RangonNewsDaily:: January . 11 .2014
အနယ်နယ်အရပ်ရပ်တွင်ရှိသောမစိုးရိမ်တိုက်သစ်များ၏မိခင်မန္တလေးမြို့၊ကမ္ဘာကျော်မစိုးရိမ်ကျောင်းတိုက်
အနယ်နယ်အရပ်ရပ်တွင်ရှိသောမစိုးရိမ်တိုက်သစ်များ၏မိခင်မန္တလေးမြို့၊ကမ္ဘာကျော်မစိုးရိမ်ကျောင်းတိုက်
ကြီး၏ တိုက်အုပ် မဟာနာယကဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်သံဃမဟာ
နာယကအဖွဲ့ ဒုတိယ-ဥက္ကဋ္ဌ ဘဒ္ဒန္တ
တေဇောသာရာဘိဝံသ မထေရ်မြတ်ကြီးသည် မန္တလေးမြို့၊ ပြည်သူ့ဆေးရုံကြီး
အထူးကြပ်မက်ဆောင်တွင် ၁၀ ရက်ခန့် အရေးပေါ် ဆေးကုသမှုများပြုလုပ်
ခဲ့ပြီး
မစိုးရိမ်ကျောင်းတိုက်၊ နိကာယနယူပဒေသကျောင်းဆောင်တွင် ၂၀၁၄ ခုနှစ်
ဇန်န၀ါရီလ ၉ ရက် နေ့
လည် ၂ နာရီ ၂၈ မိနစ်အချိန်၌ ဘ၀နတ်ထံ
ပျံလွန်တော်မူသွားခဲ့တယ်လို့ သိရှိရသည်။
ဆရာတော်လောင်းလျာကို မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ သံဘိုကျေးရွာ၊ ခမည်းတော်-ဦးဘိုးအောင်
ဆရာတော်လောင်းလျာကို မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ သံဘိုကျေးရွာ၊ ခမည်းတော်-ဦးဘိုးအောင်
မယ်တော် ဒေါ်မှုံတို့မှ ကောဇာသက္ကရာဇ်၁၂၈၇ ခုနှစ်၊၀ါဆိုလပြည့်ကျော်၇ ရက်၊စနေနေ့တွင် ဖွားမြင်တော်
မူခဲ့ပြီး၊မန္တလေးမြို့၊မစိုးရိမ်ကျောင်းတိုက်ကြီးတွင် နှစ်ပေါင်း၅၀ ကျော်လောက်
ပရိယတ္တိစာချတာဝန်နှင့် နိုင်
ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ-ဥက္ကဋ္ဌတာဝန်များကို
ထမ်းဆောင်တော်မူရင်း သက်တော် (၈၉)နှစ် ၀ါတော် (၆၉)၀ါတွင် ဘ၀နတ်ထံ
ပျံလွန်တော်မူခဲ့တာလည်း ဖြစ်ပါသည်။
ဘဒ္ဒန္တ တေဇောသာရာဘိဝံသ ဆရာတော်ကြီးသည် ဆဋ္ဌသင်္ဂါယနာတင် ပါဠိဝိသောဓက၊ ပဋိဝိသောဓက၊ သြသာနသောဓေယျ၊ ပတ္တပါဋ္ဌက တာဝန်ကိုလည်းကောင်း၊ မစိုးရိမ် တိပိဋကပါဠိမြန်မာအဘိဓာန်ကျမ်းပြုအဖွဲ့ ဥက္ကဋ္ဌဖြင့် အဘိဓာန် အတွဲ ၅၊ ၆၊ ၁၅၊ ၁၆၊ အတွဲ ၄ အပိုင်း ၂၊ ၃၊ တိပိဋကပါဠိမြန်မာ အဘိဓာန်အကျဉ်းကို

လည်းကောင်း
တာဝန်ယူ ရေးသားပြုစုတော်မူခဲ့ပြီး ဟိတ်ဟန်မများ အလိုနည်းပါးခြင်း၊
ရိုးရိုးအေးအေး၊ မှန်
မှန်ကန်ကန် ကျင့်သုံးနေထိုင်တော်မူခြင်းစသည့်အချက်များကြောင့်ရဟန်းရှင်လူတို့၏အထူးလေးစားကြည်
ညိုမှုကိုရရှိတော်မူသည့်ဆရာတော်တစ်ပါးဖြစ်တယ်လို့ မစိုးရိမ်ကျောင်းတိုက်၊နိကာယနယူပဒေသကျောင်း
မှ
ဦးဇင်းတစ်ပါးက မိန့်ကြားသည်။
ဆရာတော်ကြီး၏အန္တိဈာပနကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်တွင် မစိုးရိမ်
ဆရာတော်ကြီး၏အန္တိဈာပနကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်တွင် မစိုးရိမ်
တိုက်ဟောင်း၊ တိုက်သစ်မှ သံဃာတော်အပါး ၁၅၀၀ ကျော်ဖြင့်
အေးရိပ်ငြိမ်သုဿာန်သို့ ပို့ဆောင် မီးသဂြိင်္ုလ်
မည်ဖြစ်တယ်လို့ သိရှိရပါသည်။
ဦးကောလေး Facebook
ဧရာဝတီမြစ်ဖျားဆီက , kolatt(PBDN)
RangonNewsDaily
ဦးကောလေး Facebook
ဧရာဝတီမြစ်ဖျားဆီက , kolatt(PBDN)
RangonNewsDaily
No comments:
Post a Comment