Pages

Pages - Menu

Tuesday, January 21, 2014

စီးပွားရေး အဆင်မပြေမှုကြောင့် အမျိုးသမီးများ ဆံပင်ဖြတ်ရောင်းမှု ဧရာဝတီတိုင်းတွင် များလာ

RangonNewsDaily:: January . 21 .2014
ဧရာဝတီ တိုင်းဒေသကြီး၌ အမျိုးသမီးအ များစုမှာ မိသားစုစီးပွားရေးအ ဆင်မပြေသောကြောင့် ဆံပင် ဖြတ်ရောင်းသူ ပိုမိုများလာ ကြောင်း ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့ရှိဆံပင်အ၀ယ် ဒိုင်များမှ သိရသည်။ မြန်မာနိုင်ငံမှ ဆံပင်အ ရှည်များကို ပြည်တွင်းအလှပြင် လုပ်ငန်း များ၊ ပြည် တွင်း အနုပညာ လုပ်ငန်းများနှင့် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီး ယား နိုင်ငံမှ ရုပ်ရှင်ကုမ္ပဏီကြီးများက အဓိက၀ယ်ယူအသုံးပြုနေကြ ကြောင်း ဆံပင်ဈေး ကွက် မှ သိ ရသည်။

““အရင်တုန်းကဆိုရင် ဆံ ပင်အရှည်တွေကို ရောင်းလေ့ ရောင်းထမရှိတော့ ဆံပင်ညှပ် ဆိုင်တွေမှာ ဆံပင်တိုတွေ လိုက် ကောက်ရတယ်။ အရှည်က တစ်ရက်မှာ တစ်ယောက်စ နှစ် ယောက်စလောက်တော့ ဆိုင် ကို လာရောင်းကြတယ်။

အခု လပိုင်းတွေမှာတော့ ဆံပင်ရှည် တွေ ဆိုင်ကိုလာရောင်းကြတာ တစ်နေ့ကို ဆယ်ယောက်အထိ ရှိတယ်။ တချို့က အိမ်ကနေ ဖြတ်လာကြတယ်။ တချို့က တော့ ရှက်လို့ ဆိုင်ရောက်မှ ပဲ ရောင်းချင်တဲ့ လက်မအတိုင်း ဖြတ်ခိုင်းတယ်””ဟု ပုသိမ်မြို့ မှ ဆံပင်အ၀ယ်ဒိုင်တစ်ဦးက ပြောသည်။

ဆံပင်အရှည်ရောင်းချသူ အမျိုးသမီးအများစုမှာ စီးပွား ရေး အဆင် မပြေ မှုကြောင့်ဖြစ် ပြီး တချို့မှာ ဈေးနှုန်းအတိုင်း ကိုပင် ပိုမိုလိုချင် သဖြင့် ဆံပင် ကို အလေးချိန်စီးအောင်ပြုပြင် မှုများ ပြုလုပ်လာ၍ ပြန်လည် လျှော်ဖွပ်ပြီးမှ ချိန်တွယ်ရခြင်း များ ရှိလာသည်ဟု ဆံပင်အ ၀ယ်ဒိုင်များမှ သိရှိရသည်။


ဆံပင်အရှည်မှာ ခြောက် လက်မမှစ၍ လက်မအရှည်အ လိုက် ဈေးကောင်း ရပြီး ယခု ကာလပေါက်ဈေးမှာလည်း တစ် ပိဿာလျှင် ကျပ်တစ်သိန်းခွဲ မှ ကျပ်နှစ်သိန်းအထိရှိကြောင်း ဆံပင်အ၀ယ်ဒိုင်များမှ သိရသည်။

““အမျိုးသမီးဆိုတာ ဆံပင် အရှည်ကိုကြည့်ပြီး သူ့မှာ အိမ် ထောင်ကို ဘယ်လောက် ထိန်း သိမ်းနိုင်လဲဆိုတာကို ဖော်ပြတဲ့ ပုံစံဖြစ်ပေမယ့် တကယ် တမ်း စားဝတ်နေရေး အဆင်မပြေ လာတော့လဲ ဆံပင်က မရှိဝမ်း စာ ရှိတန်ဆာ ဆိုတာမျိုးပါပဲ။ 


ကျွန်မတို့လဲ ဆံပင်အရှည်လေး နဲ့နေချင်ပါတယ်။ ဒါပေမဲ့ မိ သားစုနဲ့ယှဉ်လာတော့ ရောင်း လိုက်ရတာပါ””ဟု ပုသိမ်မြို့မှ ဆံပင်ဖြတ်ရောင်းခဲ့သူ အမျိုး သမီးတစ်ဦးက ပြောသည်။

Yangon Media , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment