Pages

Pages - Menu

Friday, January 24, 2014

အကြမ်းဖက်မှု လုပ်ဆောင်သူအား ထောင်ဒဏ်တစ်သက်နှင့် သေဒဏ်အ ချက်များပါဝင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု

Photo: အကြမ်းဖက်မှု လုပ်ဆောင်သူအား ထောင်ဒဏ်တစ်သက်နှင့် သေဒဏ်အ ချက်များပါဝင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု
Friday, January 24, 2014

 အကြမ်းဖက်မှု လုပ်ဆောင်သူအား အနည်းဆုံးထောင်ဒဏ် (၁၀) နှစ်မှ ထောင်ဒဏ်တစ်သက်၊ သေဒဏ်၊ နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ငွေကြေးနှင့် ပစ္စည်းများရောင်းချရမှုမှ ၁၀ ရာခိုင်နှုန်းအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးအဖွဲ့ ရန်ပုံငွေအဖြစ်ပေးသွင်းရမည့် အချက်များပါဝင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကြမ်းအား ဇန်န၀ါရီ ၂၃ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည်။

ဥပဒေကြမ်း၏ ပုဒ်မ ၁၅ တွင် အပြည်ပြည်ဆိုင်ရာ အကာအကွယ်ပေးရမည့် ပုဂ္ဂိုလ်အား ကျူးလွန်သည့်ပြစ်မှုအတွက် ကျူးလွန်သူအား အနည်းဆုံးထောင်ဒဏ် (၅) နှစ်မှ အများဆုံးထောင်ဒဏ် (၁၀) နှစ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း၊ ပေါက်ကွဲစေတတ်သည့် ပလတ်စတစ်ဝတ္ထုပစ္စည်းဆိုင်ရာပြစ်မှု၊ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုကျူးလွန်ရန် (သို့) အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု ကျူးလွန်ရာတွင် အားပေးကူညီရန် ပေါက်ကွဲစေတတ်သည့် ၀တ္ထုပစ္စည်း၊ ဗုံး (သို့)လက်နက်ကို ထုတ်လုပ်မှု၊ ပေးကမ်းမှု (သို့) လက်ဝယ်ထားမှုများလည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းတွင် အကြမ်းဖက်မှုဆိုင်ရာ သတင်းဖလှယ်ခြင်း၊ အကြမ်းဖက်သမားက မိမိနယ်မြေအားအသုံးပြု၍ အခြားနိုင်ငံသားနှင့် နိုင်ငံသားများအပေါ် အကြမ်းဖက်မှု ကျူးလွန်ခြင်းမပြုနိုင်အောင် ကာကွယ်တားဆီးခြင်း၊ အကြမ်းဖက်မှုဆိုင်ရာ စီစဉ်ညွှန်ကြားခြင်း၊ ပြင်ဆင်ခြင်း၊ စီမံခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းကို ကာကွယ်တားဆီးခြင်း၊ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အုပ်စုများ နိုင်ငံဖြတ်ကျော်၍ဖြစ်စေ၊ နယ်စပ်ဖြတ်ကျော်၍ဖြစ်စေ လှုပ်ရှားသွားလာမှုကို ထိန်းချုပ် တားဆီးနိုင်ရန်အတွက် နယ်စပ်ထိန်းချုပ်မှု ပူးပေါင်းဆောင်မှုမြှင့်တင်ခြင်း စသည်ဖြင့်ပါဝင်ကြောင်း သိရသည်။

အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုတွေကို တားဆီးနှိမ်နှင်းရေး၊ အကြမ်းဖက်မှု၊  ဗုံးဖေါက်ခွဲမှုတွေကို တားဆီးကာကွယ်  .  .  . 
ထို့ပြင် နိုင်ငံတော်နှင့် အများပြည်သူအပေါ် ရုတ်ခြည်းအန္တရာယ်ကျရောက်စေမည့် အကြမ်းဖက်မှုအား တားဆီးကာကွယ်ရန် လိုအပ်ပါက အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်သမားများ၏ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်မှုများကို ဖြတ်တောက်ခွင့်၊ ကန့်သတ်ခွင့်၊ ကြားဖြတ်ဖမ်းယူခွင့် အမိန့်ထုတ်ဆင့်နိုင်သည်ဟု ပါရှိသည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း၊ အာဆီယံအဖွဲ့၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း၊ ကုလသမဂ္ဂလုံခြုံကောင်စီ ဆုံးဖြတ်ချက်များနှင့် လိုက်လျောညီထွေမှု ရှိရန်အတွက် နိုင်ငံတော်နှင့် အများပြည်သူ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်သည့် ပြည်တွင်းဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းနိုင်ရန် ဖြစ်သည်ကို လေ့လာတွေ့ရှိကြောင်း ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ပြောကြားသည်။

“ဥပဒေကြမ်းမှာ အခန်း ၁၉ ခန်းပါတဲ့ အနက် အခန်း ၄ မှ ၁၂ အထိမှာ မြို့ပြလေကြောင်းပျံသန်းရေးနဲ့ လေဆိပ်ကို ဘေးအန္တရာယ်ဖြစ်စေတဲ့ ဥပဒေမဲ့ပြုလုပ်မှုတွေကို တားဆီးနှိမ်နှင်းရေး ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အကာအကွယ်ပေးရမယ့် ပုဂ္ဂိုလ်များအပေါ် ကျူးလွန်မှုတွေကို တားဆီးဖို့၊ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းမှုများ တားဆီးနှိမ်နှင်းရေး၊ နျူကလီးယားဒြပ်ပစ္စည်း၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်း၊ နျူကလီးယား အဆောက်အအုံတွေနဲ့ ဇီဝ၊ ဓာတုနဲ့ နျူကလီးယားလက်နက်တွေကို တားဆီးနှိမ်နှင်းရေး၊ ရေအောက်သယံဇာတရှာဖွေရေး အဆောက်အအုံကို ဘေးအန္တရာယ်ဖြစ်အောင် ဥပဒေမဲ့ပြုလုပ်မှုတွေကို တားဆီးဖို့ ဖြစ်ပါတယ်။ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုတွေကို တားဆီးနှိမ်နှင်းရေး၊ အကြမ်းဖက်မှု ဗုံးဖေါက်ခွဲမှုတွေကို တားဆီးကာကွယ်နိုင်ဖို့အတွက် ရေးဆွဲထားတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ပြောကြားသည်။

ဥပဒေကြမ်းတွင် အကြမ်းဖက် အသီးသီးကို ထိရောက်အောင်မြင်စွာ တိုက်ဖျက်ရေး၊ တားဆီးကာကွယ်ရေး၊ အများပြည်သူအား အသိပညာပေးရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဗဟိုအဖွဲ့နှင့် လုပ်ငန်းကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ရန် ပြဋ္ဌာန်းထားကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏  အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန်အတွက် ရေးဆွဲထားခြင်းဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီဝင်က ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ တင်သွင်းသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းအား ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်မရှိသည့်အတွက် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။


Eleven Media Group

RangonNewsDaily:: January . 24 .2014
အကြမ်းဖက်မှု လုပ်ဆောင်သူအား အနည်းဆုံးထောင်ဒဏ် (၁၀) နှစ်မှ ထောင်ဒဏ်တစ်သက်၊ သေဒဏ်၊ နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ငွေကြေးနှင့် ပစ္စည်းများရောင်းချရမှုမှ ၁၀ ရာခိုင်နှုန်းအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးအဖွဲ့ ရန်ပုံငွေအဖြစ်ပေးသွင်းရမည့် အချက်များပါဝင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကြမ်းအား ဇန်န၀ါရီ ၂၃ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည်။ ဥပဒေကြမ်း၏ ပုဒ်မ ၁၅ တွင် အပြည်ပြည်ဆိုင်ရာ အကာအကွယ်ပေးရမည့် ပုဂ္ဂိုလ်အား ကျူးလွန်သည့်ပြစ်မှုအတွက် ကျူးလွန်သူအား အနည်းဆုံးထောင်ဒဏ် (၅) နှစ်မှ အများဆုံးထောင်ဒဏ် (၁၀) နှစ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း၊ ပေါက်ကွဲစေတတ်သည့် ပလတ်စတစ်ဝတ္ထုပစ္စည်းဆိုင်ရာပြစ်မှု၊ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုကျူးလွန်ရန် (သို့) အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှု ကျူးလွန်ရာတွင် အားပေးကူညီရန် ပေါက်ကွဲစေတတ်သည့် ၀တ္ထုပစ္စည်း၊ ဗုံး (သို့)လက်နက်ကို ထုတ်လုပ်မှု၊ ပေးကမ်းမှု (သို့) လက်ဝယ်ထားမှုများလည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းတွင် အကြမ်းဖက်မှုဆိုင်ရာ သတင်းဖလှယ်ခြင်း၊ အကြမ်းဖက်သမားက မိမိနယ်မြေအားအသုံးပြု၍ အခြားနိုင်ငံသားနှင့် နိုင်ငံသားများအပေါ် အကြမ်းဖက်မှု ကျူးလွန်ခြင်းမပြုနိုင်အောင် ကာကွယ်တားဆီးခြင်း၊ အကြမ်းဖက်မှုဆိုင်ရာ စီစဉ်ညွှန်ကြားခြင်း၊ ပြင်ဆင်ခြင်း၊ စီမံခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းကို ကာကွယ်တားဆီးခြင်း၊ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အုပ်စုများ နိုင်ငံဖြတ်ကျော်၍ဖြစ်စေ၊ နယ်စပ်ဖြတ်ကျော်၍ဖြစ်စေ လှုပ်ရှားသွားလာမှုကို ထိန်းချုပ် တားဆီးနိုင်ရန်အတွက် နယ်စပ်ထိန်းချုပ်မှု ပူးပေါင်းဆောင်မှုမြှင့်တင်ခြင်း စသည်ဖြင့်ပါဝင်ကြောင်း သိရသည်။

အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုတွေကိုတားဆီးနှိမ်နှင်းရေး၊အကြမ်းဖက်မှု၊ ဗုံးဖေါက်ခွဲမှု
တွေကို တားဆီးကာကွယ် . . . ထို့ပြင် နိုင်ငံတော်နှင့် အများပြည်သူအပေါ် ရုတ်ခြည်းအန္တရာယ်ကျရောက်
စေမည့်အကြမ်းဖက်မှုအားတားဆီးကာကွယ်ရန် လိုအပ်ပါက အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်သမား
များ၏ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်မှုများကို ဖြတ်တောက်ခွင့်၊ ကန့်သတ်ခွင့်၊ ကြားဖြတ်ဖမ်းယူခွင့် အမိန့်ထုတ်ဆင့်နိုင်သည်ဟု ပါရှိသည်။

အဆိုပါ ဥပဒေကြမ်းနှင့်ပတ်သက်၍အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အကြမ်းဖက်မှု တိုက်ဖျက်
ရေးနှင့် စပ်လျဉ်းသည့် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း၊ အာဆီယံအဖွဲ့၏ အကြမ်းဖက်မှု တိုက်
ဖျက်ရေးကွန်ဗင်းရှင်း၊ ကုလသမဂ္ဂလုံခြုံကောင်စီ ဆုံးဖြတ်ချက်များနှင့် လိုက်လျောညီထွေမှု ရှိရန်အတွက် နိုင်
ငံတော်နှင့် အများပြည်သူ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်သည့် ပြည်တွင်းဥပဒေတစ်ရပ်အဖြစ် ပြ
ဋ္ဌာန်းနိုင်ရန် ဖြစ်သည်ကို လေ့လာတွေ့ရှိကြောင်းဥပဒေကြမ်းကော်မတီဝင်ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ပြော
ကြားသည်။

“ဥပဒေကြမ်းမှာ အခန်း ၁၉ ခန်းပါတဲ့ အနက် အခန်း ၄ မှ ၁၂ အထိမှာ မြို့ပြလေကြောင်းပျံသန်းရေးနဲ့ လေ
ဆိပ်ကို ဘေးအန္တရာယ်ဖြစ်စေတဲ့ ဥပဒေမဲ့ပြုလုပ်မှုတွေကို တားဆီးနှိမ်နှင်းရေး ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်
ရာ အကာအကွယ်ပေးရမယ့် ပုဂ္ဂိုလ်များအပေါ် ကျူးလွန်မှုတွေကို တားဆီးဖို့၊ ဓားစာခံအဖြစ် ဖမ်းဆီးထိန်း
သိမ်းမှုများတားဆီးနှိမ်နှင်းရေး၊ နျူကလီးယားဒြပ်ပစ္စည်း၊ ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်း၊နျူကလီးယား အဆောက်
အအုံတွေနဲ့ ဇီဝ၊ ဓာတုနဲ့ နျူကလီးယားလက်နက်တွေကို တားဆီးနှိမ်နှင်းရေး၊
 
ရေအောက်သယံဇာတရှာဖွေရေးအဆောက်အအုံကို ဘေးအန္တရာယ်ဖြစ်အောင်ဥပဒေမဲ့ပြုလုပ်မှုတွေကိုတား
ဆီးဖို့ ဖြစ်ပါတယ်။ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုတွေကို တားဆီးနှိမ်နှင်းရေး၊ အကြမ်း
ဖက်မှု ဗုံးဖေါက်ခွဲမှုတွေကို တားဆီးကာကွယ်နိုင်ဖို့အတွက် ရေးဆွဲထားတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်
ဦးလွင်က ပြောကြားသည်။

ဥပဒေကြမ်းတွင် အကြမ်းဖက် အသီးသီးကို ထိရောက်အောင်မြင်စွာ တိုက်ဖျက်ရေး၊ တားဆီးကာကွယ်ရေး၊ အများပြည်သူအား အသိပညာပေးရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန်
အတွက်ဗဟိုအဖွဲ့နှင့်လုပ်ငန်းကော်မတီဖွဲ့စည်း တာဝန်ပေးအပ်ရန် ပြဋ္ဌာန်းထားကြောင်း၊ နိုင်ငံတော်နှင့် ပြည်
သူများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန်အတွက် ရေးဆွဲထားခြင်းဖြစ်ကြောင်း ဥပဒေကြမ်း
ကော်မတီဝင်က ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ တင်သွင်းသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းအား ဆွေးနွေးမည့် လွှတ်
တော်ကိုယ်စားလှယ်မရှိသည့်အတွက် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်သို့ ဆက်
လက်ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

Eleven Media  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment