Pages

Pages - Menu

Friday, December 27, 2013

SEA Games ပြိုင်ပွဲအပြီး ဝါရင့်လက်ရွေးစင် ကစားသမားအချို့အနားယူ

RangonNewsDaily:: December . 27 .2013
မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်

ခဲ့သောလက်ရွေးစင်ကစားသမားအချို့ ပြိုင်ပွဲ ပြီးဆုံးချိန်တွင် အားကစားသမားဘဝက အနားယူရန် ဆုံးဖြတ်
ခဲ့ကြကြောင်း ယင်းပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကစားသမား အချို့က ပြောကြားသည်။ (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော လက်ရွေးစင်ကစားသမားအများစုသည် ဒေသတွင်း နိုင်ငံများ
မှ ကစားသမားများနှင့် နှိုင်းယှဉ်လျှင် သက်ကြီးကစားသမား ပိုမို များပြားကြောင်း၊

ဂေါဝိန်ဆိပ်ကမ်း ဓားပြဆန်ဆန် လုယက်မှုများ ပိုမိုဆိုးဝါး

Photo: ဂေါဝိန်ဆိပ်ကမ်း ဓားပြဆန်ဆန် လုယက်မှုများ ပိုမိုဆိုးဝါး
Friday, December 27, 2013

မြန်မာ့သမိုင်းဝင် နေရာတစ်ခုဖြစ်သော မန္တလေးတိုင်းဒေသကြီး ဂေါဝိန် ဆိပ်ကမ်း၌ ညအိပ် ကမ်းကပ်လျက်ရှိသော ကုန်တင်နှင့် လူစီးသင်္ဘောများကို အကြမ်းဖက်သည့် ဓားပြတိုက်သည့်ပုံစံဖြင့် ခိုးမှု၊ လုယက်မှုများ ပိုမိုဆိုးဝါးလာကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က ခိုးမှု၊ လုယက်မှုများသာ ရှိရာမှ ယခုအခါ လေးခွကဲ့သိုသော လက်နက်ဖြင့် ပစ်ခတ်လုယက်သည်အထိ ဖြစ်လာသဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း အကြောင်းကြားစာ တင်ပြတိုင်ကြားသွားမည် ဖြစ်ကြောင်း အဆိုပါဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အရင်က လူတွေ့ရင် မခိုးဘူး။ အခုကတော့ လူတွေ့ရင် လေးခွနဲ့ပစ်ပြီး ခိုးကြလုကြတဲ့အဆင့် ရောက်လာလို့ တင်ပြရမယ့် အခြေအနေ ဖြစ်လာတယ်” ဟု အဆိုပါ အကြီးတန်းအရာရှိက ဆိုသည်။

အဆိုပါ ဂေါဝိန်ဆိပ်ကမ်း၌ အကြမ်းဖက်သည့် ပုံစံဖြင့် ခိုးမှု၊ လုယက်မှုများကို ကင်းလှည့်သည့် ဆိပ်ကမ်း ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနမှ လုံခြုံရေးများကပင် လုံခြုံရေးတာဝန်များ လုပ်ဆောင်ရန် မတတ်နိုင်တော့သဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံသို့ တင်ပြတိုင်ကြားခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ရဲတပ်ဖွဲ့ကို အကြောင်းကြားတဲ့အချိန် သူတို့လာကြီးကြပ်တဲ့ ခဏပဲ ဒီလိုအကြမ်းဖက် လုယက်မှုတွေ ငြိမ်သွားတာ၊ ပြီးရင် ပြန်ဖြစ်တာပဲ၊ အဲဒါကြောင့် အာဏာပိုင်တွေက ဆောင်ရွက်မှုတစ်ခုခု လုပ်ပေးမှ ဖြစ်မယ်” ဟု ၎င်းကထပ်မံဆိုသည်။

အဆိုပါ ဆိပ်ကမ်း၌ ခိုးမှုများသည် ယခင်က လူမသိ၊ သူမသိ ခိုးမှုအဆင့်သာရှိပြီး ယခုနှစ် နိုဝင်ဘာလတွင် ဓားပြတိုက်သည့် ပုံစံဖြင့် ခိုးမှုတစ်ကြိမ်၊ ဒီဇင်ဘာလတွင် ခိုးမှု ၂ ကြိမ် ဖြစ်ပွားပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ခိုးမှုမှာ သင်္ဘောလုံခြုံရေးများ ထိခိုက်မှုရှိခဲ့ပြီး လုယက်သည့် ပစ္စည်းများ ပြန်မရရှိသဖြင့် အမှတ် ၇ ရဲစခန်းသို့က အမှုဖွင့် တိုင်ကြားခဲ့ကြောင်း အထက်ပါအရာရှိက ပြောကြားသည်။

အဆိုပါ ဂေါဝိန်ဆိပ်ကမ်းတွင် ရဲတပ်ဖွဲ့က လှည့်ကင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရဲစခန်းသို့အမှုဖွင့် တိုင်ကြားခြင်း၊ အကြောင်းကြားစာ ပေးပို့ခြင်းများ ပြုလုပ်ပါက လိုအပ်သည့် အခြေအနေပေါ်လိုက်၍ လုံခြုံရေး အနေအထားများ တိုးမြှင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: December . 27 .2013
မြန်မာ့သမိုင်းဝင် နေရာတစ်ခုဖြစ်သော မန္တလေးတိုင်းဒေသကြီး ဂေါဝိန် ဆိပ်ကမ်း၌ ညအိပ် ကမ်းကပ်လျက်
ရှိသော ကုန်တင်နှင့် လူစီးသင်္ဘောများကို အကြမ်းဖက်သည့် ဓားပြတိုက်သည့်ပုံစံဖြင့် ခိုးမှု၊ လုယက်မှုများ ပို
မိုဆိုးဝါးလာကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်တပ်ကို အကူအညီတောင်းမည်ဟု ထိုင်းအစိုးရ ပြောကြား

Photo

RangonNewsDaily:: December . 27 .2013
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့အဓိကရုဏ်းများအတွင်း လူ ၂ ဦးသေဆုံးကာ အခြား လူ ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် ထိုင်းအစိုးရက ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

မော်စီတုန်း နှစ် (၁၂၀) ပြည့်မွေးနေ့ပွဲ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ အကုန်အကျခံ၍ တရုတ်ကျင်းပ

Photo: မော်စီတုန်း နှစ် (၁၂၀) ပြည့်မွေးနေ့ပွဲ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ အကုန်အကျခံ၍ တရုတ်ကျင်းပ
Friday, December 27, 2013

တရုတ်အာဏာပိုင်များသည် တိုင်းပြည်၏ သမိုင်းဝင် ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သော မော်စီတုန်း၏ နှစ် (၁၂၀) ပြည့် မွေးနေ့ပွဲကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် အကုန် အကျခံ၍ ကျင်းပခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

တရုတ်အာဏာပိုင်များသည် တရုတ် ကွန်မြူနစ်ပါတီကို စတင်တည်ထောင်ခဲ့သည့် ဥက္ကဋ္ဌမော်၏ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျရောက်သော နှစ် (၁၂၀) ပြည့်မွေးနေ့ပွဲကို ၎င်း၏ ဇာတိဖြစ်သော ဟူနန်ပြည်နယ် ရှောင်ရှန်းမြို့တွင် ခမ်းခမ်းနားနား ကျင်းပပြီး ဂုဏ်ပြုခဲ့သည်။

ထိုအထိမ်းအမှတ် မွေးနေ့ပွဲကို တရုတ်နိုင်ငံ အနှံ့အပြားမှ ပြည်သူ အများအပြား ပါဝင် ဆင်နွှဲကြသော်လည်း ကွန်မြူနစ် ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် မော်စီတုန်း၏ မွေးနေ့ပွဲကို ထိုကဲ့သို့ ငွေကြေးများစွာ အကုန်အကျခံ၍ ကျင်းပခြင်းမှာ သင့်လျော်ခြင်း မရှိဘဲ ထိုငွေများကို အခြား လိုအပ်နေသည့် နေရာများတွင် သုံးစွဲသင့်သည်ဟု ဝေဖန်သူများလည်း ရှိသည်။

“နှစ်စဉ်နှစ်တိုင်း ဥက္ကဋ္ဌမော်ရဲ့ မွေးနေ့ ကျရောက်တဲ့နေ့မှာ ကျွန်တော်တို့ရဲ့ သူ့အပေါ်ထားရှိတဲ့ လေးစားမှုကို ထုတ်ဖော် ပြသလေ့ ရှိပါတယ်။ နှစ်သစ်ကူးပွဲတော်ရဲ့ ပထမဆုံး နေ့မှာတောင် ကျွန်တော်တို့ရဲ့ ဆိုင်ရာဘိုးဘွားတွေကို မကန်တော့မီ ပထမဆုံး ဥက္ကဋ္ဌမော်ကို ကန်တော့လေ့ ရှိပါတယ်။ ကျွန်တော်တို့ သူ့ကိုဘယ်လောက် ကြည်ညို လေးစားတယ်ဆိုတာ အဲဒါကို ကြည့်ရင် သိနိုင်ပါတယ်” ဟု မော်စီတုန်းရှချန်ဟု အမည်ရသည့် ရှောင်ရှန်းမြို့သား တစ်ဦးက ပြောကြားသည်။

မော်စီတုန်း၏ မွေးနေ့ပွဲသို့ တက်ရောက် လာကြသူများသည် မော်စီတုန်း ရင်ပြင်ရှိ ဥက္ကဋ္ဌမော်၏ ရုပ်တုရှေ့တွင် သုံးကြိမ် ဦးညွတ်၍ ဂါရဝ ပြုခဲ့ကြပြီး မော်စီတုန်းက သူတို့၏ လိုအင်ဆန္ဒများ ပြည့်ဝအောင် ဖြည့်ဆည်း ပေးလိမ့်မည်ဟု ယုံကြည်ကြသူ များလည်း ရှိသည်။

ဟူနန်ပြည်နယ် အစိုးရသည် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန်အတွက် ဥက္ကဋ္ဌမော်၏ နှစ် (၁၂၀) ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ် အခမ်းအနားကို ယခုကဲ့သို့ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် အကုန်အကျခံ၍ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ထိုကုန်ကျစရိတ်ထဲတွင် ကမ္ဘာလှည့် ခရီးသွား စင်တာတစ်ခု ပြန်လည် ပြင်ဆင်သည့် ကုန်ကျစရိတ်နှင့် ဥက္ကဋ္ဌမော်၏ နေအိမ်အဟောင်းကို ပြုပြင်ထိမ်းသိမ်းသည့် စရိတ်တို့လည်း ပါဝင်လျက် ရှိသည်။

ထို့ပြင် ဥက္ကဋ္ဌမော်၏ ဇာတိမြို့ကို လာရောက် လည်ပတ်သူ ပိုမိုများပြား လာစေရန်အတွက် အမြန်လမ်းမများနှင့် အမြန်ရထားလမ်း များကိုလည်း ဖောက်လုပ်လျက် ရှိသည်။

ထိုကဲ့သို့ လုပ်ဆောင်မှု များကြောင့် ခရီးသွားဧည့်သည် အများအပြား ဝင်ရောက် လာသော်လည်း စီးပွားရေး အခြေအနေမှာမူ သမ္မတ ရှီကျင့်ဖျင်၏ ခြိုးခြံချွေတာရေး မူဝါဒကြောင့် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းလျက် ရှိသည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားသည်။

လေ့လာသူများကမူ မော်စီတုန်းအပေါ် ကြည်ညို လေးစားမှုကို အမှန်တကယ် ဖော်ပြလိုလျှင် ယခုကဲ့သို့ ငွေကြေးများစွာ ကုန်ကျသည့် အခမ်းအနားမျိုး မကျင်းပဘဲ ခြိုးခြံချွေတာရေး လမ်းစဉ်ကို အားပေးသည့် လုပ်ဆောင်ချက် များကိုသာ ပြန်လည် လုပ်ဆောင်သင့်သည်ဟု သုံးသပ် ပြောကြားခဲ့သည်။

The Voice Weekly

RangonNewsDaily:: December . 27 .2013
တရုတ်အာဏာပိုင်များသည် တိုင်းပြည်၏ သမိုင်းဝင် ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သော မော်စီတုန်း၏
နှစ် (၁၂၀) ပြည့် မွေးနေ့ပွဲကိုအမေရိကန်ဒေါ်လာ၂ ဒသမ ၅ ဘီလီယံကျော် အကုန် အကျခံ၍ ကျင်းပခဲ့သည်
ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ခေတ်သစ်ပြည်သူ့ပါတီက ၂၀၁၅တွင် မဲဆန္ဒနယ် ၁၀ဝကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဟုဆို

RangonNewsDaily:: December . 27 .2013
၂၀၁၅ ရွေးကောက်ပွဲ တွင်ခေတ်သစ် ပြည်သူ့ပါတီက မဲဆန္ဒနယ် ၁၀၀ ကျော် ဝင်ရောက် အရွေးချယ် ခံမည်

ဖြစ်ကြောင်းသိရသည်။ပါတီကိုယ်စားပြုကိုယ်စား လှယ်လောင်းများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီတွင် ရွေးချယ်
သတ် မှတ်မည်ဖြစ်ကြောင်း ယင်းပါ တီမှသိရသည်။ ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဋ္ဌဦးထွန်းအောင်ကျော်က ''အနည်းဆုံးနေရာ၁၀၀ဝင်ပြိုင်မယ်။တိုင်းဒေသကြီးရော၊ ပြည်သူ့လွှတ်တော်ရော အမျိုး သားလွှတ်တော်ရော
ဝင်ဖို့လျာ ထားထားတယ်'' ဟု ပြောသည်။

DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် ရန်ကုန်တွင် ကင်ဆာရောဂါ လာရောက်ကုသ

Photo: DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် ရန်ကုန်တွင် ကင်ဆာရောဂါ လာရောက်ကုသ
Thursday, December 26, 2013

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံဆေးရုံတွင် ကင်ဆာရောဂါ ဆေးကုသမှု ခံယူနေကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) မှ ဦးလှမောင်ရွှေက ပြောကြားသည်။

ဗိုလ်ချုပ် စောလားပွယ်သည် ကင်ဆာရောဂါ ကုသရန်အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြည်တွင်းသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“ဆေးရုံကို ရောက်နေတာ နှစ်ရက်လောက်ရှိပြီ။ ကင်ဆာလို့ပဲ သိပါတယ်။ အသေးစိတ်ကို မသိသေးပါဘူး” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ဗိုလ်ချုပ် စောလားပွယ်၏ ကင်ဆာရောဂါကို ပြည်ပသို့ သွားရောက် ကုသရန် လိုအပ်သဖြင့် အစိုးရက နိုင်ငံကူး လက်မှတ် ပြုလုပ်ပေးနေကြောင်း MPC ထံမှ သိရသည်။

ဗိုလ်ချုပ် စောလားပွယ်၏ ရောဂါကို ပြည်ပသို့ သွားရောက် ကုသရန် အစိုးရ အကူအညီ လိုအပ်သောကြောင့် ပြည်တွင်းရှိ ဆေးရုံသို့ တက်ရောက် ကုသခြင်း ဖြစ်ကြောင်း DKBA အဖွဲ့မှ ဗိုလ်မှူးကြီး စောဆန်းအောင်က ဆိုသည်။
“ကင်ဆာအကျိတ် ဖြစ်နေတာ ကြာပါပြီ။ အခုမှ ပြည်ပသွားကုဖို့ လုပ်တာပါ။ ဂျပန်နဲ့ စင်ကာပူ တစ်ခုခုကို သွားကုမှာပါ” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ် စောလားပွယ်မှာ ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး KNU မှ ခွဲထွက်၍ DKBA ကို ဦးဆောင် တည်ထောင်ခဲ့သူ ဖြစ်သည်။
DKBA နှင့် အစိုးရတို့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားသော်လည်း အစိုးရက နယ်ခြားစောင့် တပ်အဖြစ် ထားရှိမှုကို လက်မခံကြောင်း ငြင်းဆိုထားသည်။

The Voice Weekly

RangonNewsDaily:: December . 27 .2013
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေး
သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံဆေးရုံတွင် ကင်ဆာရောဂါ ဆေးကု
သမှု ခံယူနေကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) မှ ဦးလှမောင်ရွှေက ပြောကြားသည်။

ဂျပန်စက်ရုပ် အာကာသယာဉ်မှူး Kirobo နှင့် လူသားအာကာသယာဉ်မှူးတို့ ပထမဆုံးအကြိမ် စကားပြော

RangonNewsDaily:: December . 27 .2013
ကမ္ဘာ့ပထမဆုံး Kirobo အမည်ရှိ စက်ရုပ်အာကာသယာဉ်မှူး သည် နိုင်ငံတကာ အာကာသစခန်း ISS မှ အာ

ကာသယာဉ်မှူးတစ်ဦးနှင့် စတင်စကားပြောပြီ ဖြစ်သည်။ ထိုသို့စက်ရုပ်အာကာသယာဉ်မှူးမှ စကားပြောခြင်း
သည် ပထမဦးဆုံးဖြစ်ကြောင်း ISS က ပြောကြား လိုက်သည်။ ၎င်းစက်ရုပ်အာကာသယာဉ်မှူး၏ မှတ်ဥာဏ်
သည် လူသားဆန်သည့်မှတ်ဉဏ်မျိုးပါရှိသည်။ ခရုပမာဏ အရွယ် android ကိရိယာတစ်မျိုး တပ်ဆင်ထားပြီး ၎င်းစက်ရုပ်သည် လူသားအား မည်သို့တုံ့ပြန်ပြော ဆိုရမည်ကို သိရှိနိုင်သည်။

အမျိုးသမီး ဘောလုံးအသင်းကို မြန်မာဘောလုံး အားပေးသူများက ဂုဏ်ပြုမည်

Photo: အမျိုးသမီး ဘောလုံးအသင်းကို မြန်မာဘောလုံး အားပေးသူများက ဂုဏ်ပြုမည်
Thursday, December 26, 2013

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ကြေးတံဆိပ်သာ ရခဲ့သော်လည်း ပရိသတ်အားပေးမှု အပြည့်အဝ ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းကို ဂုဏ်ပြုသည့် အခမ်းအနား ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန် မြို့တော်ရှိ Sakura တာဝါ၌ ပြုလုပ်မည် ဖြစ်ကြောင်း MFFC (မြန်မာ ဘောလုံးအသင်း အားပေးသူများ အဖွဲ့) ၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း အနေနှင့် ရွှေတံဆိပ် မရရှိ ခဲ့သော်လည်း မြန်မာနိုင်ငံ ဒေသအနှံ့ရှိ ပရိသတ်များ အတွက် အစွမ်းကုန်ကြိုးစား ကစားခဲ့ကြ၍ ယင်းသို့ ဂုဏ်ပြု ချီးမြှင့်ခြင်း ဖြစ်သည်ဟု ၄င်းကဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အပါအဝင် ကုမ္ပဏီအချို့ က ဆုကြေးငွေ ကျပ် ၁၄၉၃ သိန်း ချီးမြှင့်ထား ခဲ့ပြီး ကစားသမား တစ်ဦးချင်းစီ ကိုလည်း မြန်မာအသင်းအားပေးသူ ပရိသတ်များ အဖွဲ့ က တစ်ဦးချင်းဆုများ ချီးမြှင့်ခဲ့ကြောင်း မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက ပြောကြား သည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် SEA Games ပြိုင်ပွဲတွင် ထိုင်းအသင်းကို အကြိုဗိုလ်လုပွဲ၌ နောက်ဆုံး မိနစ်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကာ ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပြီး တတိယလုပွဲတွင် မလေးရှားအသင်းကို ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ တတိယဆု ရရှိခဲ့သည်။

The Voice Weekly

RangonNewsDaily:: December . 27 .2013
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ကြေးတံဆိပ်သာ ရခဲ့သော်လည်း ပရိသတ်အားပေးမှု အပြည့်အ
ဝ ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းကို ဂုဏ်ပြုသည့် အခမ်းအနား ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန် မြို့တော်ရှိ Sakura တာဝါ၌ ပြုလုပ်မည် ဖြစ်ကြောင်း MFFC (မြန်မာ ဘော
လုံးအသင်း အားပေးသူများ အဖွဲ့) ၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

" ကျန်းမာရေးအတွက် Gym နဲ့ ယောဂလေ့ကျင့် ခန်းများကို ပုံမှန်ကစားဖြစ်တဲ့ ဝတ်မှုန်ရွှေရည် "

Photo: " ကျန်းမာရေးအတွက် Gym နဲ့ ယောဂလေ့ကျင့် ခန်းများကို ပုံမှန်ကစားဖြစ်တဲ့ ဝတ်မှုန်ရွှေရည် "
Thursday, December 26, 2013

ဝတ်မှုန်ရွှေရည်က Gym နဲ့ ယောဂလေ့ကျင့် ခန်းများကို ပုံမှန် ကစား ဖြစ်ပြီး အားကစား လုပ် ခြင်းက စိတ်ဖိစီးမှုတွေကို ပျောက်စေတယ်လို့ ပြောပါတယ်။ “အား ကစား လုပ်တာက စိတ် ဖိစီးမှုတွေ ပျောက် တယ်။ အားကစား လုပ်ပြီးရင် အစားအသောက်လည်း ထိန်းဖြစ်တယ်။ တစ် ပတ်မှာGym က ၃ ရက်၊ ၄ရက်လောက် ဆော့ဖြစ် တယ်။ ယောဂက တစ်ပတ်မှာ ၁ရက်၊၂ရက် လောက်လုပ်ဖြစ်တယ်။ တင်း နစ်က အရင်တုန်းက ရိုက်ဖြစ် တယ်။ အခုနောက်ပိုင်းတော့ မရိုက်ဖြစ်တော့ဘူး။ တင်းနစ်ရိုက်ပြီး ရင်တအားပင် ပန်းလို့ မရိုက်ဖြစ်တော့တာပါ။ အားကစားကို လူတိုင်း အချိန်ပေးပြီး လုပ်သင့်ပါတယ်။ အမြဲတမ်းလေ့ကျင့်ခန်းလုပ်တော့ လူလည်း ကျန်းမာတယ်” လို့ အား ကစားလုပ်လို့ရတဲ့ အကျိုးကျေးဇူးတွေ ကို ပြောပြပါတယ်။ 

ဝတ်မှုန်ရွှေရည်ကကားရိုက် တွေ ဆက်တိုက်ရှိနေပေမယ့်လည်း ပုံမှန်အနေနဲ့ တစ်လကို တစ်ရက်၊ နှစ်ရက်ေ လာက်တော့ နား ဖြစ်ကြောင်း ပြောပါတယ်။ “နားရက်ကိုလည်း ထား ထားပါတယ်။ ကျန်းမာရေးကိုတော့ အဓိက အားဖြင့် အစားအသောက်၊ အနေအထိုင်ကို အဓိကဂရု စိုက်ဖြစ် တယ်။ ကျန်းမာစေတဲ့ အစားအသောက်ကို အဓိက ဦးစားပေးပြီး စားဖြစ်တယ်။ အသီးအရွက်ကို ပိုပြီး စားတယ်။ ပြီးတော့ လေ့ကျင့်ခန်းကို အချိန်ရရင် ရသလို ပုံမှန်လေးကစားဖြစ်တယ်။ ကျန်း မာရေးကို အဲဒီလိုပဲ ဂရုစိုက်ဖြစ်တယ်။ ကစ် တအားအလုပ်ပင် ပန်းလာရင် အိမ်မှာပဲအနားယူလိုက်တယ်။ တစ်ယောက်တည်းနေတာ ပဲ ဖြစ်ဖြစ်၊ ရုပ်ရှင် ကြည့်လိုက်တာပဲဖြစ် ဖြစ်စိတ်ကိုအပန်းဖြေဖြစ်တယ်။ ပြီး တော့ စာအုပ်ဖတ် ဖြစ်တယ်။ မိသားစုကို အချိန်ပေးဖြစ်တယ်။ ဒါပေမဲ့ အမြဲတမ်းလိုလိုတော့ မပေးဖြစ်ပါဘူး။ 

ကိုယ်အလုပ်မရှိတဲ့ရက်၊ညဘက်ပိုင်းလေးပဲဖြစ်ဖြစ် အချိန် ပေးဖြစ်တယ်” လို့ ရှုတင်နားရက်မှာ အနားယူဖြစ်တဲ့အကြောင်းကို ဝတ်မှုန် ရွှေရည်က ပြောပြ ပါတယ်။ အခု လက်ရှိအချိန်မှာတော့ အနုပညာ အလုပ်ကိုပဲ ဝါသနာပါသလို တခြား စီးပွားရေးအလုပ်တွေနဲ့ပတ်သက် ပြီး တော့လည်း စိတ်ဝင်စားကြောင်း၊ သူ့အနေနဲ့ အနုပညာနဲ့ပတ်သက်တဲ့ လုပ်ငန်းလေးတွေကို ပိုပြီးစိတ်ဝင်စားကြောင်း၊ အဓိကလုပ်ဖြစ်နေတာက ဒီအနုပညာအလုပ်တစ်ခုပဲဖြစ်ကြောင်း ဝတ်မှုန်ရွှေရည်က ပြောပါ တယ်။

ခိုင်ဝေလွင်၊ လွင်လွင်ထွန်း၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal

RangonNewsDaily:: December . 27 .2013
ဝတ်မှုန်ရွှေရည်က Gym နဲ့ ယောဂလေ့ကျင့် ခန်းများကို ပုံမှန် ကစား ဖြစ်ပြီး အားကစား လုပ် ခြင်းက စိတ်ဖိ
စီးမှုတွေကို ပျောက်စေတယ်လို့ ပြောပါတယ်။ “အား ကစား လုပ်တာက စိတ် ဖိစီးမှုတွေ ပျောက် တယ်။ အား
ကစား လုပ်ပြီးရင် အစားအသောက်လည်း ထိန်းဖြစ်တယ်။

SeaGame မှာကှုညီထားတာတွေ ကျေဇူးဆပ်ဖို့ပြောပြီ.မြန်မာအစိုးရ မှန်ကန်စွာဆုံးဖြတ်ဖို့ တရုတ်ကုမ္ပဏီ ပြော

Photo: မြန်မာအစိုးရ မှန်ကန်စွာဆုံးဖြတ်ဖို့ တရုတ်ကုမ္ပဏီ ပြော
Thursday, December 26, 2013

ဧရာဝတီ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံက ACHC ကုမ္ပဏီ တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ တရုတ် ACHC ဥက္ကဋ္ဌ Mr . Li Guanghua က မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဘာသာပြန်ကတဆင့် အခုလိုပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရသက်တမ်း ၅ နှစ်အတွင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားကြောင်း ကြေညာထားခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ အခုလို ကြိုးစားနေတာလားလို့ သတင်းထောက်တွေကမေးမြန်းရာမှာ ပြည်သူတွေကို မှန်မှန်ကန်ကန် ချပြသွားမှာဖြစ်သလို အစိုးရရဲ့ဆုံးဖြတ်ချက်နဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့သာ ဖြေကြားခဲ့ပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ၊ ကျားဖြူပါတီ စတဲ့ပါတီတွေက ဖိတ်ကြားထားသူတွေလည်း တက်ရောက်ကြပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ NLD ပါတီကပုဂ္ဂိုလ်တွေက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေရဲ့ သဘောထား အရေးကြီးကြောင်းနဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးနှစ်ခုကို ထိန်းညှိလုပ်ဆောင်သွားနိုင်ရေး အရေးကြီးကြောင်း RFA ကို ပြောပါတယ်။

RFA

RangonNewsDaily:: December . 27 .2013
ဧရာဝတီ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်မယ်လို့
မျှော်လင့်ကြောင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံက ACHC ကုမ္ပဏီ တာဝန်ရှိ
သူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မလေးရှားမှာ မြန်မာတချို့ အန္တရာယ်ကျရောက်

Photo: မလေးရှားမှာ မြန်မာတချို့ အန္တရာယ်ကျရောက် 
Friday, December 27, 2013

မလေးရှားနိုင်ငံ SABAH SARAWAK (ဆာဘား ဆာရာဝပ်) ပြည်နယ်မှာရှိတဲ့ Shin Yang Shipyard SDN. BHD သဘောင်္ကျင်းစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတစ်ဦးနဲ့ အင်ဒိုနီးရှားနှစ်ဦး စကားများရာကနေ ပြဿနာစတင်ဖြစ်ပွားခဲ့ပြီး အခုချိန်အထိ အကူအညီမရကြသေးဘူးလို့ ပြောပါတယ်။ အသေးစိတ်ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြပေးထားပါတယ်။

မလေးရှားနဲ့ ဘရူနိုင်းနယ်စပ်မှာရှိတဲ့ ဆာဘားဆာရာဝပ်ပြည်နယ်က သဘောင်္ကျင်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ မြန်မာလူမျိုးတစ်ဦးနဲ့ အင်ဒိုနီးရှားလူမျိုးနှစ်ဦးတို့ စကားများရာကနေ စခဲ့တဲ့ ပြဿနာကြောင့် ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ပုန်းအောင်း နေထိုင်နေကြရတာပါ။ သူတို့ရဲ့ နေထိုင်မှုဟာ လုံခြုံမှုမရှိသလို အကူအညီပေးမယ့်သူတွေလည်း မရှိတဲ့အကြောင်း မြန်မာနိုင်ငံသားတစ်ဦးက ပြောပြပါတယ်။

“အခုထိတော့ ရုံးဘေးနားက ဂိုဒေါင်ထဲမှာ နေနေရတယ်လေ။ အခုအချိန်အထိတော့ ဘာမှ သတင်းမထူးသေးဘူး။ ဌာနဆိုင်ရာ အတော်များများကိုတော့ အကူအညီတောင်းထားတာရှိတယ်။ ရာကျော်- တရာ့လေးငါးဆယ်လောက်တော့ရှိမယ်။ မြန်မာတွေက ဆယ်ယောက် ကျော်ကျော်လေးပဲရှိတာ ကျန်တဲ့လူတွေက အလုပ်တွေ ဆင်းနေကြတယ်။ ညပိုင်း OT ဆင်းနေကြတာဆိုတော့ အဆောင်မှာက ဆယ့်လေးငါးယောက်လောက်ပဲ ရှိတာ။ အဆောင်မှာ နေလို့မရဘူးလေ။ အဆောင်မှာကျတော့ အင်ဒိုတွေချည့်ပဲဆိုတော့ အကုန်လုံးလိုက်ကြည့်မယ်ဆိုရင် ထောင့်လေးငါးရာလောက်တော့ ရှိမယ်။ ဗမာက ၉၇ ယောက်ထဲလေ။ အဲဒါနဲ့ အကုန်လုံးမနေရဲကြတော့ ရုံးဘေးနားက ဂိုဒေါင်ထဲမှာ လာပြီးတော့ နေနေရတယ်။ အခု ၉၇ ယောက်လုံး စက်ရုံဘေးနားက ဂိုဒေါင်ထဲမှာ လာနေတာ။ စက်ရုံဝင်းရဲ့အပြင်ကို တယောက်မှ မထွက်ကြဘူး။ ထွက်တာနဲ့ ဟိုဘက်က အင်ဒိုတွေက ပြောလို့မရဘူးလေ။ အချိန်မရွေးရန်ရှာနိုင်တော့ တစ်ယောက်မှ အပြင်မထွက်ဘူး။”

အကူအညီမဲ့နေတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံကို တရားဝင် နိုင်ငံကူးလက်မှတ်တွေနဲ့ ရောက်လာကြသူတွေ ဖြစ်ပြီး သူတို့ကို အကူအညီပေးဖို့ မြန်မာသံရုံးနဲ့ လူမှုရေးအသင်းအဖွဲ့တွေဆီကို အကူအညီတောင်းခံခဲ့ကြတယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံကို လာရောက်ဖို့ အနည်းဆုံး မြန်မာကျပ်ငွေ ၁၄ သိန်းလောက် အကုန်ခံခဲ့ကြရပြီး ဂဟေဆက်လုပ်ငန်းတွေနဲ့ တခြားအလုပ်ကြမ်းတွေကိုသာ လုပ်ကိုင်ကြရတာ ဖြစ်ပါတယ်။ တချို့က မလေးရှားမှာ အလုပ်လုပ်နေတာ ၂ နှစ်ဝန်းကျင်ရှိနေပြီး အများစုက မကြာသေးခင်လပိုင်းအတွင်းကမှ ရောက်လာကြသူတွေ ဖြစ်ပါတယ်။
သူတို့အနေနဲ့ အသက်အန္တရာယ်ရန်ရှာခံရမှာကို စိုးရိမ်ရတဲ့အတွက် မြန်မာနိုင်ငံကိုပဲ ပြန်ဖို့ ဆုံးဖြတ်ထားကြကြောင်း မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦးက ပြောပါတယ်။

“အကူအညီပေးမယ့်သူကိုပဲ စောင့်နေရတယ် အမရေ၊ စားဖို့သောက်ဖို့တွေလည်း အကုန် ပြတ်သလောက်ဖြစ်နေပြီ။ ကုမ္ပဏီကလည်း မကျွေးဘူးလေ။ ရဲတွေကိုတော့ သွားပြီးတိုင်ချက်ဖွင့်ထားတယ်။ ပြန်ဖို့လုပ်နေကြတဲ့အတွက် တစ်ယောက်မှတော့ အလုပ်မဆင်းကြဘူး။ အင်ဒိုတွေကြားထဲ အလုပ်လုပ်ရမှာဆိုတော့ တစ်ယောက်မှ အလုပ်မဆင်းကြဘူး။ သူတို့ကတော့ အကုန်လုံးပြန်ဆင်းခိုင်းတယ်။ ဒါပေမယ့် ဒီကလူတွေကလည်း အကုန်လုံးမဆင်းကြဘူးလေ။ ဆင်းမယ်ဆိုရင် ပြန်ဖို့ကိစ္စက မလွယ်တော့ဘူး။ အဲဒါကြောင့် အကုန်လုံးမဆင်းဘဲနဲ့ ၉၇ ယောက်လုံး တညီတညွတ် အတူတူ နေနေကြတယ်။”

ဆာဘား၊ ဆာရာဝပ်ပြည်နယ်ဟာ မလေးရှားနိုင်ငံရဲ့ နယ်စပ်မှာရှိနေပြီး မလေးရှားနိုင်ငံရဲ့မြို့တော် ကွာလာလာမ်ပူနဲ့ ခရီးကွာဝေးတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေနောက်ပိုင်း မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် အန္တရာယ်တွေ ပိုများ လာနေတာပါ။ မကြာသေးခင်တုန်းကလည်း မလေးရှားနိုင်ငံမှာ မြန်မာလူမျိုးတွ သတ်ဖြတ်ခံခဲ့ရမှုတွေ ရှိခဲ့သလို နေရပ်ရင်းကို ပြန်ကြသူတွေလည်း အများအပြားရှိခဲ့တာပါ။ အခု မြန်မာနိုင်ငံသားတွေရင်ဆိုင်နေရတဲ့ အန္တရာယ်နဲ့ မလုံမခြုံဖြစ်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာသံရုံးကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြန်မာသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ မလေးရှားမှာရှိတဲ့ မြန်မာအလုပ်သမား သံအရာရှိ ဦးစိုးဝင်းနဲ့ မလေးရှားမှာရှိတဲ့ အလုပ်သမားတွေကို ပို့ဆောင်ခဲ့တဲ့ အေဂျင်စီက တာဝန်ရှိသူတွေဟာ မနက်ဖြန် ကွာလာလာမ်ပူကနေ အလုပ်သမားတွေရှိတဲ့ နေရာကို သွားမှာဖြစ်ပြီး ရန်ကုန်မှာရှိတဲ့ အာဘာဖီ ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၂ ခုကလည်း မနက်ဖြန်သွားမှာ ဖြစ်ကြောင်း၊ အဲဒီအခါကျမှ အလုပ်သမားတွေရဲ့ အခြေအနေကို သေချာ မေးမြန်းရမှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ 

VOA

RangonNewsDaily:: December . 27 .2013
မလေးရှားနိုင်ငံ SABAH SARAWAK (ဆာဘား ဆာရာဝပ်) ပြည်နယ်မှာရှိတဲ့ Shin Yang Shipyard SDN. BHDသဘောင်္ကျင်းစက်ရုံမှာအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတစ်ဦးနဲ့ အင်ဒိုနီးရှားနှစ်ဦး စကားများ
ရာကနေ ပြဿနာစတင်ဖြစ်ပွားခဲ့ပြီး အခုချိန်အထိ အကူအညီမရကြသေးဘူးလို့ ပြောပါတယ်။

တွံတေးမြို့နယ်တွင် လင်မယားနှစ်ဦးအား သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှု အဓိက ဦးဆောင်သူကို မြ၀တီမြို့၌ ဖမ်းဆီးရမိ

Photo: တွံတေးမြို့နယ်တွင် လင်မယားနှစ်ဦးအား သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှု အဓိက ဦးဆောင်သူကို မြ၀တီမြို့၌ ဖမ်းဆီးရမိ
Friday, December 27, 2013

ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်တွင် နိုဝင်ဘာအတွင်းက လင်မယားနှစ်ဦးအား ငွေကျပ် သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှုတွင် အဓိကကျူးလွန်သူ ကထီး (ခ) သူရဇော်ဦး ဆိုသူကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ပြန်ပေးဆွဲမှုတွင် အဓိကဦးဆောင်သူ ဖြစ်သည့် ကထီး (ခ) သူရဇော်ဦးကို မြ၀တီမြို့နယ်၌ ဒီဇင်ဘာ ၂၅ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယခင်ဦးစွာ ဖမ်းမိထားသူ သုံးဦးဖြစ်သည့် စိုးမင်းဦး (ခ) သံပါးစပ်၊ သက်ကိုနှင့် ကျော်မြင့်တို့ကို ဒီဇင်ဘာ ၂၆ ရက်တွင် သန်လျင်မြို့နယ် တရားရုံးသို့ ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကျူးလွန်သူများအနက် ကျော်ဝင်းစိန် (ခ) ကျင်စိမ်းနှင့် စိုးမင်းဦး (ခ) သံပါးစပ် ဆိုသူမှာ ရဲဘက်ပြေးများဖြစ်ပြီး စိုးမင်းဦးမှာ ထောင်ဒဏ် ၁၇ နှစ်ကျခံပြီး ရဲဘက်စခန်းမှ ထွက်ပြေးခဲ့သူဖြစ်ကာ ကျော်ဝင်းစိန်သည်လည်း ထောင်ဒဏ် ၆၄ နှစ်ကျခံပြီး ရဲဘက်စခန်းမှ ထွက်ပြေးခဲ့သူဖြစ်သည်။
ပြန်ပေးဆွဲမှု ဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းက တွံတေးမြို့နယ် ဘုရားကြီးကျေးရွာတွင် နေထိုင်သည့် ကိုကျော်မင်းဦးနှင့် ဇနီးဖြစ်သူ မမိုးမိုးအေးတို့သည် မယားညီအစ်ကို ဖြစ်သူ၏ ရုံးချိန်းသို့ သွားရောက်ရန်အတွက် ဒလမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် လမ်းတစ်ဝက်၌ အမည်မသိ အမျိုးသား သုံးဦးက ဆိုင်ကယ်အားတားပြီး ကိုကျော်မင်းဦး၏ မျက်နှာအား ခါးပတ်ဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ခါးပတ်ဖြင့် ရိုက်သဖြင့် ဆိုင်ကယ်လဲကျသွားစဉ် အဆိုပါ အမျိုးသား သုံးဦးအနက် တစ်ဦးက ဆိုင်ကယ်အား မောင်းယူသွားခဲ့ပြီး ကျန်နှစ်ဦးက ကိုကျော်မင်းဦးနှင့် ဇနီးတို့အား ကြိုးဖြင့်တုပ်နှောင်၍ လမ်းဘေးတွင် ရပ်ထားသည့် ကားပေါ်သို့ ဆွဲတင်ကာ ကိုကျော်မင်းဦး၏ ခယ်မဖြစ်သူ မမိုးမိုးအောင်ထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ငွေကျပ် သိန်း၂၀၀၀ ဖြင့် လာရွေးရန် ပြောဆိုခဲ့သည်။ ထို့နောက် ပြန်ပေးသမားများက နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ကိုကျော်မင်းဦးနှင့် မမိုးမိုးအေးတို့ နှစ်ဦးအား လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် အနီးရှိ ချုံပုတ်ထဲတွင် ထားခဲ့ကာ မမိုးမိုးအေး ၀တ်ဆင်ထားသည့် အလေးချိန် တစ်ကျပ်သားခန့်ရှိသည့် ဆွဲကြိုးတစ်ကုံး အပ်အ၀င် လက်စွပ်၊ နားကပ်တစ်ရံ ဆင်းမ်ကတ်ပါ ဟန်းဆက်တစ်လုံးနှင့် ဆိုင်ကယ်အား လုယူသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်ပေးဆွဲအမှုအား တွံတေးမြို့မရဲစခန်းက (ပ) ၄၀၁ /၁၃၊ ပြစ်မှုပုဒ်မ- ၃၄၇/ ၃၉၄ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး ပြန်ပေးဆွဲသူများကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက အလိုရှိဆုံး တရားခံများအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သည့် ပိတ်စွယ်ကုန်းကျေးရွာ ကားလမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
Eleven Media Group
ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သည့် ပိတ်စွယ်ကုန်းကျေးရွာ ကားလမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
RangonNewsDaily:: December . 27 .2013
ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်တွင် နိုဝင်ဘာအတွင်းက လင်မယားနှစ်ဦးအား ငွေကျပ် သိန်း ၂၀၀၀
ဖြင့် ပြန်ပေးဆွဲမှုတွင် အဓိကကျူးလွန်သူ ကထီး (ခ) သူရဇော်ဦး ဆိုသူကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း တွံတေး
မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောနှစ်စီး ယနေ့တွင် သီလ၀ါနှင့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည်

RangonNewsDaily:: December . 27 .2013
ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောနှစ်စင်း ယနေ့(ဒီဇင်ဘာ ၂၇ရက်နေ့) တွင် သန်လျင်မြို့ရှိ မြန်မာ

အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါနှင့် ရန်ကုန်မြို့ဗိုလ်အောင်ကျော်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည်ဖြစ်
ကြောင်း သတင်းရရှိသည်။သန်လျင်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါ၌ ခရီးသည် ၇၀၀ ခန့်
တင်ဆောင်လာမည့် MS.AZARAMA JOURNEY အပျော်စီးသင်္ဘောသည် လည်းကောင်း၊ ရန်ကုန်မြို့ရှိ ဗိုလ်
အောင်ကျော်ဆိပ်ကမ်း၌ ခရီးသည် ၅၀၀ခန့်တင်ဆောင် လာမည့် MS.VOYAGER အပျော်စီးသင်္ဘောသည် လည်းကောင်း ဆိုက်ကပ်လာမည်ဟု သိရသည်။