Pages

Pages - Menu

Friday, January 3, 2014

ကမာရွတ်မြို့နယ် နာနတ်တောလမ်းတွင် အငှားယာဉ်ပေါ် ဓားထောက်လုယက်သူကို ဖမ်းမိ

RangonNewsDaily:: January . 3 .2014
ကမာရွတ်မြို့နယ် နာနတ်တောလမ်းရှိ ရွှေကိန္နရီ အိမ်ရာအနီးတွင် ဇန်နဝါရီလ ၂ ရက် နံနက် ၁ နာရီခန့်က ကရီနာ အမျိုးအစား အငှားယာဉ်ပေါ် လိုက်ပါလာသူ အမျိုးသားသုံးဦးက ယာဉ်မောင်း၏ ခါးကို ဓားထောက်
ကာ ငွေလုယက်ခဲ့သူများဟုတိုင်ကြားခံရသူများအနက်တစ်ဦးကိုလှည့်ကင်း တပ်ဖွဲ့ဝင်များကဖမ်းမိခဲ့ကြောင်း
 ကမာရွတ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
မင်္ဂလာဒုံမြို့နယ်တွင်နေသူ အသက် ၄၀ ဝန်းကျင်ရှိ ဦးစောဆေးဝါး၏ အငှားယာဉ်ကို စမ်းချောင်းမြို့နယ် မဟာမြိုင် ကားမှတ်တိုင်တွင် လူငယ်သုံးဦးက နာနတ်တော ခုံးတံတားဘက်သို့ ပို့ဆောင်ပေးရန် ငှားရမ်း
ခဲ့ကြောင်း

ယင်းနောက် ကမာရွတ်မြို့နယ် Junction Square အလွန် နောက်ခန်းတွင် ထိုင်နေသူ အမျိုးသားတစ်ဦးက ယာဉ်မောင်း၏လည်ပင်းကိုသိုင်းဖက်ပြီးယာဉ်ရှေ့ခန်းတွင် ထိုင်နေသူ လူငယ် နောက်တစ်ဦးကအရိုးအသွား
 ခုနစ်လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ၎င်း၏ခါးကို ထောက်ကာ ပါလာသော ငွေများပေးရန် တောင်းဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
::
လုယက်သူများက အငှားယာဉ်ကို နာနတ်တော ခုံးတံတား အောက်ဘက်သို့ မောင်းနှင် ခိုင်းခဲ့သော်လည်း အ
ငှားယာဉ်မောင်းက နာနတ်တော လမ်းဘက်သို့ ချိုးကွေ့ မောင်းနှင်သဖြင့် ယာဉ်ရှေ့ခန်းတွင် ထိုင်နေသူ လူ
ငယ်က ဟန်းဘရိတ်ကို ဆွဲရာမှ ယာဉ်ရပ်တန့်သွားစဉ် ယာဉ်မောင်းက ဓားကို ပြန်လည် လုယက်ခဲ့ကြောင်း၊

ယင်းနောက် ယာဉ်မောင်း လည်ပင်းကို သိုင်းဖက်ထားသူနှင့် ပြန်လည် လုံးထွေးကာ ခုခံနေစဉ် လှည့်ကင်း ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသဖြင့် ကျန်လူငယ်နှစ်ဦးမှာ ထွက်ပြေးခဲ့ကြောင်း ကမာရွတ် မြို့မရဲစခန်းထံမှ သိရှိရသည်။
::
အငှားယာဉ်မောင်း ဦးစောဆေးဝါးနှင့် လုံးထွေး သတ်ပုတ်ခဲ့သူဟု တိုင်ကြားခံရသူ စမ်းချောင်း မြို့နယ်တွင်
နေထိုင်သူအသက်၂၅ နှစ်ရှိ ငပိန် (ခ) ရန်နိုင်ဦးကို ကမာရွတ် မြို့မရဲစခန်းမှ (ပ) ၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၆
/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း၊

ကျန်ထွက် ပြေးတိမ်းရှောင်နေသူ ညီညီနိုင် (စိစစ်ဆဲ) နှင့် တဝမ်းပူ (စိစစ်ဆဲ) တို့ကို ဖမ်းဆီးရမိရေးအတွက်
ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment