Pages

Pages - Menu

Monday, January 20, 2014

နိုင်ငံကူး လက်မှတ်အတုဖြင့် ၀င်လာသူ နှစ်ဦးကို လေဆိပ်တွင် ဖမ်းဆီး

RangonNewsDaily:: January . 20 .2014
မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံကူးလက်မှတ်အတုဖြင့် ၀င်ရောက်လာသည့် မြန်မာ နိုင်ငံသားနှစ်ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ် ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။ ဖြစ်စဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Air Asia လေကြောင်းခရီးစဉ် အမှတ်AK 1424 ဖြင့် လိုက်ပါလာသူမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အောင်သစ္စာရပ်ကွက်၊ နယ်မြေ (၁၂)နေ ကိုဝင်းကျော် ထွေး (၂၇) ဆိုသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းသည် နံနက် ၈ နာရီအချိန်တွင် ရောက်ရှိလာပြီး နိုင်ငံကူးလက်မှတ်အား စစ်ဆေးရာတွင် အတုဖြစ် နေကြောင်းကို လေဆိပ်စစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် နိုင်ငံကူးလက်မှတ်အတုဖြင့် ၀င်ရောက်လာသည့် ကိုဝင်းကျော်ထွေးကို အရေးယူပေးရန် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနမှ ဒု-လ၀ကမှူး ညီညီ (လေဆိပ်စစ်ဆေးရေး)အဖွဲ့က တရားလိုပြုလုပ်တိုင်တန်းလိုက်ပြီး မင်္ဂလာဒုံရဲစခန်းက ဇန်န၀ါရီ ၁၈ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်။

ယင်းအမှုကို မင်္ဂလာဒုံရဲစခန်းက (ပ) ၂၆/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး လ၀ကအက်ပုဒ်မ ၁၃(၁)/၁၃(၇)(ဂ)ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးနေသည်။

အလားတူပင် ယင်းလေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် ပဲခူးတိုင်းကြို့ပင်ကောက်၊ မယင်းချောင်းဂွ ကျေးရွာနေ နိုင်ဝင်း(၃၀)နှစ် ဆိုသူမှာလည်း နိုင်ငံကူးလက်မှတ်အတုဖြင့် ၀င်ရောက်လာသည်ကို ထပ်မံ စစ်ဆေးတွေ့ရှိခဲ့သည်။

၎င်းကိုလည်း အရေးယူပေးရန် လေဆိပ်စစ်ဆေးရေးအဖွဲ့(၂)မှ ဒု-လ၀ကမှူး ဇေယျာထွန်းက တိုင်တန်း သဖြင့် မြို့နယ်ရဲစခန်းက (ပ)၂၇/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး လ၀ကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၇)(ဂ) ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးနေသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment