RangonNewsDaily:: January . 7 .2014
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်
ကုန်-မန္တလေးအမြန်လမ်း၊
မိုင်တိုင်အမှတ်(၃၃၅/၀)တွင်
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ
စကားအင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်
တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေး
ခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မန်စပ်ကျေးရွာအုပ်စု၊ ငါးလှော်ရွာနေ
အီဆပ်(၂၄)နှစ်မောင်းနှင်လာသော၁ဃ/xxxxPajeroခဲရောင်ယာဉ်မှာဝဲဘက်ရှေ့ဘီးပေါက်ပြီးအရှိန်မထိန်းနိုင်
ဘဲ လမ်းလယ်ကျွန်းအားကာရံထားသည့်
ကွန်ကရစ်ဘာရီယာတုံးအား ၀င်ရောက်တိုက်မိကာ တစ်ဖက်ယာဉ်
ကြောပေါ်တွင် ပက်လက်လန်
တိမ်းမှောက်သွားခဲ့ကြောင်း တွေ့ရှိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့်
အီဆပ်တွင် ယာလက်ဖျံ/ဦးခေါင်း နောက်စေ့ပေါက်ပြဲ၊ ခါးနာကျင်ဒဏ်ရာများ၊
ယာဉ်ပေါ်တွင်လိုက်ပါလာသော နမ့်ခမ်းမြို့နယ်၊ ကောင်းကတ်ရွာ နေသူများဖြစ်သည့်
ခမ်းလွတ်(၄၃)နှစ်တွင် ၀ဲနားရွက်ပွန်းပဲ့၊
ယာမျက်ခုံး/ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ခွန်အောင်(၂၇)နှစ်တွင်
ယာမျက်ခုံးပေါက်ပြဲ၊ ယာခြေသလုံး/ယာခြေဖမိုးပွန်းပဲ့ဒဏ်ရာများ အသီးသီး
ရရှိခဲ့သဖြင့်
တံတားဦးမြို့နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ၁ဃ/xxxx
Pajero ယာဉ်(၁)စီးလုံးကြေမွ ပျက်စီးကာ
တန်ဘိုးငွေ
ကျပ်(၂၅)သိန်းခန့်ဆုံးရှုံးခဲ့ကြောင်းနှင့်
ယာဉ်မဆင်မခြင်မောင်းနှင်သူ အီဆပ်အား စကားအင်းအမြန်လမ်း
ရဲစခန်း
ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း
သတင်းရရှိသည်။
ရဲဇာနည် , kolatt(PBDN)
RangonNewsDaily
ရဲဇာနည် , kolatt(PBDN)
RangonNewsDaily
No comments:
Post a Comment