Pages

Pages - Menu

Sunday, January 26, 2014

"ဦးဝီရသူဟာ အကြမ်းဖက်သမား ဟုတ်မဟုတ် လေ့လာဆန်းစစ်ခြင်းနှင့် သက်သေ အထောက်အထားများ"

RangonNewsDaily:: January . 26 .2014

အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်းရဲ့ ဇူလှိုင်လ ၁ ရက်နေ့ ထွက်မယ့် မဂ္ဂဇင်း မျက်နှာဖုံးမှာ ဦးဝိရသူရဲ့ ဓာတ်ပုံကို ဖော်ပြပြီး The face of Buddhist Terror အမည်နဲ့ ဆောင်းပါးဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီးတော့ လက်ရှိ မြန်မာလူမျိုးများနှင့် ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဘာသာဖြစ်ကြောင်း လူအများ၏စိတ်ထဲတွင် ထင်
ယောင်ထင်မှားဖြစ်စေမှူနဲ့ ပတ်သက်ပြီး အရင်လေ့လာ တင်ပြလိုပါတယ်။
TIME မဂ္ဂဇင်းရဲ့အသုံးအနှုံးဟာThe face of Buddhist Terrorလို့သုံးနှုံးထားတဲ့အတွက် ဗုဒ္ဓဘာသာ အကြမ်း
ဖက်သမား "တစ်ဦး" ဟူ၍သာ ဦးဝီရသူ တစ်ဦးတစ်ယောက်ထဲကို ရည်ရွယ်ရေးသားခြင်းဖြစ်ကြောင်း အဓိ
ပ္ပာယ်တိတိကျကျရပါတယ်။ 

ဗုဒ္ဓဘာသာနှင့် ၊ဗုဒ္ဓဘာသာဝင်အားလုံးသည်အကြမ်းဖက်ခြင်းဖြစ်သည်ဟု ရည်ရွယ်ရေးသားခြင်းမဟုတ်လို့
ဒီကိစ္စကို အကျယ်တဝင့် ရှင်းပြစရာမလိုတော့ပဲ ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အပေါ် ခြုံငုံရေးသားခြင်း
သည်ဖြစ်သည်ဟု ထင်မြင်ချက်သည် မမှန်ကန်ပဲ မှားယွင်းချွတ်ချော်ချက်တစ်ခုသာဖြစ်သည်ဟုသာ ထင်ရှား
ပေါ်လွင်စေပါတယ်။

 ဒီအချက်ကြောင့် ဒီလိုအရေးအသားမျိုးကို ကန့်ကွက်ခြင်းမျိုးဟာ ဦးဝီရသူအပေါ် ရေးသားချက်အားကန့်
ကွက်ခြင်းသာ ဖြစ်စေပြီး ဗုဒ္ဓဘာသာအပေါ် စွပ်စွဲရေးသားချက်အား ကန့်ကွက်ရာ မရောက်ကြောင်း အဓိ
ပ္ပာယ် သက်ရောက်စေပါတယ်။ 

ထူးခြားတာတစ်ခုကတော့ဒီကန့်ကွက်ချက်ကို မြန်မာအစိုးရပိုင်သမ္မတရုံးဝက်ဆိုက်မှာဖော်ပြလာခဲ့ပြီး ပထမ
ဆုံး အနေနဲ့ ရဟန်းသံဃာတော်တစ်ပါးတည်း ဘက်မှ ရပ်တည်ကန့်ကွက်ကြောင်း ဖော်ပြချက်ဖြစ်ပြီး မြန်
မာဘာသာဖြင့်သာ ရေးသားဖော်ပြထားကာ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားခြင်းမျိုး မရှိပါဘူး။

စိတ်ဝင်စားစရာကောင်းသည့်အချက်ကတော့ ထိုကန့်ကွက်ချက်နှင့် ဘယ်လိုမှ ပတ်သက်မှူ မရှိသည့် ၉၆၉ ဆိုသည့် ဂဏာန်း သင်္ကေတအား ဗုဒ္ဓသာသနာတော်ကို ညိုးနွမ်းစေနိုင် မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် မေတ္တာရပ်ခံထားသည့် အကြောင်းကိုပါ ဖော်ပြထားခြင်းပဲဖြစ်ပါတယ်။ 

ရှင်းလင်းအောင်တင်ပြရမယ်ဆိုရင်တော့ဒီအသုံးအနှုံးဟာ ဦးဝီရသူ တစ်ယောက်ထဲနှင့်သာ သက်ဆိုင်သော
အသုံးအနှူန်းဖြစ်ပါကြောင်းပေါ်လွင်စေပါတယ်။ဒီအတွက်ကြောင့်ကန့်ကွက်မယ် ရှုံ့ချမယ်ဆိုရင်တော့ ဆရာ
တော် ဦးဝီရသူဟာ ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို မလုပ်ခဲ့ကြောင်း သက်သေပြဖို့လိုပါတယ်။ 

 ကဲ ဒါဆို ဦးဝီရသူရဲ့ ရပ်တည်ချက်နဲ့ နောက်ခံ သမိုင်းကြောင်းကို စာရှူသူမိတ်ဆွေနဲ့ စာရေးသူ ကျွန်တော် အတူတကွလေ့လာကြည့်ရအောင်။ တွေရှိလာတဲ့ ဖြစ်ရပ်သက်သေများကို စာရေးသူရဲ့ အမြင်သက်သက်ဖြင့်
သာ မတင်ပြပဲ စာဖတ်သူကိုယ်တိုင်ကိုယ်ကျ တရားသူကြီး လုပ်၊ ဆုံးဖြတ်စီရင်ပေးကြပါရန် ကြိုတင်မေတ္တာ
ရပ်ခံလိုပါတယ်။။ 

တခါတရံတော့လဲ တရားသူကြီး အချင်းချင်း သဘောထား မတိုက်ဆိုင်ပဲ မတူကွဲပြားမှူများလည်းရှိကောင်း
ရှိနိုင်ပါသေးသည်၊ ဒီလို မတင်ပြမှီ လူတစ်ဦးတစ်ယောက်၏ လုပ်ရပ်သည် သူလိုက်နာကျင့်သုံးသည့်ဘာသာ (သို့) အဖွဲ့အစည်းတစ်ရပ်ကို ဘယ်လိုမှ ကိုယ်စား မပြုမှန်း ရှင်းလင်းစွာ သိရှိထားဖို့လိုပါတယ်။ 

ဆရာတော် ဝီရသူဟာ အကြမ်းဖက် လုပ်ရပ်ကို အားပေးလို့ ဗုဒ္ဓဘာသာဝင်တိုင်းဟာ အကြမ်းဖက် သမား
များ ဖြစ်တယ်လို့မယူဆနိုင်သလိုရာဇဝတ်မှူကျူးလွန်သည့် မွတ်စလင် လူဆိုးတစ်ယောက်ကြောင့် မွတ်စလင်
အားလုံးဟာ ရာဇဝတ်သားများ ဖြစ်တယ်လို့ သတ်မှတ်လို့ မရနိုင်ပါ။ ဒီသဘောတရားကို ရှင်းလင်းကွဲပြား
စွာ နားလည်ထားဖို့တော့လိုပါတယ်။ စုန်းပြူးဆိုတာ နေရာတိုင်းမှာ ရှိတတ်ပါတယ်။ 

ဆရာတော် ဦးဝီရသူ အဖြစ် စတင်ကျော်ကြားလာစေခဲ့တာကတော့ လွန်ခဲ့သည့် ၁၀ နှစ်ခန့် ၊၂၀၀၃ ခုနှစ် စက်တင်ဘာ၃ ရက်နေ့၊မန္တလေးမြို့သာသနာ ၂၅၀၀ အထိမ်းအမှတ်၊ ၄၅ တာဓမ္မာရုံမှာ ဟောကြားခဲ့သည့်
တရားပွဲတွင်အမျိုးဘာသာသာသနာကို စောင့်ရှောက်ရေးတရားဟု ခေါင်းစဉ်တပ်ထားသော်လည်း တောင်
မြင့်တွင် တရားမဝင်ကားခိုးမှု တခုဖြစ်ပွားခဲ့မှုကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်များကို အကြမ်းဖက်
လုပ်ဆောင်ရန် စီမံကိန်းချထားကြောင်း၊ 

မြေပုံနှင့်တကွသေချာစီမံထားကြောင်း၊မိမိကစပြီးအမိန့်ပေးလိုက်သည်နှင့်ဖျက်ဆီးရေးလုပ်ငန်းများလုပ်ဆောင်
ရန် တရားပွဲတက်ရောက်လာသည့် ရဟန်းသံဃာများကို လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။ 

အပြည့်အစုံကို နားဆင်လိုသူများအတွက်  

https://www.dropbox.com/s/whikw3saw7ogj4f/2003%20sep%20by%20wirathu.mp4

ယင်းမတိုင်မှီကလည်း လက်ဖဝါးပေါ်မှ ကံကြမ္မာ ဟူသော တရားပွဲများ ပြုလုပ်ကာ ဗုဒ္ဓဘာသာမှ အခြား ခရစ်
ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ အကြောင်းကူးပြောင်းသွားသူများ အကြောင်းကို အဓိကထားဟောပြောခဲ့
ပါတယ်။ 

http://www.youtube.com/watch?v=ke76q1Ycw3I 

ဆရာတော်ဦးဝီရသူမှခရစ်ယာန်ဘာသာဟာ တောင်တန်းဒေသများအပေါ်မည်သို့မည်သို့နယ်ချဲ့သာသနာပြု
ခဲ့ကြောင်း၊ ပြည်မ ဒေသကို မရောက်အောင် ကာကွယ်ရမည်ဖြစ်ကြောင်း ပုတ်ခတ် ပြောဆိုခဲ့သည့် အသံဖိုင်
ကိုလဲ ဒီမှာရယူနိုင်ပါတယ်။

http://www.dhammavideo.com/media/4135/1/ 

ထို့နောက် ၁၅ရက် ၁၀လ ၂၀၀၃ ကျောက်ဆည်မြို့ဈေးတန်းရပ် လေးမျက်နှာဘုရားကွင်းတွင် ကျင်းပခဲ့တဲ့ ၀ီရသူအမျိုးသားရေးတရားပွဲများ စတင်ပြုလုပ်ခဲ့ပါတယ်။ ထိုတရားပွဲ အပြီး နောက်တွင်တော့ ကျောက်ဆည်
တွင် အေ၇းအခင်းစတင် ဖြစ်ပွါးပါလေတော့သည်။ 

အရေးခင်းအပြီး ၇ရက်ပြည့်သည့်နေ့ အရှင် ဝီရသူဟာ လူမျိုးရေး အဓိကရုဏ်း များ ဖြစ် ပွားစေသော စာရွက်
စာတမ်း များ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် ထောင်ဒဏ် အပြစ်
ပေးခံရခဲ့ရပါတယ်။ထို့နောက် ၂၀၁၂ ခုနှစ်ဇန်န ဝါရီလတွင် လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် မြစ်ကြီးနား အကျဉ်း
ထောင် မှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ထောင်မှ လွတ်မြောက်ခါစတွင် မန္တလေးရှိ မွတ်စလင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ ငြိမ်းချမ်းရေး ဆု
တောင်းပွဲများ ပြုလုပ်ရန် ကြံရွယ်ခဲ့သော်လည်းအာဏာပိုင်များထံမှ ခွင့်ပြုချက်မရပဲ ပွဲ အစီအစဉ်များ မဖြစ်
မြောက်လိုက်ရပါပေ။ 

အပြည့်အစုံနားဆင်လိုသူများအတွက် 

http://www.youtube.com/watch?v=sKOXQJzyXjc 

ထို့နောက်တွင်တော့ယခင်ရပ်တည်ချက်အတိုင်းပင်ဖြစ်သည့်အစ္စလာမ်ဘာသာ ဆန့်ကျင်ရေး လမ်းကြောင်း
ပေါ်သို့သာ ပြန်လည်ရောက်ရှိသွားပါတော့တယ်။ 

ထူးခြားတာတစ်ခုကတော့ဆရာတော်ဟာရာဇဝတ်မှူများ၊မှုဒိမ်းမှူများကိုသာ စိတ်ဝင်တစားနဲ့ အရေးတယူပြု
လုပ်ကာ ပုံမှန် ဆိုသလိုပင် ရေးသားဖော်ပြနေခြင်းပင်ဖြစ်ပါတယ်။ 

သက်သေ အနေတင်ပြရမယ် ဆိုရင်ဖြင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့နေ စိတ်မနှံ့သူ မြန်မာအမျိုး
သမီး မုဒိမ်းကျင့် ခံရမှု 

(8.8.2012) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ Golf-အပိုပစ္စည်း အရောင်းစာရေးမလေး မုဒိမ်းကျင့် ခံရမှု 

(17.8.2012) ဆင်ပေါင်ဝဲမြို့နယ်၊ သာယာကုန်းရွာ၊ ဆွံ့အ သူမလေးကို မုဒိမ်းကျင့်မှု

(24-2-2012) မကွေးတိုင်း၊ ကန်ဖျားရွာ၊ အိမ်ဖော်မလေး တစ်ယောက်ကို လိင်ကိုင်ခိုင်းမှု 

(5-11-2012) မြင်းမူမြို့၊ ဆယ်တန်းကျောင်းသူမလေးကို ခိုးယူပေါင်းသင်းမှု၊ 

ဝက်လက်မြို့နယ်၊ စွယ်ကွေ့ရွာ ဆယ်တန်းကျောင်း သူမလေးကို ခိုးယူပေါင်းသင်းမှု၊

 ရွှေဘိုမြို့နယ်၊ ညောင်ပင်သာရွာ၊ ခုနစ်တန်းကျောင်းသူမလေးကို ခိုးယူပေါင်းသင်းမှု၊ 

မန္တလေး၊ အောင်ပင်လယ်မြို့သစ်၊ ခုနစ်တန်းကျောင်းသူမလေးကို ခိုးယူပေါင်းသင်းမှု၊ 

မိတ္ထီလာ၊ ဝန်ဇင်း(၃)ရက်ကွက်၊ အဝတ်လျှော်စားသူ မဇင်မာဌေးကို အုပ်စုဖွဲ့ ရိုက်နှက်မှု

(21-11-2012)၊ မိတ္ထီလာ တူရကီသူရဲကောင်းဗိမာန် ကိစ္စ။ မန္တလေး၊ ကျောက်ဝိုင်းအတွင်း၊ သစ်သီးသည်မြန်
မာ အမျိုးသမီးကို မျက်မှန်ဆိုင်မှ မွတ်ဆလင်မ်အမျိုးသားက တုတ်နှင့်ရိုက်၊ လက်သီးနှင့်ထိုးကြိတ်မှု 

(10-3-2013) သာစည်မြို့နယ်၊ အိမ်ဂရံအတုလုပ်၍ အိမ်ရှင်မြန်မာ အမျိုးသမီးကို မောင်းချမှု၊ 

(22-11-2012) “၁၅-နှစ်သမီးလေးကို မွေး-စားသော ကုလားကို တရားစွဲဖို့ ပြင်ဆင် 

(28-04.2013) “မွတ်ဆလင်ကုလားက မြန်မာသမီးပျို (၁၆)နှစ်သမီးလေးကို မုဒိမ်းကျင့်”

(18-05-2013) တို့ပဲ ဖြစ်ပါတယ်။ 

ဗုဒ္ဓရဲ့အဆုံးအမ၊ တရားရေအေး တိုက်ကျွေးမှူ လုံးဝမရှိ မဟောဘဲ ဘာသာခြား မုန်းတီးမှုကိုပဲ သီးသန်
့ဟောပြော ရေးသား လှုံ့ဆော်ခဲ့တာကို တွေ့ရပါတယ်။

အံ့ဩစရာ ကောင်းတာတစ်ခုကဘာသာခြားနဲ့ဖြစ်တဲ့ရာဇဝတ်မှုတွေဆိုရင်သတင်းမီဒီယာထက်ဦးအောင်
ဆရာတော် ဝီရသူက အရင်သိရှိနေတာပါ။ တာဝန်ရှိသူတွေကို အသိပေးပြီး ဥပဒေအရ အရေးယူခိုင်းရမဲ့
အစားအကြမ်းဖက်မှုတွေကိုပဲ ပေါ်ပေါက်လာအောင်သီးသန့် ရေးသား လှုံ့ဆော်ခဲ့တဲ့ အထောက်အထားတွေ
ပါပဲ။ ဆက်လက်ပြီး ဖြစ်ပွါးခဲ့တဲ့ ဘာသာရေး အထိကရုန်းများ မတိုင်မှီ နဲ့ ဖြစ်ပွါးနေစဉ်အတွင်း ဆရာတော်ရဲ့ ရပ်တည်ချက်နဲ့ ဟောပြောချက်များကို လေ့လာကြည့်ရအောင်။

 နိုဝင်ဘာ (၂၃) ၂၀၁၂ တွင် ဦးဝီရသူ၏ ဖေ့ဘုတ် စာမျက်နှာတွင် “မိတ္ထီလာတွင် ကုလားနှင့် ကုလားမများ အုပ်စုဖွဲ့ အနိုင်ကျင့်မှုဖြစ်ပွား” ဟူသော ခေါင်းစဉ်တပ်ကာ မိတ္တိလာမြို့တွင် မွတ်စလင်များက ဆိုးသွမ်းသည့်
အကြောင်းကို ရေးသားလှုံ့ဆော်ခဲ့ပါတယ်။ 

https://www.facebook.com/notes/wira-thu/မိတ္ထီလာတွင်-ကုလားနှင့်-ကုလားမများ-အုပ်စုဖွဲ့-အနိုင်ကျင့်မှုဖြစ်ပွား/172393969570786 

မိတ္ထီလာအရေးအခင်းမတိုင်မှီရက်သတ္တပါတ် အလိုမှာ မိတ္ထီလာရှိ တူရကီသူရဲကောင်းဗိမာန် ကိစ္စ ကို အငြင်း
ပွါးဖွယ်ရာ ဖြစ်အောင်လှုံ့ဆော်ခဲ့ပါသေးတယ်။ဒီဟာကတော့မိတ္တိလာအရေးအခင်း ဖြစ်ပွါးနေစဉ်အတွင်း
ရေးသားလှုံ့ဆော်ခဲ့သော ပို့စ်ဖြစ်ပါတယ်။ 

https://www.facebook.com/notes/wira-thu/မိတ္ထီလာဖြစ်စဉ်/234084053401777 https://www.facebook.com/notes/wira-thu/မတ္ထီလာဖြစ်ရပ်မှန်-အဆက်/234174963392686 

ဒါ့အပြင် ဆရာတော် ဦးဝီရသူဟာ ရှမ်းပြည်နယ် မူဆယ်မြို့သို့ သို့ ၁၉-၅-၂၀၁၃တွင် သွားရောက်ကာ ယဉ်
ကျေးလိမ္မာတရားပွဲသင်တန်း တွင် ဩဝါဒတရားချီးမြှင့်ခြင်း၊ ၉၆၉ တရားပွဲများပြုလုပ်ခဲ့ပါတယ်။ ဆရာတော် ၏ တရားပွဲများ အပြီး ၁၀ရက်အကြာတွင်တော့ လားရှိုးမြို့၌ အထိကရုန်းကြီး စတင်ဖြစ်ပွါးလာပါတော့တယ်။ 

ဒီလင့်ကတော့ လားရှိုး မြို့ အထိကရုန်းဖြစ်ပွါးနေစဉ်အတွင်း ရေးသားလှုံ့ဆော်ခဲ့တဲ့ အရေးအသားနဲ့ပို့စ်ဖြစ်
ပါတယ်။

https://www.facebook.com/notes/wira-thu/လားရှိုး-ယနေ့-အခြေအနေ/270933363050179

ဒီလောက်ဆိုရင်တော့ စာရှူသူပရိသတ်ကြီးလဲ အဖြူနဲ့ အမည်းကွဲကွဲပြားပြားသိရှိနိုင်ပြီလို့ထင်ပါတယ်။ 

ပွင့်လင်းစွာ အားမနာတမ်းဝန်ခံရမယ်ဆိုရင်ဖြင့် စာရေးသူကျွန်တော် အပါအဝင် မြန်မာပြည်သူတစ်ရပ်လုံး
ဟာ အမှောင်ချခံထားရတဲ့ သင်ရိုးညွန်းတမ်း ဖတ်စာအုပ်တွေနဲ့ ကြီးပြင်းလာရတဲ့ သားကောင်များ ဖြစ်ခဲ့ရ
သလို လက်တွေ့ကျင်လည်နေတဲ့ နေ့စဉ်လူမှူဘဝမှာလည်း ဖိနှိပ် ချုပ်ချယ်မှူ၊မှိုင်းတိုက်မှူ မျိုးစုံကို ခံခဲ့ရသူတွေ
ပဲဖြစ်ပါတယ်။ 

တိုးတက်ရန် လမ်းစပြုနေပြီဖြစ်သော မြန်မာလူ့အဖွဲ့အစည်းတွင် စေတနာအစစ်အမှန်ရှိလျှင် အရေးတကြီး
လုပ်စရာ ပြဿနာ အများအပြားရှိနေပါသေးသည်။။လူနည်းစုများ၊ မိမိနှင့် မတူကွဲပြားမှူများအားကဲ့ရဲ့ခြင်း၊ဖိနှိပ် ချုပ်ချယ်ခြင်းတို့သည် တိုးတက်ကြီးပွါးရေးကို မဖြစ်ပေါ်စေနိုင်ပဲ မငြိမ်သက်မှုများ ကို အားပေး ဆော်သြခြင်း
ဟာ တိုင်းပြည် ပြန်လည်ထူထောင်ရေးကို အမိအရ ထိုး နှက်နေခြင်းသာ ဖြစ်သည်။ 

စစ်အစိုးရ ၏ ဖိနှိပ်ချုပ်ချယ်မှူအောက်တွင် နှစ်ပေါင်းများစွာ နေ လာခဲ့ရသည့် မြန်မာ့လူ့အဖွဲ့အစည်း ကို ပြန်
လည်တည်ဆောက်ရေးတွင် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသည်သာလျှင် အရေးကြီးဆုံးဖြစ်သည်။ 

လူမှုရေး ဘာသာရေးခွဲခြားမှုများက ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန် ဖြိုခွဲသည့်အတွက် ဦးဆောင်သူများ၏ရည်ရွယ်ချက်မှာ မြန်မာပြည်သူများ၏ ကောင်းကျိုးကိုမလိုလားပဲဆိုးရွားသော အခြေအနေ
ကိုသာလျှင်ဦးတည်သွားစေနိုင်ကြောင်း ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်။ 

အသားအရောင်နှင့် လူမျိုး၊ ဘာသာမတူတိုင်း ရန်သူဟုသတ်မှတ်စေကာ ပြည်သူအချင်းချင်းကြား စိတ်ဝမ်း
ကွဲအောင် ပြုလုပ်ပြီး အာဏာရှင် ယန္တရား တည်ဆောက်လိုခြင်းကို ရဲရဲဝင့်ဝင့်သာငြင်းဆန်လိုက်ကြပါဟု
သာပြောကြားရင်း နိဂုံးချုပ်လိုက်ရပါသည်ခင်မျာ။

လေးစားစွာဖြင့် အတီး(ဝါးလုံးရှည်) 

Photo credit to internet
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment