Pages

Pages - Menu

Friday, December 27, 2013

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောနှစ်စီး ယနေ့တွင် သီလ၀ါနှင့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည်

RangonNewsDaily:: December . 27 .2013
ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောနှစ်စင်း ယနေ့(ဒီဇင်ဘာ ၂၇ရက်နေ့) တွင် သန်လျင်မြို့ရှိ မြန်မာ

အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါနှင့် ရန်ကုန်မြို့ဗိုလ်အောင်ကျော်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည်ဖြစ်
ကြောင်း သတင်းရရှိသည်။သန်လျင်မြို့ရှိ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါ၌ ခရီးသည် ၇၀၀ ခန့်
တင်ဆောင်လာမည့် MS.AZARAMA JOURNEY အပျော်စီးသင်္ဘောသည် လည်းကောင်း၊ ရန်ကုန်မြို့ရှိ ဗိုလ်
အောင်ကျော်ဆိပ်ကမ်း၌ ခရီးသည် ၅၀၀ခန့်တင်ဆောင် လာမည့် MS.VOYAGER အပျော်စီးသင်္ဘောသည် လည်းကောင်း ဆိုက်ကပ်လာမည်ဟု သိရသည်။
ဒီနှစ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကုန် အထိ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောစုစုပေါင်း ရှစ်စီး မြန်
မာနိုင်ငံကို လာရောက်မှာပါ။ ဒီသင်္ဘောရှစ်စီးမှာ ကမ္ဘာလှည့်ခရီးသည် စုစုပေါင်း ၄၀၀၀ ကျော် ပါဝင်လာခဲ့
တာဖြစ်လို့ ၁၀ နှစ်အတွင်း အပျော်စီးသင်္ဘောနဲ့ ကမ္ဘာလှည့်ခရီးသည်လာရောက်မှု အများဆုံးနှစ်ဖြစ်ပါတယ် . . .
“ ဒီဇင်ဘာ ၂၇ ရက်မှာ သီလ၀ါဆိပ်ကမ်းကို MS.AZARAMA JOURNEY နဲ့၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို MS.VOYAGER အပျော်စီးသင်္ဘောတွေရောက်ရှိလာမှာဖြစ်ပါတယ် ” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာ

ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့ရောက်ရှိမည့် အပျော်စီးသင်္ဘော နှစ်စင်းသည် ယခုနှစ် ၂၀၁၃ ခုနှစ်အတွက် မြန်မာနိုင်ငံသို့ နောက်

ဆုံးလာရောက်သည့်အပျော်စီးသင်္ဘောများဖြစ်ကြောင်းသိရသည်။ထို့ပြင်၂၀၁၃ ခုနှစ်သည် ၁၀ နှစ်တာကာ
လအတွင်း မြန်မာနိုင်ငံသို့ အပျော်စီးသင်္ဘောဖြင့် ကမ္ဘာလှည့်ခရီးသည် အများဆုံးလာရောက်သည့်နှစ်အဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့်ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ကမ္ဘာလှည့်ခရီးသည်တင်အပျော်စီးသင်္ဘောစုစုပေါင်းရှစ်စင်းလာ

ရောက်မည်ဖြစ်ပြီး အဆိုပါသင်္ဘောများတွင် ကမ္ဘာလှည့်ခရီးသည် ၄၀၀၀ ကျော် မြန်မာနိုင်ငံသို့ လာရောက်
လည်ပတ်ခဲ့ကြောင်း သိရသည်။

“ ဒီနှစ်၂၀၁၃ခုနှစ် ဒီဇင်ဘာလကုန်အထိ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောစုစုပေါင်း ရှစ်စင်း
မြန်

မာနိုင်ငံကို လာရောက်မှာပါ။ ဒီသင်္ဘောရှစ်စင်းမှာ ကမ္ဘာလှည့်ခရီးသည် စုစုပေါင်း ၄၀၀၀ကျော် ပါဝင်လာခဲ့
တာဖြစ်လို့ ၁၀ နှစ်အတွင်း အပျော်စီးသင်္ဘောနဲ့ ကမ္ဘာလှည့်ခရီးသည်လာရောက်မှု အများဆုံးနှစ်ဖြစ်ပါတယ် ” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


ထို့ပြင်ရက်ရှည်လာရောက်လည်ပတ်ကြသည့်ကမ္ဘာလှည့်ခရီးသည်များမှာပုဂံ၊ မန္တလေးနှင့် ပြင်ဦးလွင်စသည့်

မြို့များသို့ အလည်အပတ်သွားရောက်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ခရီးသည်တင် အပျော်စီးသင်္ဘောများဖြင့် လာရောက်သည့်ခရီးသည်များမှာ ဥရောပနှင့်အမေ

ရိက၊ ပြင်သစ် စသည့် နိုင်ငံများမှ အများဆုံးဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် ခရီးသည်တင်အပျော်စီးသင်္ဘောများအများဆုံးဆိုက်ကပ်သည့်ဆိပ်ကမ်းမှာသီလ၀ါဆိပ်ကမ်း

ဖြစ်ပြီး၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းနှင့် နန်းသီတာဆိပ်ကမ်းတို့သို့လည်း အပျော်စီးသင်္ဘောများဆိုက်ကပ်ကြ
ကြောင်း သိရသည်။

Eleven Media , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment