Pages

Pages - Menu

Saturday, January 18, 2014

မီးခိုးမြူ ထူထပ်လွန်းသဖြင့် နေဝင်ချိန်ရှုခင်းကိုပင် အတုပြုလုပ် ခံစားရသည့် ဘေဂျင်း

Photo: မီးခိုးမြူ ထူထပ်လွန်းသဖြင့် နေဝင်ချိန်ရှုခင်းကိုပင် အတုပြုလုပ် ခံစားရသည့် ဘေဂျင်း
Friday, January 17, 2014

စက်မှုလုပ်ငန်းများမှ လွန်လွန်ကဲကဲ ထွက်ပေါ်လာသော မီးခိုးမြူထုများသည် ဘေဂျင်းတဝိုက်တွင် အလွန်ထူထပ်စွာ ရစ်သိုင်းနေပြီး မြင်ကွင်းမရှင်းလင်းဘဲ မှုန်မှိုင်းလျှက် ရှိသည်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်တွင် မီးခိုးမြူများ အလွန်ထူထပ် မှုန်မှိုင်းနေသဖြင့် နေဝင်ချိန်ကိုပင် အတုအပ ပြုလုပ်ပြီး မြို့ခံလူထုကို ပြသနေရကြောင်း သိရှိရသည်။ စက်မှုလုပ်ငန်းများမှ လွန်လွန်ကဲကဲ ထွက်ပေါ်လာသော မီးခိုးမြူထုများသည် ဘေဂျင်းတဝိုက်တွင် အလွန်ထူထပ်စွာ ရစ်သိုင်းနေပြီး မြင်ကွင်းမရှင်းလင်းဘဲ မှုန်မှိုင်းလျှက် ရှိသည်။ ထို့ကြောင့်လည်း ဘေဂျင်းတွင် သဘာဝ နေဝင်ရှုခင်းကိုပင် ကြည့်ရှုခံစား၍ မရနိုင်ဘဲ ရှိနေရာ ယင်းပြဿနာကို နည်းပညာ အကူအညီဖြင့် ဖြေရှင်းခဲ့ရခြင်း ဖြစ်သည်။ ဘေဂျင်းတွင် ကြီးမားရှည်လျားလှသည့် ကြော်ငြာဘုတ် TVကြီးများကို ဖြန့်ကျက် နေရာချပြီး နေဝင်ရှုခင်းကို အတုအပအဖြစ် ပြသနေရကြောင်း မြို့ခံများက ဆိုသည်။

ယခုသီတင်းပတ် အခြေအနေအရ ဘေဂျင်း၏ လေထုညစ်ညမ်းမှု အခြေအနေသည် ဆိုးရွားကြောင်း သတ်မှတ်သည့် အဆင့်ထက် လွန်လွန်ကဲကဲ ပိုလျှံနေခဲ့ကြောင်းလည်း သိရှိရသည်။ ဘေဂျင်းမြို့တော် စီမံအုပ်ချုပ်ရေး တာဝန်ရှိသူများက လေထုအခြေအနေ ပြန်လည် မကောင်းလာမီ ကလေးများနှင့် သက်ကြီးရွယ်အိုများ နေအိမ်ထဲတွင်သာ အတတ်နိုင်ဆုံး နေထိုင်သင့်ကြောင်း အကြံပြုထားသည်။ "အဆောက်အအုံမြင့်ကြီးတွေကိုတောင် ရုတ်တရက် မမြင်နိုင်ဘဲ ဖြစ်နေတယ်"ဟု မြို့ခံလူ တစ်ဦးဖြစ်သည့် ဇန်က ဆိုသည်။ 

၎င်းက "မီးခိုးမြူတွေ ဖြစ်ပေါ်မှုက လွန်ခဲ့တဲ့ (၂)နှစ်၊ (၃)နှစ်အတွင်း ပိုပိုပြီး ဆိုးလာတယ်။ ကျွန်တော်ဆို ခဏခဏ ချောင်းဆိုးတယ်။ နှာခေါင်းထဲမှာ အမြဲတမ်းလိုလို မရိုးမရွ ဖြစ်နေတယ်။ ဒီတော့ ဘာလုပ်နိုင်သလဲ။ ရေများများ သောက်ရုံပေါ့။ ဒါမှ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက် နည်းသွားအောင် သန့်စင်နိုင်လိမ့်မယ်"ဟုလည်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် ဆောင်းရာသီ၌ လေထုသန့်စင်မှု အရည်အသွေး သိသိသာသာ ကျဆင်းလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် စက်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ကျောက်မီးသွေး လောင်စာမှ ထွက်ပေါ်လာသော မီးခိုးများက နှင်းငွေ့နှင့်လျောကာ မီးခိုးမြူများအသွင် အုံ့ဆိုင်းနေတတ်၍ ဖြစ်ကြောင်းလည်း သိရှိရသည်။ 

Planet Myanmar Network

RangonNewsDaily:: January . 17 .2014
စက်မှုလုပ်ငန်းများမှ လွန်လွန်ကဲကဲ ထွက်ပေါ်လာသော မီးခိုးမြူထုများသည် ဘေဂျင်းတဝိုက်တွင် အလွန်ထူ
ထပ်စွာ ရစ်သိုင်းနေပြီး မြင်ကွင်းမရှင်းလင်းဘဲ မှုန်မှိုင်းလျှက် ရှိသည်။ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်တွင် မီးခိုးမြူများ အလွန်ထူထပ် မှုန်မှိုင်းနေသဖြင့် နေဝင်ချိန်ကိုပင် အတုအ
ပ ပြုလုပ်ပြီး မြို့ခံလူထုကို ပြသနေရကြောင်း သိရှိရသည်။ 
 
စက်မှုလုပ်ငန်းများမှလွန်လွန်ကဲကဲထွက်ပေါ်လာသောမီးခိုးမြူထုများသည် ဘေဂျင်းတဝိုက်တွင်အလွန်ထူထပ်
စွာ ရစ်သိုင်းနေပြီး မြင်ကွင်းမရှင်းလင်းဘဲ မှုန်မှိုင်းလျှက် ရှိသည်။ ထို့ကြောင့်လည်း ဘေဂျင်းတွင်သဘာဝ နေ
ဝင်ရှုခင်းကိုပင် ကြည့်ရှုခံစား၍ မရနိုင်ဘဲ ရှိနေရာ ယင်းပြဿနာကို နည်းပညာ အကူအညီဖြင့် ဖြေရှင်းခဲ့ရခြင်း
 ဖြစ်သည်။
 
 ဘေဂျင်းတွင် ကြီးမားရှည်လျားလှသည့် ကြော်ငြာဘုတ် TVကြီးများကို ဖြန့်ကျက် နေရာချပြီး နေဝင်ရှုခင်းကို အတုအပအဖြစ် ပြသနေရကြောင်း မြို့ခံများက ဆိုသည်။

ယခုသီတင်းပတ် အခြေအနေအရ ဘေဂျင်း၏ လေထုညစ်ညမ်းမှု အခြေအနေသည် ဆိုးရွားကြောင်း သတ်
မှတ်သည့် အဆင့်ထက် လွန်လွန်ကဲကဲ ပိုလျှံနေခဲ့ကြောင်းလည်း သိရှိရသည်။ 
 
 ဘေဂျင်းမြို့တော် စီမံအုပ်ချုပ်ရေး တာဝန်ရှိသူများက လေထုအခြေအနေ ပြန်လည် မကောင်းလာမီ ကလေး
များနှင့် သက်ကြီးရွယ်အိုများ နေအိမ်ထဲတွင်သာ အတတ်နိုင်ဆုံး နေထိုင်သင့်ကြောင်း အကြံပြုထားသည်။ "အဆောက်အအုံမြင့်ကြီးတွေကိုတောင် ရုတ်တရက် မမြင်နိုင်ဘဲ ဖြစ်နေတယ်"ဟု မြို့ခံလူ တစ်ဦးဖြစ်သည့် ဇန်က ဆိုသည်။

၎င်းက "မီးခိုးမြူတွေ ဖြစ်ပေါ်မှုက လွန်ခဲ့တဲ့ (၂)နှစ်၊ (၃)နှစ်အတွင်း ပိုပိုပြီး ဆိုးလာတယ်။ ကျွန်တော်ဆို ခဏ
ခဏ ချောင်းဆိုးတယ်။ နှာခေါင်းထဲမှာ အမြဲတမ်းလိုလို မရိုးမရွ ဖြစ်နေတယ်။ ဒီတော့ ဘာလုပ်နိုင်သလဲ။ ရေ
များများ သောက်ရုံပေါ့။ ဒါမှ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက် နည်းသွားအောင် သန့်စင်နိုင်လိမ့်မယ်"ဟု
လည်း ပြောကြားခဲ့သည်။ 
 
တရုတ်နိုင်ငံတွင် ဆောင်းရာသီ၌ လေထုသန့်စင်မှုအရည်အသွေးသိသိသာသာကျဆင်းလေ့ရှိသည်။ အဘယ်
ကြာင့်ဆိုသော် စက်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ကျောက်မီးသွေး လောင်စာမှ ထွက်ပေါ်လာသော မီးခိုး
များက နှင်းငွေ့နှင့်လျောကာ မီးခိုးမြူများအသွင် အုံ့ဆိုင်းနေတတ်၍ ဖြစ်ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment