်းပေါ်တွင်ရှိနေသော အက်သလက်တီကို အနေဖြင့် ၎င်းတို့၏ အဓိက ကစားသမားများကို ဇန်န၀ါရီတွင် လက်လွှတ်ခံဖွယ်မရှိပေ။

YoYarLay

RangonNewsDaily:: January . 7 .2014
အက်သလက်တီကိုအတွက် (၂၁)ပွဲ ကစားရာတွင် (၂၃)ဂိုးသွင်းယူထားသည့် တိုက်စစ်မှူး ဒီယေဂိုကော်စတာ
ကို ခေါ်ယူရန် ပြင်ဆင်နေသော မန်ယူမှာ မာလာဂါနှင့် အက်သလက်တီကိုတို့ကစားခဲ့သောပွဲစဉ်တွင် ကစား
သမားကင်းထောက်ချုပ် ရော်ဘီကွတ်ကီကို စေလွှတ်၍ကစားသမား၏ ခြေစွမ်းကို ကြည့်ရှုစေခဲ့သည်ဟု သိရ
သည်။ ကော်စတာသည် ပြီးခဲ့သည့်အပြောင်းအရွှေ့က လီဗာပူး၏ စိတ်ဝင်စားခြင်း ခံခဲ့ရသော်လည်း အက်သလက်
တီကိုနှင့်အတူ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကာ ပေါင်(၃၂)သန်းတန်လျော်ကြေးစာချုပ်ရှိနေသူဖြစ်သည်။

မာလာဂါနှင့်ပွဲတွင်အက်သလက်တီကိုအတွက် နိုင်ပွဲရစေမည့် တစ်လုံးတည်းသောဂိုးကို ကွင်းလယ်လူ ကိုကီ
က သွင်းယူခဲ့ပြီး အဆိုပါကစားသမားမှာလည်း မန်ယူ၏ စိတ်ဝင်စားခြင်းခံနေရသူဖြစ်သည်။ ပြီးခဲ့သည့်ရက်
ပိုင်းကကိုကီ၏အပြောင်းအရွှေ့ကို ဆွေးနွေးရန်အတွက်မန်ယူမှကိုယ်စားလှယ်အဖွဲ့စေလွှတ်ခဲ့ကြောင်းသတင်း
များက ဖော်ပြသည်။ 
 
သို့သော် ဘာစီလိုနာ၊ ရီးရဲလ်တို့နှင့်အပြိုင် လာလီဂါဖလား ပြေးလမ်းပေါ်တွင်ရှိနေသော အက်သလက်တီကို အနေဖြင့် ၎င်းတို့၏ အဓိက ကစားသမားများကို ဇန်န၀ါရီတွင် လက်လွှတ်ခံဖွယ်မရှိပေ။

YoYarLay , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment